သတင်းများ

Hudson မြစ်ထဲ ပျက်ကျသည့် ရဟတ်ယာဉ် လိုက်ပါလာသူ ၆ ဦးလုံး သေဆုံး

ဧပြီ ၁၀ ရက် (ကြာသပတေးနေ့)က အမေရိကန်ပြည်ထောင်စု၊ နယူးယောက် မြို့ရှိ Hudson မြစ်အတွင်း ရဟတ်ယာဉ်တစ်စင်း ပျက်ကျရာ လိုက်ပါ လာသူ ၆ ဦးစလုံး သေဆုံးခဲ့ကြောင်း နယူးယောက် မြို့တော်ဝန် အဲရစ် အဒမ်က အတည်ပြု ပြောကြားလိုက်ပါသည်။

မြို့တော်ဝန်ပြောကြားချက်အရ အဆိုပါလူခြောက်ဦးစလုံးကို ရေထဲမှ ဆယ်ယူနိုင်ခဲ့သော်လည်း တစ်ဦးမျှ အသက်ရှင်ကျန်ရစ်ခြင်း မရှိပေ။ ထို သေဆုံးသူများတွင် ရဟတ်ယာဉ်မောင်းနှင်သူအပါအဝင် အရွယ်ရောက်ပြီး ၃ ဦးနှင့် ကလေး ၃ ဦးတို့ ပါဝင်ကြောင်း သိရပြီး ၎င်းတို့မှာ စပိန်နိုင်ငံမှ ခရီးသွားမိသားစုများဖြစ်ကြောင်း သိရပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

နေပြည်တော် ဧပြီ ၁၀

မတ် ၂၈ ရက်တွင် ပြင်းထန်သော မြေငလျင်လှုပ်ခတ်မှုကြောင့် ရထားလမ်းပိုင်းနှင့် တံတားအချို့ပျက်စီးခဲ့မှုများကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် လူအင်အား၊ စက်ယန္တရားအင်အားများဖြင့် ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ပြီး ရန်ကုန် - မန္တလေးရထားလမ်းပိုင်းတွင် လူစီးရထားနှင့် ကုန်ရထားများ၊ ကုန်သေတ္တာရထားများကို ဧပြီ ၅ ရက်မှစ၍ ပြန်လည်ပြေးဆွဲခဲ့ပြီးဖြစ်သည်။ ယခုအခါ ရထားလမ်းပိုင်းပိုမိုတောင့်တင်းကြံ့ခိုင်စေရန်အတွက် ရန်ကုန်-မန္တလေး လမ်းပိုင်းအတွင်းရှိ ရွာပုလဲဘူတာနှင့် ဟံဇားဘူတာကြား၊ ညောင်လွန့်ဘူတာနှင့် မန်ကျည်းပင်ဘူတာကြား၊ ဖြူးဘူတာနှင့် ညောင်ပင်သာဘူတာများအကြားတွင် ကျောက်ဖြည့်ပက်ကင်ရိုက်ခြင်း၊ ကွန်ကရစ်ဇလီဖားတုံးညှိခြင်းများကို All TM စက်ယန္တရားကြီးများဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်လျက် ရှိသည်။

