ထိုင်းအခွန်ဌာနက နိုင်ငံအတွင်းရှိ Social influencer များနှင့် Online seller များကို ၎င်းတို့၏နှစ်စဉ်ဝင်ငွေခွန်များကို မတ်လကုန်မတိုင်မီ ပေးဆောင်ကြရန်နှင့် ပျက်ကွက်ပါက ဒဏ်ကြေးနှင့် ပြစ်ဒဏ်များ ချမှတ်ခံရမည်ဟု ထုတ်ပြန်ထားသည်။ အခွန်ဌာန ညွှန်ကြားရေးမှူးချုပ် Pinsai Suraswadi က Social influencer များနှင့် Online seller များသည် ဝင်ငွေခွန်ပေးဆောင်ရန် ပျက်ကွက်လျက်ရှိပြီး ထိုအခြေအနေအတွက် စိုးရိမ်ကြောင်းဆိုသည်။ Shopee ၊ Lazada နှင့် Tiktok ကဲ့သို့သော ထိုင်းနိုင်ငံရှိ အီလက်ထရောနစ် စီးပွားရေးပလက်ဖောင်းများတွင် Social influencer နှင့် Online seller ၃ သန်းခန့်ရှိပြီး အချိန်ပြည့် ထ

ထိုင်းအခွန်ဌာနက နိုင်ငံအတွင်းရှိ Social influencer များနှင့် Online seller များကို ၎င်းတို့၏နှစ်စဉ်ဝင်ငွေခွန်များကို မတ်လကုန်မတိုင်မီ ပေးဆောင်ကြရန်နှင့် ပျက်ကွက်ပါက ဒဏ်ကြေးနှင့် ပြစ်ဒဏ်များ ချမှတ်ခံရမည်ဟု ထုတ်ပြန်ထားသည်။ အခွန်ဌာန ညွှန်ကြားရေးမှူးချုပ် Pinsai Suraswadi က Social influencer များနှင့် Online seller များသည် ဝင်ငွေခွန်ပေးဆောင်ရန် ပျက်ကွက်လျက်ရှိပြီး ထိုအခြေအနေအတွက် စိုးရိမ်ကြောင်းဆိုသည်။ Shopee ၊ Lazada နှင့် Tiktok ကဲ့သို့သော ထိုင်းနိုင်ငံရှိ အီလက်ထရောနစ် စီးပွားရေးပလက်ဖောင်းများတွင် Social influencer နှင့် Online seller ၃ သန်းခန့်ရှိပြီး အချိန်ပြည့် ထုတ်လွှင့်ရောင်းချနေသူ ၂ သန်းခန့်သည် ဝင်ငွေ ဘီလီယံများစွာရရှိနေကြောင်း ခန့်မှန်းထားသည်။ စစ်တမ်းများအရ Social influencer များနှင့် Online seller များဖြစ်သည့် လူငယ်အများစုသည် ၎င်းတို့၏ဝင်ငွေကို စာရင်းသွင်းရန်နှင့် အခွန်ပေးဆောင်ရန် ပျက်ကွက်လျက်ရှိသည်ဟုဆိုသည်။
အခွန်ဌာနသည် မှတ်တမ်းများကို ငါးနှစ်အထိ နောက်ပြန်စစ်ဆေးနိုင်ပြီး အခွန်စာရွက်စာတမ်းများ မတင်ပြနိုင်ပါက ပြစ်ဒဏ်ချမှတ်မည် ဖြစ်ကြောင်း Pinsai က သတိပေးခဲ့သည်။ သို့သော် ၎င်းတို့အနေဖြင့် အမှားများကို ပြင်ဆင်နိုင်ကြောင်း Pinsai က အာမခံခဲ့သည်။ Tellscore, FutureTales LAB, and the Thailand Institute for Mental Health Sustainability (Tims) တို့၏လေ့လာဆန်းစစ်ချက်များအရ ထိုင်းနိုင်ငံရှိ Social influencer နှင့် Online seller များသည် နှစ်စဉ်ဝင်ငွေ ဘတ် ၄၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၂၅ ဘီလီယံ)ရရှိနေကြောင်း ခန့်မှန်းထားကြသည်။ ထိုင်းနိုင်ငံတွင် အချိန်ပြည့် ထုတ်လွှင့်ရောင်းချသူ ၂ သန်းခန့် ရှိပြီး Micro-influencer များအပါအဝင် အချိန်ပိုင်းထုတ်လွှင့်ရောင်းချသူ ၉ သန်းခန့်အထိ မြင့်တက်လာသည်ဟုဆိုသည်။
ကိုးကား-VN Express
