ပါကစ္စတန်နိုင်ငံအတွင်း စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေး အသိပညာ မျှဝေရေးအစီအစဉ် တရုတ် စီစဉ်ပေးမည်

News Image

  • ပါကစ္စတန်နိုင်ငံအတွင်း စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေး အသိပညာ မျှဝေရေးအစီအစဉ် တရုတ် စီစဉ်ပေးမည်

ပါကစ္စတန်နိုင်ငံရှိ စိုက်ပျိုးရေးဘွဲ့ရများသည် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှု ဖြင့်နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်လာပြီဖြစ်ကြောင်း ပါကစ္စတန် ဝန်ကြီးချုပ် Shehbaz Sharif က ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ (ဧပြီ ၁၆ ရက်) တွင် ပြောကြား ခဲ့ပါသည်။ တရုတ်နိုင်ငံသို့ ပထမအသုတ်အဖြစ်စေလွှတ်မည့် ပါကစ္စတန် ကျောင်းသား ၁၀၀၀ သည် စိုက်ပျိုးရေးဆိုင်ရာနည်းလမ်းများ၊ ကျွမ်းကျင်မှု များကို ရရှိလာလိမ့်မည် ဖြစ်ကြောင်း ဝန်ကြီးချုပ် Sharif က ပြောကြား ခဲ့ပါသည်။ 

နှစ်နိုင်ငံအကြား ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုကို ဖော်ပြသည့်အနေဖြင့် စိုက်ပျိုးရေးအစီအစဉ်ကို စီစဉ်ဆောင်ရွက်ပေးသည့် တရုတ်ခေါင်းဆောင် များကို ကျေးဇူးတင်ရှိကြောင်း၊ ခက်ခဲသည့် အချိန်များတွင် ပါကစ္စတန် ဖက်က တရုတ်နိုင်ငံသည် အမြဲရပ်တည်ခဲ့ခြင်းကို သတိတရရှိပါကြောင်း နှင့်တရုတ်နိုင်ငံသို့ စေလွှတ်မည့် ပါကစ္စတန်နိုင်ငံရှိ ဘွဲ့ရလူငယ်များသည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ အသိပညာနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ရေရှည်တည်တံအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါကစ္စတန် ဝန်ကြီးချုပ် Sharif က ထပ်မံပြောကြားခဲ့ပါသည်။ 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်ဆိုသူ-ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊ နစက-၃