တရုတ်နိုင်ငံက Shiyan-27 စမ်းသပ်ဂြိုဟ်တု ၆ လုံးကို နေနှင့် သက်ဆိုင်သော ပတ်လမ်းသို့ အောင်မြင်စွာ လွှတ်တင်
တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၈ ရက် (စနေ) တွင် Shiyan-27 စမ်းသပ်ဂြိုဟ်တု ၆ လုံးကို နေနှင့်သက်ဆိုင်သော ပတ်လမ်း (Sun-Synchronous Orbit - SSO) သို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ အာကာသသိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်း (CASC) ၏ ထုတ်ပြန်ချက်အရ သိရပါသည်။
အဆိုပါဂြိုဟ်တုများ လွှတ်တင်ရန် CZ-6A (Chang Zheng 6A) ဒုံးပျံကို အသုံးပြုခဲ့ပြီး၊ Taiyuan ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ပေကျင်း စံတော်ချိန် ဧပြီ ၁၈ ရက် နံနက် ၆:၅၁ လွှတ်တင်ခဲ့သည်။
CASC ၏ ထုတ်ပြန်ချက်အရ အဆိုပါဂြိုဟ်တုများကို အာကာသ ပတ်ဝန်းကျင် ကို လေ့လာရန် (ဓာတ်ရောင်ခြည်၊ အာကာသအမှိုက်များ၊ အာကာသ ရာသီဥတုစသည်) နှင့် နည်းပညာဆိုင်ရာ စမ်းသပ်မှုများ (ဆက်သွယ်ရေး စနစ်၊ ဒေတာစုဆောင်းခြင်း) အတွက် အဓိကအသုံးပြုမည်ဖြစ်ပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