ကင်ဂျုံအန်း လက်ဆောင် ခွေး၂ ကောင် ပူတင်နှင့် ပျော်မွေ့နေပြီ ဖြစ်ကြောင်း ကရင်မလင် ပြောကြား
မြောက်ကိုရီးယားနိုင်ငံသို့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်မှ ၁၉ ရက်အထိ တရားဝင် အလည်အပတ်သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက လက်ဆောင် ပေးသည့် ရှားပါးမျိုးစိတ် အမဲလိုက် ခွေး ၂ ကောင်မှာ ယခုအခါ ကျန်းမာ၍ နေသားကျပြီး ပူတင်နှင့် ပျော်မွေ့နေပြီဖြစ်ကြောင်း ကရင်မလင်ပြောခွင့်ရ ဒီမီထရီပက်စကိုဗ်က ပြောကြားလိုက်ပါသည်။
အိန္ဒိယဝန်ကြီးချုပ်နာရင်ဒရာမိုဒီ၏ ၂၀၂၄ ခုနှစ်၊ ဇူလိုင်က သွားရောက်ခဲ့သည့် မော်စကိုခရီးစဉ်အတွင်း ရုရှားခေါင်းဆောင်၏ Novo Ogaryovo နေအိမ် သို့ လာရောက်စဉ်တွင် အဆိုပါခွေးများကို ဗီဒီယိုမှတ်တမ်းထဲတွင် တွေ့မြင်ခဲ့ရပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃
MM-News-Category