ထို့အတူ ခရီးသွားပြည်သူများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရေးနှင့် ကုန်စည်များ အဆင်ပြေစွာ သယ်ယူပို့ဆောင်ပေးနိုင်ရေး ပျဉ်းမနား - တောင်တွင်းကြီး လမ်းပိုင်းတွင် အမှတ် (၁၀၃) အဆန်/အမှတ် (၁၀၄) အစုန် ပျဉ်းမနား - တောင်တွင်းကြီး - ပျဉ်းမနား လူစီးကုန်တင် ရထားများအား ဧပြီ ၁၀ ရက်မှစ၍ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးလျက်ရှိရာ အမှတ် (၁၀၃) အဆန် လူစီးကုန်တင်ရထားသည် ပျဉ်းမနားဘူတာမှ မွန်းလွဲ ၂ နာရီတွင် စတင်ထွက်ခွာ၍ တောင်တွင်းကြီးဘူတာသို့ ည ၈ နာရီတွင်လည်းကောင်း၊ အမှတ် (၁၀၄) အစုန် လူစီးရထားသည် တောင်တွင်းကြီးမှ နောက်နေ့ နံနက် ၅ နာရီတွင် စတင်ထွက်ခွာ၍ ပျဉ်းမနားသို့ နံနက် ၁၁ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။ အဆိုပါရထားတွင် ရိုးရိုးတန်းလူစီးတွဲငါးတွဲနှင့် ဘရိတ်တွဲတစ်တွဲပါဝင်မည်ဖြစ်ပြီး လက်မှတ်ခနှုန်းထားနှင့် လမ်းခရီးတွင် ရပ်နားမည့် ဘူတာများမှာ ယခင်အတိုင်းဖြစ်ကြောင်း သိရှိရသည်။

Source: www.moi.gov.mm

နီပေါနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများ ထပ်မံရောက်ရှိ

နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန် စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတကာမှလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးလျက်ရှိရာ နီပေါနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများ စုစုပေါင်းပစ္စည်းတန်ချိန် ၂၅၄၄၅ ကီလိုဂရမ် တင်ဆောင်လာသော A-330 အမျိုးအစားလေယာဉ်သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ရောက်ရှိကြသည်။

အဆိုပါ ပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး H.E. Mr. Harishchandra Ghimire က လွှဲပြောင်းပေးအပ်လှူဒါန်းရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မင်းသိဏ်းနှင့် တာ၀န်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

Source​: MOI

ယူအေအီးနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိ

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ငလျင်ဒဏ်သင့် ပြည်သူများအတွက် ယူအေအီးနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ တင်ဆောင်လာသည့် Aerostan လေကြောင်း လိုင်းမှ လေယာဉ်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး အဆိုပါလေယာဉ်တွင် မြန်မာနိုင်ငံငလျင်ဘေးဒဏ်သင့်ဒေသများအတွက် လှူဒါန်းသည့် ဆေးဝါးများနှင့် ယာယီတဲများ စုစုပေါင်း ၆၅ ထုပ်၊ ၂၄၈၆၀ kgကို တင်ဆောင်၍ ရောက်ရှိလာသည်။

ဆက်လက်ပြီး ယနေ့မွန်းလွဲပိုင်းတွင် ယူအေအီးနိုင်ငံ UAE Air Force မှ Cargo Flight (ကယ်ဆယ်ရေးပစ္စည်း) တင်ဆောင်လာသည့် လေယာဉ်သည် မြန်မာနိုင်ငံငလျင်ဘေးဒဏ်သင့် ဒေသများအတွက် လှူဒါန်းသည့် အစားအစာများနှင့် ယာယီတဲများ စုစုပေါင်း ၃၆ ထုပ်၊ ၃၃၅၈၂ kg တင်ဆောင်၍ ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းစိုးနှင့် တာဝန်ရှိသူများက လက်ခံကြိုဆိုခဲ့ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ရောက်ရှိလာသည့် ကယ်ဆယ်ရေးပစ္စည်းများကို လိုက်လံကြည့်ရှုပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီး ယူအေအီးနိုင်ငံသို့ ပြန်လည်ထွက်ခွာမည့် ကူညီကယ်ဆယ်ရေးအဖွဲ့တို့အား တွေ့ဆုံနှုတ်ဆက်၍ ကူညီမှုများအပေါ် ကျေးဇူးတင်စကားပြောကြားကာ အမှတ်တရလက်ဆောင်များ ပေးအပ်သည်။