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်းတွင် တောမီးလောင်ကျွမ်းမှုဖြစ်ပွားရာ အနည်းဆုံးလူ ၄ ဦးသေဆုံးခဲ့ပြီး ဒေသတွင်းအရေးပေါ် အခြေအနေတစ်ရပ် ထုတ်ပြန်ခဲ့ရကြောင်း အာဏာပိုင်အဖွဲ့က မတ်လ၂၂ ရက်တွင် ပြောသည်။
အဆိုပါတောမီးလောင်ကျွမ်းမှုသည် ဆန်ချုန်ခရိုင်တွင် မတ်လ ၂၁ ရက် မွန်းလွဲပိုင်းတွင် စတင်ခဲ့ခြင်းဖြစ်ပြီး မီးငြှိမ်းသတ်ရန်အတွက် မီးသတ်တပ်ဖွဲ့ဝင် ရာပေါင်းများစွာနှင့် မီးသတ်ရဟတ်ယာဉ် အစင်း ၂၀ ခန့်ကို စေလွှတ်ခဲ့ရကြောင်း သိရသည်။

တောမီးလောင်ကျွမ်းမှုအတွင်း သေဆုံးသွားသူများတွင် မီးသတ်တပ်ဖွဲ့ဝင် ၃ ဦးနှင့် အစိုးရဝန်ထမ်းတစ်ဦးပါဝင်ပြီး ကျေးရွာ ၁၅ ရွာမှ ဒေသခံပြည်သူ ၂၀၀ ကျော်ကိုလည်း ဘေးကင်းရာသို့ ရွှေ့ပြောင်းကြရန် အာဏာပိုင်များက တိုက်တွန်းခဲ့ရသည်။
တောမီးလောင်ကျွမ်းမှုများသည် နိုင်ငံအတွင်းရှိ အခြားဒေသများတွင်လည်း ဖြစ်ပွားလျက်ရှိပြီး မတ်လ၂၂ ရက်တစ်ရက်တည်းမှာပင် တောမီးလောင်ကျွမ်းမှု ၁၆ ခုဖြစ်ပွားခဲ့ကြောင်း ကိုရီးယားသစ်တောဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။
လက်ရှိတွင် ကိုရီးယားသစ်တောဌာနက မြောက်ဂျုန်ဆန်၊ တောင်ဂျုန်ဆန်ပြည်နယ်များ၊ ဘူဆန်နှင့် ဒေးဂျုန်မြို့တို့အပါအဝင် ဒေသ ၁၂ ခုတွင် တောမီးသတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။
Source: https://myawady.net.mm/

အိန္ဒိယနိုင်ငံသည် ကျောက်မီးသွေးထုတ်လုပ်မှုတွင် သမိုင်းဝင်မှတ်တိုင် သစ်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါသည်။
အိန္ဒိယနိုင်ငံသည် စွမ်းအင်လိုအပ်ချက်မြင့်မားနေသော စီးပွားရေးကို ထောက်ပံ့ရန် ပြီးခဲ့သည့်ဘဏ္ဍာနှစ်အတွင်း ကျောက်မီးသွေးတန်ချိန် ၁ ဘီလီယံ ထုတ်လုပ်ကာ စံချိန်သစ်တင်နိုင်ခဲ့ပါသည်။

သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး ဂျီ. ကီရှန် ရက်ဒီ (G. Kishan Reddy) က မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျောက်မီးသွေးထုတ်လုပ်မှု စံချိန်တင်မြင့်တက်လာကြောင်း ထုတ်ပြန် ခဲ့ပါသည်။ စီးပွားရေးအလျင်အမြန် တိုးတက်ကြီးထွားလာနေသော အိန္ဒိယသည် ပြည်တွင်းလျှပ်စစ်ထုတ်လုပ်ရေးအတွက် ကျောက်မီးသွေး ကို အဓိကအားထားနေရဆဲဖြစ်ပါသည်။
တရုတ်ပြီးလျှင် ကမ္ဘာ့ဒုတိယမြောက် ကျောက်မီးသွေး အသုံးပြုမှု အများဆုံး နိုင်ငံဖြစ်သော အိန္ဒိယတွင် လျှပ်စစ်ဓာတ်အား၏ ၇၄% ခန့်ကို ကျောက်မီးသွေးမှ ထုတ်လုပ်လျက်ရှိပြီး၊ စုစုပေါင်းစွမ်းအင် အရင်းအမြစ် များတွင် ကျောက်မီးသွေး၏ပါဝင်မှုမှာ ၅၅% အထိရှိပါသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်က ကျောက်မီးသွေးတန်ချိန် ၉၉၇.၈၃ သန်း ထုတ်လုပ်ခဲ့သော်လည်း ယခုနှစ်တွင် တန်ချိန် ၁ ဘီလီယံကျော်သို့ ရောက်ရှိ လာကာ တစ်နှစ်တာအတွင်း ကျောက်မီးသွေးထုတ်လုပ်မှုတွင် တရုတ် နှင့်အတူ ထိပ်တန်းနိုင်ငံများစာရင်းဝင်လာခဲ့ပါသည်။
သတ္တုတွင်းဝန်ကြီး ရက်ဒီက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ X တွင် “အဆိုပါအောင်မြင်မှုသည် လျှပ်စစ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီး စီးပွားရေးတိုးတက်စေကာ အိန္ဒိယနိုင်ငံသားတိုင်းအတွက် ပိုမို တောက်ပ သော အနာဂတ်ကို ဖန်တီးပေးလိမ့်မည်” ဟု ရေးသားခဲ့ပါသည်။ထို့အပြင် ကျောက်မီးသွေးထုတ်လုပ်သည့် ကုမ္ပဏီများသည် “ထုတ်လုပ်မှု တိုးမြှင့်ရုံသာမက ရေရှည်တည်တံ့ပြီး တာဝန်ယူမှုရှိသော သတ္တုတူးဖော်ရေး လုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိသည်” ဟု ထောက်ပြခဲ့ပါသည်။
အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရိန်ဒရာ မိုဒီက အဆိုပါအောင်မြင်မှုကို “အိန္ဒိယ အတွက် ဂုဏ်ယူစရာ” ဟု ဂုဏ်ပြုပြောဆိုကာ စွမ်းအင်လုံခြုံရေး၊စီးပွားရေးတိုးတက်မှုနှင့် ကိုယ့်အားကိုယ်ကိုးမှုဆီသို့ အစိုးရ၏ ကတိကဝတ်ကို အလေးထားဖော်ပြခဲ့ပါသည်။ ပြည်တွင်းထုတ်လုပ်မှု တိုးလာခြင်းဖြင့် သွင်းကုန်မှုလျော့ကျလာခဲ့ပြီး၊ ၂၀၂၄ ခုနှစ်၊ ဧပြီမှ ဒီဇင်ဘာအထိ ကျောက်မီးသွေးသွင်းကုန်မှာ ယခင်နှစ်ကထက် ၈.၄% လျော့ကျကာ နိုင်ငံခြားငွေစုဆောင်းမှု အမေရိကန်ဒေါ်လာ ၅.၄၃ ဘီလီယံခန့် သက်သာခဲ့ကြောင်း အစိုးရက ဖော်ပြခဲ့ပါသည်။
အစိုးရသည် ၎င်း၏ “ကျောက်မီးသွေးလုပ်ငန်းစဉ်” အရ လက်ရှိ ဘဏ္ဍာ နှစ်အတွက် တန်ချိန် ၁.၀၈ ဘီလီယံထုတ်လုပ်ရန် ရည်မှန်းထားသည်။ အိန္ဒိယနိုင်ငံသည် နွေရာသီတွင် လျှပ်စစ်လိုအပ်ချက်ပြည့်မီစေရန်ကျောက်မီးသွေးကို ဆက်လက်တင်သွင်းနေသော်လည်း ပြည်တွင်းထုတ်လုပ်မှုကို တိုးမြှင့်ခြင်းနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ် များကို ချဲ့ထွင်ခြင်းဖြင့် ၂၀၂၆ ခုနှစ်တွင် ကျောက်မီးသွေးတွင် မိမိကိုယ် ကို အားကိုးနိုင်ရန် အစိုးရက ရည်မှန်းထားပါသည်။
ကိုဗစ်-၁၉ မတိုင်မီ နှစ်ပေါင်း ၂၀ အတွင်း အိန္ဒိယစီးပွားရေးသည် ပျမ်းမျှ ၆.၅% အထိ တိုးတက်ခဲ့ပြီး၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ၆.၄%၊ ယခင် နှစ်က ၈.၂% တိုးတက်ကာ ကမ္ဘာ့အမြန်ဆုံးတိုးတက်လာသည့် စီးပွားရေး နိုင်ငံဖြစ်လာခဲ့သည်။ အိန္ဒိယဗဟိုဘဏ်က ဧပြီလမှစတင်မည့် လာမည့် ဘဏ္ဍာနှစ်တွင် စက်မှုလုပ်ငန်းနှင့် အိမ်ထောင်စု အသုံးစရိတ် တိုးလာမှု များကြောင့် ၆.၇% အထိ တိုးတက်လာမည်ဟု မျှော်မှန်းထားသည်။
ကိုးကား - RT

ကရင်ပြည်နယ်၊ ဘားအံမြို့၏ နာမည်ကျော် ဇွဲကပင်တောင်သည် မတ်လ ၂၃ ရက်၊ နေ့လယ်ကစတင်၍ တောမီးလောင်ကျွမ်းနေပြီး မီးများသလို ယခုအချိန်အထိ မီးငြိမ်းမှုမရှိသေးကြောင်း ဒေသခံများဆီက စုံစမ်းသိရပါသည်။
