ဗြိတိန်နိုင်ငံရှိ ယူကရိန်းနိုင်ငံသား ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့အဖြစ် နေနေရဟုဆို
ဗြိတိန်နိုင်ငံရှိ ယူကရိန်းနိုင်ငံသားထောင်ပေါင်းများစွာမှာ အိုးမဲ့အိမ်မဲ့အဖြစ်နေနေရလျက်ရှိကြောင်း ဗြိတိန်အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အထူးသဖြင့် ဗြိတိန်နိုင်ငံရှိပံ့ပိုးပေးသူများနှင့် ယူကရိန်းနိုင်ငံသားတို့ကြားဆက်ဆံရေးပျက်ယွင်းသွားသည့်အတွက် အဆိုပါ နိုင်ငံသား ၁၅၀၀၀ ခန့်မှာ အိမ်ခြေရာမဲ့ ထောက်ပံ့မှုရယူရန် လျှောက်ထားလာခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဗြိတိန်အစိုးရသည် "Homes for Ukraine" အမည်ဖြင့် အစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်လျက်ရှိရာ ဇန်နဝါရီလအထိ ထိုအစီအစဉ်တွင်ပါဝင်ခွင့်ရရှိသူ ၁၄၁,၀၀၀ ရှိသည်။
ထိုအစီအစဉ်အရ ယူကရိန်းနိုင်ငံသား တစ်ဦး သို့မဟုတ် မိသားစုတစ်စုကို ခြောက်လတာ တင်ကျွေးထားသူ ဗြိတိန်အိမ်ပိုင်ရှင်များအား တစ်လလျှင် ပေါင် ၃၅၀ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။
သို့သော် လက်ရှိအချိန်အထိ အိုးမဲ့အိမ်မဲ့အဖြစ် နေနေရသည့် ယူကရိန်းနိုင်ငံသား အရေအတွက်မှာ ၁၅,၀၀၀ ခန့်ကျန်ရှိနေသေးကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ဗြိတိန် နိုင်ငံ၌ ခိုလှုံခွင့်တောင်းခံသူ စုစုပေါင်းနှစ်သိန်းအထိ ရှိလာပြီဖြစ်ပြီး သီတင်းပတ်တစ်ပတ်လျှင် လူအယောက် ၄၀၀ ခန့် ဝင်ရောက်လာနေဆဲ ဖြစ်ကြောင်း သိရသည်။
Ref: RT
Source: https://myawady.net.mm/