ယင်းသို့ ရောက်ရှိလာသည့် ပစ္စည်းများကို တပ်မတော်သားများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ ပြည်တွင်းကုန်တင်ကုန်ချလုပ်သားများက သက်ဆိုင်ရာ မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်ပြီး ငလျင်ဘေးသင့်ဒေသများသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆက်လက်ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရေအောက်ဒရုန်းမှ ပစ်ခတ်နိုင်တဲ့ ကမ္ဘာ့ပထမဆုံးသော တော်ပီဒို ရေအောက်ထဲမှာ ရေမိုင် ၃၀ အထက် အမြန်နှုန်းနဲ့ သွားနိုင်

အမေရိကန် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုကုမ္ပဏီ တစ်ခုဖြစ်တဲ့ အန်ဒူရေးက တော်ပီဒိုအမျိုးအစား အသစ်တစ်ခုကို ဖန်တီးထုတ်လုပ်လိုက်ပါတယ်။   သူ့ကိုတော့  Copperhead-M လို့အမည်ပေးထားပါတယ်။

အဲဒီတော်ပီဒိုက သမားရိုးကျတော်ပီဒို မဟုတ်ပါဘူး။   ကမ္ဘာ့ပထမဆုံးသော တော်ပီဒိုအမျိုးအစား တစ်မျိုးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် သူ့ကိုရေအောက်သွား ဒရုန်းကနေ ပစ်လွှတ်နိုင်တာကြောင့်ပါ။

သူ့ရဲ့အမြန်နှုန်းကလည်း ရေအောက်ထဲမှာ ရေမိုင် ၃၀ အထက်အမြန်နှုန်းနဲ့ သွားနိုင်တယ်လို့ အန်ဒူရေးကုမ္ပဏီကဆိုပါတယ်။ အဲဒီတော်ပီဒိုကို အာရုံခံကိရိယာများ၊ သံလိုက်လှိုင်းနှုန်းတိုင်း ကိရိယာများကိုပါ တပ်ဆင်နိုင်တဲ့အတွက် တိုက်ခိုက်မှု စစ်ဆင်ရေး တစ်ခုတည်းမှာသာမကဘဲ တခြားလုပ်ငန်းတွေမှာလည်း အသုံးပြုနိုင်ပါတယ်။           

Source: https://myawady.net.mm/

မူလထက် ပိုမိုကောင်းမွန်သည့် အဆောက်အဦများ၊ လမ်းတံတားများ ဖြစ်လာရမည်၊ ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်သည့်မြို့များကို ဖော်ဆောင် ပေးနိုင်ရမည်ဟု မူဝါဒချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌ ပြောကြား

ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် မူလထက် ပိုမိုကောင်းမွန်သည့် အဆောက်အဦများ၊ လမ်းတံတားများ ဖြစ်လာရမည်၊ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်သည့်မြို့များကို ဖော်ဆောင်ပေးနိုင်ရမည်ဟု မူဝါဒချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဧပြီလ ၁၀ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာဝန်ထမ်းများအား တောင်ကြီးမြို့၊ မြို့တော်ခန်းမနှင့် ဟိုပုံးမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစည်းအဝေးခန်းမတို့၌ သီးခြားစီ တွေ့ဆုံ၍ ငလျင်သဘာဝဘေးဒဏ်ဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ များကို ဆွေးနွေးပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အလားတူ မကြာမီကျရောက်တော့မည့် မြန်မာ့ရိုးရာအတာသင်္ကြန်နှင့် ပတ်သက်၍လည်း ယခုနှစ် အတာသင်္ကြန်ကာလကို မြန်မာရိုးရာ အစဉ်အလာ နှင့်အညီ အေးအေးချမ်းချမ်းဖြင့်သာ ဖြတ်သန်းကြစေလိုကြောင်း ပြောကြား ခဲ့သလို လာမည့်ဒီဇင်ဘာလတွင် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အောင်မြင်စွာ ကျင်းပ ပြီးစီးနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန် လိုကြောင်းလည်း မှာကြားခဲ့သည်။ 