ဖြစ်စဥ်မှာ မတ်လ ၂၃ ရက်၊ နေ့လယ် ၂ နာရီကျော်အချိန်ကစတင်၍ ဇွဲကပင်တောင်ရှိ နွားလပို့စေတီအနီးနား လျှိုအနီးတစ်ဝိုက်နှင့် ဝိဇ္ဇာ ညီနောင်ဘုရားရှိရာ တောင်အနီးတစ်ဝိုက်တွင် မီးလောင်ကျွမ်းနေကြောင်း သိရှိရပါသည်။

“ခါတိုင်းနှစ်များတွင်လည်း တောမီးကလောင်နေကြပါ။ ဒါပေမဲ့ဒီနှစ်ကတော့ ခါတိုင်းနှစ်နှင့်မတူဘဲ အရမ်းများနေပါသည်။ ယခုထိလည်း မငြိမ်းသေးပါ” ဟု ဒေသခံ ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ဆိုပါသည်။
လက်ရှိတွင် မြို့ခံပရဟိတအသင်းအဖွဲ့များက စုဖွဲ့၍ မီးငြှိမ်းသတ်ရန် ကြိုးပမ်းနေကြပြီး လူမှုကွန်ရက်မှာမြင်နေရသကဲ့သို့ တစ်တောင်လုံးမီးလောင်နေပုံ မဟုတ်တော့ဘဲ မီးခိုးငွေ့အများအပြားထွက်ပြီး လှိုက်လောင် နေသည့် ပုံစံမြင်နေရခြင်းဖြစ်ပါကြောင်း ဒေသခံတစ်ဦးက MT News ကို မတ်လ ၂၃ ရက်နေ့၊ ည ၁၀ နာရီခန့်မှာ ပြောခဲ့ကြောင်း သတင်းရရှိပါသည်။
ကိုးကား- https://www.mtnewstoday.com/?p=94913

နေပြည်တော် မတ် ၂၂
ကမ္ဘာ့ရေနေ့ ၂၀၂၅ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) ၌ ကျင်းပပြုလုပ်ရာ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက်ရောက်ကြသည်။
ဦးစွာ အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ရေသယံဇာတသည် မိမိတို့သက်ရှိအားလုံး၏ အရေးကြီးသည့် သဘာဝအရင်းအမြစ်တစ်ခုဖြစ်သည့်အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးအပါအဝင် အသက်မွေးဝမ်းကျောင်းနှင့် အသက်ရှင်နေထိုင်ရေးအတွက် အလွန်အရေးကြီးသည့် အခြေခံလိုအပ်ချက်တစ်ခုလည်းဖြစ်ကြောင်း၊ လုံခြုံဘေးကင်းသန့်ရှင်းသည့်ရေသည် မိမိတို့လူသားများ၏ ကျန်းမာရေးကို အထောက်အကူပြုရုံသာမက သဘာဝပတ်ဝန်းကျင်ကိုလည်း ကောင်းကျိုးပြုကြောင်း၊ ထို့ကြောင့် လူတိုင်းလူတိုင်း ကျန်းမာသန်စွမ်းစေရေး သန့်ရှင်းဘေးကင်းသည့်ရေရရှိရန် အစဉ်လိုအပ်လျက်ရှိကြောင်း။
ကမ္ဘာပေါ်ရှိနိုင်ငံများတွင် ရေကောင်းရေသန့်၏ အရေးကြီးပုံများကို အသိပညာပေးရန်၊ ရေအရင်းအမြစ်များကို ရေရှည်စနစ်တကျအသုံးပြုနိုင်ရေး စီမံခန့်ခွဲမှုများကိုအားပေးရန်၊ ကမ္ဘာ့လူဦးရေ၏ သိသာသည့်အချိုးနှင့် အရေအတွက်တစ်ခုသည် သန့်ရှင်းသောရေမရရှိသည့် ဒေသများတွင်နေထိုင်နေကြရပြီး၊ ရေအခက်အခဲများနှင့် ကြုံတွေ့နေရမှုများကို သတိပြုမိစေရန်၊ ရေအခက်အခဲများနှင့်ပတ်သက်ပြီး ဖြေရှင်းနိုင်ရန်တို့အတွက် လိုအပ်ချက်များကို တွန်းအားပေးရန်နှင့် ကမ္ဘာ့ကုလသမဂ္ဂ၏ ၂၀၂၀ ရေရှည်ဖွံ့ဖြိုးမှုပန်းတိုင်အမှတ် (၆) ဖြစ်သည့် လူတိုင်းလုံခြုံဘေးကင်းသန့်ရှင်းသည့် သောက်သုံးရေရရှိနိုင်စေရန် တိုးမြှင့်ဆောင်ရွက်နိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့် နှစ်စဉ် မတ်လ (၂၂) ရက်ကို ကမ္ဘာ့ရေနေ့အဖြစ်သတ်မှတ်ပြီး၊ ၁၉၉၃ ခုနှစ်ကစ၍ အထိမ်းအမှတ်အခမ်းအနားများကို နှစ်စဉ်ကျင်းပလျက်ရှိကြောင်း။
