ငလျင်ဒဏ်သင့်ဒေသများအတွက် အော်ပရေတာများအားလုံး အခမဲ့ စာတို ပေးပို့မှုကို ဧပြီ ၁၁ ရက်အထိထပ်မံတိုးပေး
ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများဆက်သွယ်မှုအဆင်ပြေစေရန် အခမဲ့စာတိုပေးပို့ ဝန်ဆောင်မှုကိုဆောင်ရွက်ပေးထားရာ ယခုအခါ ဧပြီ ၁၁ ရက်အထိ ထပ်မံတိုးပေးလိုက်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မှ ထုတ်ပြန်ထားသည်။
အဆိုပါ အခမဲ့ဝန်ဆောင်မှုကို မူလက ဧပြီ ၅ ရက် အထိ အော်ပရေတာ များ ကအခမဲ့ဆောင်ရွက်ပေးထားရာ ယခုတွင် MPT၊ ATOM ၊ MYTEL ၊ Ooredooစသည့် အော်ပရေတာများအားလုံးက ငလျင်ဒဏ်သင့်ဒေသ များရှိပြည်သူများဆက်သွယ်မှုအဆင်ပြေစေရန် ယခုကဲ့သို့ထပ်တိုး၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းလည်း သိရသည်။
မတ်လ၂၈ ရက်နေတွင် ပြင်းထန်ငလျင်လှုပ်ခတ်မှုကြောင့်နိုင်ငံတစ်ဝှမ်းရှိ မိုဘိုင်းဆက်သွယ်ရေး စခန်း ၂၆,၀၀၀ ကျော်အနက် ၆,၇၃၀ ကျော်သည် ဆက်သွယ်ရေးပြတ်တောက်မှုဖြစ်ပေါ်ခဲ့ပြီး ပြန်လည်ကောင်းမွန်ရေး ဆောင်ရွက်ခဲ့ရာ ဧပြီ ၆ ရက်အထိစခန်းပေါင်း ၅,၉၀၀ ကျော် ပြုပြင်နိုင်ခဲ့ ကြောင်းသိရသည်။
ကိုးကား-NP News
MM-News-Category