ထို့အပြင် ကျန်းမာရေးနှင့်ပတ်သက်၍လည်း မိမိနှင့် မိမိ မိသားစုအတွက် မည်သို့မျှအကျိုးမရှိသည့် ဆေးလိပ်၊ အရက်၊ ကွမ်း သုံးစွဲခြင်းများကို ရှောင်ကြဉ်ကြရန်လိုပြီး မိမိကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းဖြင့် နေထိုင် သွားကြရန်လိုကြောင်းနှင့် မိမိတို့ တစ်ဦးတစ်ယောက်ခြင်းစီ၏ သွားလာ နေထိုင်စားသောက်မှု မဆင်ခြင်ခြင်းများကြောင့် အချိန်မတိုင်မီ မလိုလား အပ်ပဲ အသက်ဆုံးရှုံးရခြင်းများ မဖြစ်စေရေး ကျန်းမာရေး အသိပညာ ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးသွားရန်လိုကြောင်း ပြောကြား သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)သို့ သွားရောက်၍ လည်း ငလျင်ဘေးဒဏ်ကြောင့် ပင်မသုံးထပ်စာသင်ဆောင်နှင့် တောင်၊ မြောက် စာသင်ဆောင်များတွင် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့မှု၊ ကျောင်းသား၊ ကျောင်းသူအဆောင်များ၊ ဝန်ထမ်းအိမ်ရာများတွင် ထိခိုက်ပျက်စီးခဲ့ရမှု များကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ကြည့်ရှုစစ်ဆေးစဥ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပင်မသုံးထပ်စာသင်ဆောင်ကြီးသည် ပညာရှင် များ၏ စစ်ဆေးတွေ့ရှိချက်များအရ ထိခိုက်ပျက်စီးမှု များပြားခဲ့ပြီး အန္တရာယ်ရှိ အဆောက်အဦဖြစ်သဖြင့် စနစ်တကျဖြင့် ဖြိုဖျက်သွားရန် လိုကြောင်း၊ အသစ်ပြန်လည်တည်ဆောက်ရာတွင် အဆောက်အဦ ကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှုကို ဦးစားပေး၍ စနစ်တကျ တွက်ချက် တည်ဆောက် သွားရန်လိုကြောင်း၊ အခြားထိခိုက်ပျက်စီးခဲ့ရသည့် အဆောက်အဦများ ကိုလည်း စနစ်တကျဖြင့် ပြန်လည်ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်းများကိုဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့သည်ဟု သိရသည်။

ကိုးကား- MRTV

ဗြိတိန်နိုင်ငံရှိ ယူကရိန်းနိုင်ငံသား ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့အဖြစ် နေနေရဟုဆို

ဗြိတိန်နိုင်ငံရှိ ယူကရိန်းနိုင်ငံသားထောင်ပေါင်းများစွာမှာ အိုးမဲ့အိမ်မဲ့အဖြစ်နေနေရလျက်ရှိကြောင်း ဗြိတိန်အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထူးသဖြင့် ဗြိတိန်နိုင်ငံရှိပံ့ပိုးပေးသူများနှင့် ယူကရိန်းနိုင်ငံသားတို့ကြားဆက်ဆံရေးပျက်ယွင်းသွားသည့်အတွက် အဆိုပါ နိုင်ငံသား ၁၅၀၀၀ ခန့်မှာ အိမ်ခြေရာမဲ့ ထောက်ပံ့မှုရယူရန် လျှောက်ထားလာခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဗြိတိန်အစိုးရသည် "Homes for Ukraine" အမည်ဖြင့် အစီအစဉ်တစ်ရပ်ကို  အကောင်အထည်ဖော်လျက်ရှိရာ ဇန်နဝါရီလအထိ ထိုအစီအစဉ်တွင်ပါဝင်ခွင့်ရရှိသူ ၁၄၁,၀၀၀ ရှိသည်။

ထိုအစီအစဉ်အရ ယူကရိန်းနိုင်ငံသား တစ်ဦး သို့မဟုတ် မိသားစုတစ်စုကို ခြောက်လတာ တင်ကျွေးထားသူ ဗြိတိန်အိမ်ပိုင်ရှင်များအား တစ်လလျှင် ပေါင် ၃၅၀ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