နှစ်စဉ်နှစ်တိုင်းတွင်လည်း အထူးပြုအသိပေးလိုသည့် ကမ္ဘာ့ရေနေ့ဆိုင်ရာအဓိက အကြောင်းအရာဆောင်ပုဒ်များကို သတ်မှတ်ဆောင်ရွက်ခဲ့ကြကြောင်း၊ ယခုနှစ်ကမ္ဘာ့ရေနေ့ ၂၀၂၅ အတွက် အဓိကအကြောင်းအရာဆောင်ပုဒ်မှာ “ရေအရင်းအမြစ်များတည်မြဲဖို့ ရေခဲမြစ်များထိန်းသိမ်းစို့” “The Glacier Preservation" ပင်ဖြစ်ကြောင်း။
ကမ္ဘာပေါ်တွင် ရေထုစုစုပေါင်း၏ ၉၇ ဒသမ ၅ ရာခိုင်နှုန်းသည် ဆားငန်ရေများဖြစ်ကြပြီး ကျန် ၂ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ရေချိုများဖြစ်ကြောင်း၊ သို့သော်လည်း ယင်းရေချိုများ၏ ၆၈ ဒသမ ၇ ရာခိုင်နှုန်းသည်လည်း ဝင်ရိုးစွန်းရေခဲမြစ်များနှင့် ရေခဲတောင်များအဖြစ် တည်ရှိနေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ရေခဲမြစ်များသည် ကမ္ဘာ့ရေချိုအရင်းအမြစ်များအတွက် အရေးပါသည့်အခန်းကဏ္ဍကပါဝင်နေပြီး ကမ္ဘာ့လူဦးရေသန်းပေါင်းများစွာအတွက် သောက်သုံးရေ၊ စိုက်ပျိုးရေနှင့် စွမ်းအင်ထုတ်လုပ်နိုင်ရန်အတွက် အဓိကကျနေသည့် အရင်းအမြစ်တစ်ခုဖြစ်ကြောင်း။
ကမ္ဘာပေါ်တွင်ရှိသည့် ရေခဲမြစ်များ၏ (၉၁) ရာခိုင်နှုန်းသည် အန္တာတိကတိုက်တွင်တည်ရှိပြီး (၈) ရာခိုင်နှုန်းခန့်က ဂရင်းလန်းတွင်တည်ရှိနေကြောင်း၊ ကျန်ရှိသည့် (၁) ရာခိုင်နှုန်းခန့်မှာ ဟိမဝန္တာတောင်တန်း၊ အန်ဒီးစ်တောင်တန်းစသည့် ဒေသများတွင် တည်ရှိနေခြင်းဖြစ်ကြောင်း။
လေ့လာထားသည့်စစ်တမ်းများအရ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ရေခဲမြစ်များသည် နှစ်စဉ်ရေခဲတန်ချိန် ၂၆၇ ဘီလီယံခန့်ဆုံးရှုံးခဲ့ပြီး ယင်းဖြစ်စဉ်သည် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှု၏ ၂၁ ရာခိုင်နှုန်းကို ဖြစ်စေခဲ့သည်ဟုသိရကြောင်း။
ဟိမဝန္တာတောင်တန်းများတွင်ရှိသည့် ရေခဲမြစ်များသည် လွန်ခဲ့သည့်နှစ် (၄၀) အတွင်း အရည်ပျော်မှုနှုန်း သိသိသာသာမြင့်တက်လာခဲ့ပြီး မကြာသေးမီနှစ်များအတွင်း ရေခဲပမာဏများစွာ လျော့နည်းလာခဲ့ကြောင်း၊ ကမ္ဘာ့အပူချိန်သည် စက်မှုခေတ်မတိုင်မီက အပူချိန်ထက် (၂) ဒီဂရီစင်တီဂရိတ် မြင့်တက်လာမည်ဆိုပါက ၂၁၀၀ ပြည့်နှစ်မတိုင်မီ ကမ္ဘာ့ရေခဲမြစ်များ၏ တစ်ဝက်ကျော်ခန့် ပျောက်ကွယ်သွားနိုင်သည်ဟု ပညာရှင်များက ခန့်မှန်းထားကြောင်း၊ ကုလသမဂ္ဂကလည်း ၂၀၂၅ ခုနှစ်ကို အပြည်ပြည်ဆိုင်ရာ ရေခဲမြစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးနှစ်အဖြစ် သတ်မှတ်ကြေညာခဲ့ပြီး ၂၀၂၅ ခုနှစ်မှစတင်ကာ နှစ်စဉ် မတ်လ (၂၁) ရက်နေ့ကို “ကမ္ဘာ့ရေခဲမြစ်များနေ့ (World Day for Glaciers)” အဖြစ် ကြေညာခဲ့ကြောင်း၊ ယင်းသည် ရာသီဥတု၊ ဇလဗေဒလည်ပတ်မှု၊ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများတွင် ရေခဲမြစ်များ၏ အရေးပါသည့် အခန်းကဏ္ဍကို တစ်ကမ္ဘာလုံးက သတိပြုမိစေခဲ့ကြောင်း။
