Hudson မြစ်ထဲ ပျက်ကျသည့် ရဟတ်ယာဉ် လိုက်ပါလာသူ ၆ ဦးလုံး သေဆုံး

News Image

  • Hudson မြစ်ထဲ ပျက်ကျသည့် ရဟတ်ယာဉ် လိုက်ပါလာသူ ၆ ဦးလုံး သေဆုံး

ဧပြီ ၁၀ ရက် (ကြာသပတေးနေ့)က အမေရိကန်ပြည်ထောင်စု၊ နယူးယောက် မြို့ရှိ Hudson မြစ်အတွင်း ရဟတ်ယာဉ်တစ်စင်း ပျက်ကျရာ လိုက်ပါ လာသူ ၆ ဦးစလုံး သေဆုံးခဲ့ကြောင်း နယူးယောက် မြို့တော်ဝန် အဲရစ် အဒမ်က အတည်ပြု ပြောကြားလိုက်ပါသည်။

မြို့တော်ဝန်ပြောကြားချက်အရ အဆိုပါလူခြောက်ဦးစလုံးကို ရေထဲမှ ဆယ်ယူနိုင်ခဲ့သော်လည်း တစ်ဦးမျှ အသက်ရှင်ကျန်ရစ်ခြင်း မရှိပေ။ ထို သေဆုံးသူများတွင် ရဟတ်ယာဉ်မောင်းနှင်သူအပါအဝင် အရွယ်ရောက်ပြီး ၃ ဦးနှင့် ကလေး ၃ ဦးတို့ ပါဝင်ကြောင်း သိရပြီး ၎င်းတို့မှာ စပိန်နိုင်ငံမှ ခရီးသွားမိသားစုများဖြစ်ကြောင်း သိရပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