သို့သော် လက်ရှိအချိန်အထိ အိုးမဲ့အိမ်မဲ့အဖြစ် နေနေရသည့် ယူကရိန်းနိုင်ငံသား အရေအတွက်မှာ ၁၅,၀၀၀ ခန့်ကျန်ရှိနေသေးကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ဗြိတိန် နိုင်ငံ၌ ခိုလှုံခွင့်တောင်းခံသူ စုစုပေါင်းနှစ်သိန်းအထိ ရှိလာပြီဖြစ်ပြီး သီတင်းပတ်တစ်ပတ်လျှင် လူအယောက်  ၄၀၀ ခန့် ဝင်ရောက်လာနေဆဲ ဖြစ်ကြောင်း သိရသည်။

Ref: RT

“ရှင်ကန်ဆန် အနမ်း” - ကမ္ဘာတစ်ဝှမ်းက ရထားဝါသနာရှင်များကို ဆွဲဆောင် နေသော ဂျပန်၏ လူသိမများသေးသည့် အံ့ဖွယ်မြင်ကွင်း

ဂျပန်နိုင်ငံ၏ နာမည်ကျော် ရှင်ကန်ဆန် အမြန်ရထားများတွင် ထူးဆန်း သည့်အလေ့အထတစ်ခုရှိပါသည်။ ထိုအရာမှာ မတူညီသော ရထားလိုင်း နှစ်ခု ဖြတ်သန်းသည့်အခါ ရထားခေါင်းနှစ်ခု ခပ်နီးနီး ဖြတ်သွားသည့် အချိန်တွင် အနမ်းတစ်ခုကဲ့သို့ ထင်ရသော အံ့ဖွယ်မြင်ကွင်းပင် ဖြစ်ပါသည်။

အဆိုပါဖြစ်စဉ်ကို “ရှင်ကန်ဆန် အနမ်း” (Shinkansen Kiss) ဟု ခေါ်ကြ ပြီး နာရာမြို့အနီးမှ အိုဆာကာ- တိုကျိုလိုင်းနှင့် ဆန်ယို ရှင်ကန်ဆန် လိုင်းတို့ ဖြတ်သန်းရာနေရာ၌ အများဆုံးတွေ့ရတတ်ပါသည်။ ရထား နှစ်စီးသည် တစ်စက္ကန့်အတွင်း 300 ကီလိုမီတာအထိ အမြန်နှုန်းနှင့် ဖြတ်သန်းသည့်အခါ မီးမောင်းများ၏ အလင်းရောင်နှင့်အတူ ထူးဆန်းသည့် အလှတရားကို ဖန်တီးပေးပါသည်။

အဆိုပါအံ့ဖွယ်မြင်ကွင်းကို ရှုမြင်ခံစားရန် ကမ္ဘာတစ်ဝှမ်းမှ ရထား ဝါသနာရှင်များသည် ဂျပန်ကို ခရီးထွက်လာကြပြီး အကောင်းဆုံး ဓာတ်ပုံ ရရှိရန် နာရီပေါင်းများစွာ စောင့်ဆိုင်းလေ့ရှိပါသည်။ အဆိုပါဖြစ်စဉ်ကိုတိတိကျကျ မြင်တွေ့နိုင်ရန်အတွက် အချိန်ဇယားနှင့် နေရာများကို အတိအကျ တွက်ချက်ထားရန် လိုအပ်ပါသည်။

တိုကျို၊ ကျိုတိုနှင့် အိုဆာကာမြို့များသို့ ခရီးသွားအများစု သွားရောက် လည်ပတ်လာကြသော်လည်း၊ စွန့်စားလိုသူများအတွက် မြို့တော်မှ မြောက်ဘက်သို့ နာရီအနည်းငယ်သာ ခရီးနှင်ပါက လူထူထပ်မှု နည်းပြီး နှင်းဝေနေသော အသက်ဝင်မီးတောင်တစ်ခု၏ နောက်ခံတွင် ရှားပါး အရသာများကို မြည်းစမ်းနိုင်သည့် မြို့တစ်မြို့ကို တွေ့ရှိနိုင်ပါသည်။