မိမိတို့ မြန်မာနိုင်ငံတွင် ရေခဲမြစ်အဖြစ်ဖော်ပြနိုင်ရန် အထင်အရှားမရှိသော်လည်း ဧရာဝတီမြစ်၏ မြစ်ဖျားခံရာ မေခနှင့် မလိခမြစ်တို့၏ အထက်ပိုင်းဒေသတွင်တည်ရှိသည့် ခါကာဘိုရာဇီတောင်တန်းနှင့်တိဘက်ကုန်းပြင်မြင့်မှ စီးဆင်းလာသည့်ရေခဲမြစ်များသည် နွေရာသီတွင် စုစည်းဖြစ်ပေါ်သည့် ရေခဲမြစ်များဖြစ်ကြပြီး ဧရာဝတီမြစ်ရေကို တစ်စိတ်တစ်ပိုင်းအနေဖြင့် ဖြည့်တင်းပေးလျက်ရှိကြောင်း။
ရာသီဥတုပြောင်းလဲလာပြီး အပူချိန်မြင့်တက်လာမှုသည် ရေခဲမြစ်များ၏ အရည်ပျော်မှုကို မြန်ဆန်စေပြီး ရေခဲမြစ်များ၏ထုထည်ကို လျော့နည်းစေကြောင်း၊ လေ့လာတွေ့ရှိချက်များအရ ဟိမဝန္တာတောင်တန်းတွင်ရှိသည့် အခြားရေခဲမြစ်များထက် ဧရာဝတီမြစ်အထက်ပိုင်းရှိ ရေခဲမြစ်များသည် ထုထည်နှင့် ဧရိယာသေးငယ်မှုကြောင့် ပိုမိုမြန်ဆန်စွာလျော့နည်းလျက်ရှိပြီး ၂၁၀၀ ပြည့်နှစ်တွင် ကချင်ပြည်နယ်၏ ပျမ်းမျှအပူချိန်သည် ၂ ဒသမ ၅ ဒီဂရီစင်တီဂရိတ် မြင့်တက်လာလိမ့်မည်ဟု ခန့်မှန်းထားကြကြောင်း၊ ယင်းအခြေအနေသည် ဧရာဝတီမြစ်အထက်ပိုင်းတွင်ရှိသည့် ရေခဲမြစ်များ လုံးဝပျောက်ကွယ်သွားနိုင်ကြောင်းကို ညွှန်းဆိုနေကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ အနာဂတ်ရေချိုအရင်းအမြစ်များ တည်ရှိမှုကို ခြိမ်းခြောက်နေသည်ကို သတိပြုမိကြရန်ပြောကြားလိုကြောင်း။
မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်ရေစီးကြောင်းအပေါ် ရေခဲမြစ်များ၏ သက်ရောက်မှုများကို တိတိကျကျလေ့လာနိုင်ရန် ရေဆိုင်ရာအချက်အလက်များ လိုအပ်နေဆဲဖြစ်ကြောင်း၊ ထို့ကြောင့် ရေခဲမြစ်များ၏ ပြောင်းလဲမှုများကို စောင့်ကြည့်လေ့လာခြင်းနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အချက်အလက်များကို စနစ်တကျစုစည်းခြင်းသည် အနာဂတ်ရေအရင်းအမြစ်စီမံခန့်ခွဲမှုများအတွက် အရေးကြီးသည့်အချက်ဖြစ်ကြောင်း။
မိမိတို့မြန်မာနိုင်ငံတွင်လည်း ရာသီဥတုဖောက်ပြန်မှု၏ အကျိုးဆက်အဖြစ် ၂၀၂၄ ခုနှစ်၊ မိုးရာသီအတွင်း ရေကြီးမှုဖြစ်စဉ်များအနေဖြင့် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ကချင်ပြည်နယ် (မြစ်ကြီးနား)၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆိုးဆိုးရွားရွားကြုံတွေ့ခဲ့ရသည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း။