မိုရီအိုကာမြို့သည် ၎င်း၏ အံ့ဖွယ်ခေါက်ဆွဲစားပြိုင်ပွဲနှင့် လူကြိုက်များသော နွေရာသီပွဲတော်များအတွက် အထူးကျော်ကြားသော်လည်း၊ မြို့၏ ရထား ဘူတာတွင် ဂျပန်နိုင်ငံ၏အထူးဆန်းဆုံး အံ့ဖွယ်တစ်ခုက စောင့်ဆိုင်းနေ ပါသည်။

ရထားဝါသနာရှင်များ၏ နှလုံးခုန်နှုန်းကို မြန်စေသည့် အဆိုပါ အံ့ဖွယ် မြင်ကွင်းကို တစ်နေ့လျှင် ၁၇ ကြိမ် တိုင်တိုင် ဖြစ်ပေါ်ပြီး၊ ဘူတာရုံတွင် စောင့်ကြည့်လိုသူများ အမြဲရှိနေတတ်ပါသည်။

ပထမဦးစွာ၊ ကမ္ဘာကျော် ဂျပန်မြန်နှုန်းမြင့်ရထား “Tohoku Shinkansen Hayabusa” (အစိမ်းရင့်ရောင်) သည် ဘူတာသို့ ရောက်ရှိလာပြီး ရပ်နားကာ ခရီးသည်များ ဆင်းသွားကြသည်။ ထို့နောက် တောက်ပသော အနီရောင် “Akita Shinkansen Komachi” ရထားသည် တူညီသော လမ်းကြောင်း ပေါ်မှ တဖြည်းဖြည်း ချဉ်းကပ်လာပါသည်။ နောက်ဆုံးတွင် ကြည့်ရှုနေ သူများ၏ စိတ်လှုပ်ရှားမှု အထွတ်အထိပ်သို့ ရောက်ရှိစေရန် ရထား နှစ်စီး ၏ ခေါင်းပိုင်းများသည် ဖွင့်လာကာ နှာခေါင်းချင်း ထိကပ်လိုက်ပါသည်။

ဤသည်မှာ ဂျပန်နိုင်ငံ၏ အဆင့်မြင့်အင်ဂျင်နီယာနည်းပညာနှင့် အတိအကျ တွက်ချက်ထားသော ရထားအချိန်ဇယားတို့၏ ပူးပေါင်းဖန်တီးမှုကြောင့် ဖြစ်ပေါ်လာသော အံ့ဖွယ်မြင်ကွင်းတစ်ခုဖြစ်ပြီး၊ ကမ္ဘာအရပ်ရပ်မှ ရထား ဝါသနာရှင်များကို ဆွဲဆောင်လျက်ရှိပါသည်။

ကိုးကား-CNN

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ငလျင်ဒဏ်သင့်ဒေသများအတွက် အော်ပရေတာများအားလုံး အခမဲ့ စာတို ပေးပို့မှုကို ဧပြီ ၁၁ ရက်အထိထပ်မံတိုးပေး

ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများဆက်သွယ်မှုအဆင်ပြေစေရန် အခမဲ့စာတိုပေးပို့ ဝန်ဆောင်မှုကိုဆောင်ရွက်ပေးထားရာ ယခုအခါ ဧပြီ ၁၁ ရက်အထိ ထပ်မံတိုးပေးလိုက်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မှ ထုတ်ပြန်ထားသည်။

အဆိုပါ အခမဲ့ဝန်ဆောင်မှုကို မူလက ဧပြီ ၅ ရက် အထိ အော်ပရေတာ များ ကအခမဲ့ဆောင်ရွက်ပေးထားရာ ယခုတွင် MPT၊ ATOM ၊ MYTEL ၊ Ooredooစသည့် အော်ပရေတာများအားလုံးက ငလျင်ဒဏ်သင့်ဒေသ များရှိပြည်သူများဆက်သွယ်မှုအဆင်ပြေစေရန် ယခုကဲ့သို့ထပ်တိုး၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းလည်း သိရသည်။

မတ်လ၂၈ ရက်နေတွင် ပြင်းထန်ငလျင်လှုပ်ခတ်မှုကြောင့်နိုင်ငံတစ်ဝှမ်းရှိ မိုဘိုင်းဆက်သွယ်ရေး စခန်း ၂၆,၀၀၀ ကျော်အနက် ၆,၇၃၀ ကျော်သည် ဆက်သွယ်ရေးပြတ်တောက်မှုဖြစ်ပေါ်ခဲ့ပြီး ပြန်လည်ကောင်းမွန်ရေး ဆောင်ရွက်ခဲ့ရာ ဧပြီ ၆ ရက်အထိစခန်းပေါင်း ၅,၉၀၀ ကျော် ပြုပြင်နိုင်ခဲ့ ကြောင်းသိရသည်။

ကိုးကား-NP News

မန္တလေးငလျင်ကြီးကြောင့် ထွက်ပေါ်လာသော အင်းဝမြို့ရှိ ရေနန်းဆောင်ကြီးကို စနစ်တကျဖော်ထုတ်ထိန်းသွားမည်

မန္တလေးငလျင်ကြီးကြောင့် ထွက်ပေါ်လာသော အင်းဝမြို့ရှိ ရေနန်းဆောင်ကြီးကို စနစ်တကျဖော်ထုတ်ထိန်းသွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက ယနေ့ (ဧပြီလ ၈ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။

ယခုတွေ့ရှိရသည့် အင်းဝမြို့ဟောင်းရှိ ရေနန်းတော်ဟု ယူဆနေကြသော အဆောက်အအုံ၏ တောင်ဘက်ရှိ သရက်ကင်းလှေကား အစိတ်အပိုင်းများကို ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် ဒေသခံများ အုတ်ဖုတ်လုပ်ငန်း ဆောင်ရွက်ရာမှ စတင်တွေ့ရှိခဲ့သဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ထိန်းသိမ်းထားရှိခဲ့ကြောင်း သိရသည်။

ထိုသို့ထိန်းသိမ်းထားရှိခဲ့ရာ မတ်လ ၂၈ ရက်က လှုပ်ခဲ့သော ပြင်းထန်ကြီးမားသည့် မန္တလေးငလျင်ကြီးကြောင့် ယခင်တွေ့ရှိထားသည့် လှေကားခုံနှင့် ဆက်စပ်လျက်ရှိသော ယဉ်ကျေးမှု အမွေအနှစ်များကို အက်ကွဲကြောင်းများကြားမှ ထပ်မံတွေ့ရှိလာရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် ဧပြီလ ၆ရက်မှ စတင်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ မန္တလေးဌာနခွဲက စမ်းသပ်တူးဖော်ခဲ့ရာတွင် အရှေ့ဘက် သရက်ကင်းလှေကား၏ သရက်ကင်းပုံ မြောက်ဘက်လက်တံနှင့် ဆင်ကပ်အုတ်ခုံတို့ကို တူးဖော်တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထို့ပြင် ပန္နက်အုတ်ခုံ အလျား (၁၀ ပေ ၆ လက်မ)၊ အနက် (၃ ပေ ၈ လက်မ)၊ အုတ်ခံထောင့်ချိုး (၂ ပေ ၆ လက်မ)၊ အုတ်ခုံမှ လှေကားအထွက် ခိုနန်းချိုး (၁၈ လက်မ)၊ လက်ရုံးဒေါင့်ချိုး (၈ လက်မ)၊ ခိုနန်းချိုးမှ သရက်ကင်းအဆုံး (၁၁ ပေ ၄ လက်မ)တို့ကို တူးဖော်တွေ့ရှိထားပြီး ဆက်လက်တူးဖော်သုတေသန ပြုလုပ်လျက် ရှိကြောင်း သိရသည်။