ရေစီမံအုပ်ချုပ်မှုအနေဖြင့် ကုလသမဂ္ဂကချမှတ်တိုက်တွန်းထားသည့် ရေဘက်စုံစီမံခန့်ခွဲမှု (Integrated Water Resources Management - IWRM) များကို လိုက်နာပြီး ရေရှည်တည်တံ့သည့်ရေစီမံခန့်ခွဲမှုကို အလေးပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံတွင် ရေဆိုင်ရာအခက်အခဲပြဿနာများဖြေရှင်းရန်နှင့် သဘာဝဘေးအန္တရာယ်များ လျော့ပါးသက်သာစေရန်၊ တစ်နိုင်ငံလုံးလွှမ်းခြုံသည့် ရေအရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲနိုင်ရန် “အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ” ကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်တွင် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တာဝန်ယူဆောင်ရွက်ပြီးနောက် “အမျိုးသားအဆင့်ရေ အရင်းအမြစ်ကော်မတီ” ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်တွင် မိမိကိုယ်တိုင်ဥက္ကဋ္ဌအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း။
“အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ” အနေဖြင့် မြန်မာနိုင်ငံတွင် ရေအရင်းအမြစ်ဘက်စုံ စီမံခန့်ခွဲမှုစနစ်ကို အပြည့်အဝအကောင်အထည်ဖော်ဆောင်ပြီး ရေအရင်းအမြစ်များကို ထိထိရောက်ရောက် အကျိုးရှိအောင်အသုံးချနိုင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကော်မတီအနေဖြင့် ရေဆိုင်ရာစီမံကိန်းလုပ်ငန်း ဆောင်ရွက်မှုများနှင့် အမျိုးသားအဆင့် ရေမူဝါဒ အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ကြီးကြပ်ခြင်း၊ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများကို ပေါင်းစပ်ညှိနှိုင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့ရေနေ့အခမ်းအနားများကျင်းပခြင်းနှင့် ရေဆိုင်ရာအသိပညာပေးလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်လျက်ရှိကြောင်း။
ထို့အပြင် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်နှင့် သံလွင်မြစ်တို့၏ မြစ်ဖျားမှစတင်ပြီး ပင်လယ်ထဲသို့ရောက်သည်အထိ ရေစီးနှုန်းတိုင်းတာရန်နှင့် ရေလမ်းကြောင်းအခြေအနေအပါအဝင် ရေအရင်းအမြစ်ပမာဏကို စူးစမ်းလေ့လာ ဆောင်ရွက်နိုင်ရေးအတွက် ရေအားအရင်းအမြစ်စူးစမ်းလေ့လာရေးအဖွဲ့ကို ၂၀၂၂ ခုနှစ်၊ မတ်လ (၇) ရက်တွင် ဖွဲ့စည်းပေးခဲ့ကြောင်း၊ ယင်းအဖွဲ့သည်လည်း လုပ်ငန်းတာဝန်များအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ရေအားအရင်းအမြစ်စူးစမ်းလေ့လာရေးလုပ်ငန်းများ၏ တိုးတက်မှုအခြေအနေကို ပြည်ထောင်စုအစိုးရအဖွဲ့ထံ အစီရင်ခံတင်ပြလျက်ရှိကြောင်း၊ လက်ရှိအနေအထားတွင် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်တို့သည် လူတို့၏လုပ်ဆောင်ချက်ကြောင့် သောင်ပို့မှုများ များပြားလာပြီး ရေကြောင်းသွားလာရေးတွင် ကန့်သတ်ချက်များ များလာကြောင်း၊ ထို့ကြောင့် မြစ်ကြောင်းများထိန်းသိမ်းရေးသည် အရေးကြီးသည့်အခြေအနေရှိနေပြီး စောလျင်စွာဖြေရှင်းရန်လိုကြောင်း၊ အဓိကမြစ်များနှင့် ယင်းမြစ်များအတွင်းစီးဝင်သည့် မြစ်၊ ချောင်းများ ဘေးဝဲယာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်စေသည့် လုပ်ငန်းများကို