လတ်တလော စမ်းသပ်တူးဖော်တွေ့ရှိချက်အရ ပုရပိုက်ပုံဆွဲများတွင် တွေ့ရှိရသည့် ရေနန်းတော်ကဲ့သို့ အဆောက်အအုံများစွာပါဝင်သည့် ကြီးမားသောအဆောက်အအုံမျိုး မဟုတ်ဘဲ အလျား (ပေ ၂၀၀ မှ ၂၅၀ ပေ)နှင့် အနံ (ပေ ၂၀၀ ခန့်) သစ်သားတိုင်များဖြင့် သရက်ကင်းလှေကားခုံကို တွဲဆက်တည်ဆောက်ထားသော အဆောက်အအုံမျိုးဖြစ်နိုင်ကြောင်း သိရသည်။

နီးစပ်ဆုံး နှိုင်းယှဉ်ရာတွင် အင်းဝ ဗားကရာ သစ်သားကျောင်း၊ မန္တလေးမြို့ရှိ ရွှေနန်းတော် ကျောင်းများကဲ့သို့ သရက်ကင်းလှေကား (၈ ခုမှ ၁၀ ခု) အထက်ပါရှိနိုင်သော အဆောက်အအုံမျိုး ဖြစ်နိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက ဆိုသည်။

ရှေးမြန်မာမင်းများ အသုံးပြုခဲ့သည့် ရေနှင့်သက်ဆိုင်သော ပွဲလမ်းသဘင် အခမ်းအနားများ ကျင်းပသည်ကို ကြည့်ရှုရာတွင် အသုံးပြုသည့် အဆောက်အအုံမျိုး ပို၍ ဖြစ်နိုင်ကြောင်းနှင့် ရေနန်းတော်ထက် ရေနန်းဆောင်ဟုသာ သုံးနှုန်းသင့်ကြောင်း သိရသည်။

မြန်မာ့သမိုင်းတွင် ရေနန်းတော်ဟူသည် အုပ်ချုပ်သူဘုရင်မင်းကိုယ်တိုင် ဦးစီး၍ ခေါင်းဆေးမင်္ဂလာပြုခြင်း၊ သင်္ကြန်ခေါ်တော်မူခြင်း၊ အတာရေသဘင်ပွဲဆင်နွဲခြင်းနှင့် ရေခင်းသဘင် ဆင်ယင်ကျင်းပရန်အတွက် အရေးပါသည့် အဆောင်တော်များလည်းဖြစ်ကြောင်း သိရသည်။

အချုပ်အားဖြင့် ပုရပိုက်တွင် ပါရှိသည့် ရေနန်းတော်ကဲ့သို့ ကြီးကျယ်သည့် အဆောင်ခန်းများပါဝင်သည့် အဆာက်အအုံမဖြစ်နိုင်ကြောင်းကို ကနဦးလေ့လာတွေ့ရှိ သုံးသပ်ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များအား အစဉ်တစိုက်တူးဖော်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုငလျင်ကြီးကြောင့် ထွက်ပေါ်လာသည့် အင်းဝခေတ် ယဉ်ကျေးမှု အဆောက်အအုံမွေအနှစ်ကို စနစ်တကျ ဖော်ထုတ် ထိန်းသိမ်းသွားပြီး အများပြည်သူ လေ့လာနိုင်ရန်အတွက် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

အဆိုပါတွေ့ရှိသည့် ရေနန်းဆောင်ကိုထီးသုံး၊ နန်းသုံးအနေဖြင့် ရေနန်းဗိမာန်ဟု ခေါ်ဆိုကြောင်း U Pauk Paukက ဆိုထားသည်။

Source​: NP News