ဒေသဆိုင်ရာအစိုးရ၊ အုပ်ချုပ်ရေးအဖွဲ့များက ကြပ်မတ်ရန်လိုကြောင်း၊ အဆိုပါမြစ်များသည် ကူးသန်းသွားလာမှုတွင် အဓိကျခြင်းကြောင့် ဆောလျင်စွာ သောင်တူးရှင်းလင်းနိုင်ရေး၊ ဟိမဝန္တာတောင်မှ စီးဆင်းလာသည့် ရေချိုများကို စိုက်ပျိုးရေးကဏ္ဍတွင် အကျိုးရှိစွာအသုံးချနိုင်ရေး၊ ရာသီမရွေး ရေကြောင်းသွားလာနိုင်ရေး၊ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး၊ မြစ်ဘေး ဝဲ ၊ ယာနှင့် သက်ရောက်သည့် နေရာများစိမ်းလန်းစိုပြေလာစေရေးတို့ကို ဖြစ်ပေါ်လာစေရန် သတ်မှတ်ရှာဖွေထားသည့်နေရာများတွင် အနိမ့်တမံ (Low-Head Dam) များ ဖြစ်နိုင်သမျှ အမြန်ဆောင်ရွက်သွားရန်လိုကြောင်း။
အနာဂတ်ရေဖူလုံစေရေးအတွက် ရေစီမံအုပ်ချုပ်ရေးလုပ်ငန်းများသည် အလွန်အရေးကြီးကြောင်း၊ ရေရှည်တည်တံ့သည့် ရေစီမံခန့်ခွဲမှု အလေ့အကျင့်ကောင်းများရရှိစေရေး လူတိုင်းကို အသိပညာပေးခြင်းအပြင် နည်းပညာအသစ်များတီထွင်ကြံဆခြင်း၊ ရေအသုံးပြုမှုဆိုင်ရာ အလေ့အကျင့်ကောင်းများ ဖော်ထုတ်ခြင်းစသည့် နည်းစနစ်အသစ်များကို ကျင့်သုံးသွားရမည်ဖြစ်ကြောင်း။
ယခုနှစ် ကမ္ဘာ့ရေနေ့အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့် “ရေအရင်းအမြစ်များ တည်မြဲဖို့ ရေခဲမြစ်များထိန်းသိမ်းစို့” ဟူသည့်အတိုင်း မိမိတို့နိုင်ငံအတွင်း၌ ရေအရင်းအမြစ်များ ရေရှည်ပေါများကြွယ်ဝစေရန်နှင့် ရေနှင့်ဆိုင်သည့် သဘာဝဘေးဒဏ်များ လျော့ပါးစေရန်အတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှု၊ တိုးတက်နေသည့် နည်းပညာများနှင့်ပြည်သူလူထု၏ပူးပေါင်းမှုကိုရယူပြီး ဆက်လက်ထိန်းသိမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ လက်ရှိပိုင်ဆိုင်ထားသည့် ရေချိုအရင်းအမြစ်များကို အမြော်အမြင်ရှိစွာဖြင့် ရေရှည်အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ကြရန်၊ တက္ကသိုလ်များ၊ သုတေသနစင်တာများကလည်း ရေကဏ္ဍကိုမြှင့်တင်ပေးနိုင်ရေး လေ့လာမှုများ၊ အသိပညာပေးမှုများ ဆက်လက်ဆောင်ရွက်ပေးကြရန်၊ မိမိတို့နိုင်ငံ အနာဂတ်ရေဖူလုံစေရေး ရေကဏ္ဍကိုမြှင့်တင်ရန် ရေစီမံခန့်ခွဲမှုနည်းပညာများဖြင့် ကြိုးစားမြှင့်တင်ကြရန်၊ နိုင်ငံ၏ရေချိုအရင်းအမြစ်များကို အထောက်အပံ့ပေးနိုင်သည့် တည်ရှိပြီးရေခဲတောင်များ၊ ရေခဲမြစ်များရေရှည်တည်မြဲစေရေး မိမိတို့တတ်နိုင်သည့်နေရာများမှ ပါဝင်ထိန်းသိမ်းဆောင်ရွက်ပေးကြရန်၊ မိမိတို့၏လက်ရှိနှင့် အနာဂတ်မျိုးဆက်သစ်များအတွက် နိုင်ငံ၏ရေအရင်းအမြစ်များကိုရေရှည်တည်တံ့ပြီးစနစ်တကျ၊ မျှမျှတတအကျိုးရှိစွာ ရေရှည်အသုံးပြုသွားနိုင်ရေး ရေဆိုင်ရာစီမံခန့်ခွဲမှုကဏ္ဍများတွင် မိမိတို့ပြည်သူများအားလုံး အတူတကွပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကမ္ဘာ့ရေနေ့ ၂၀၂၅ အထိမ်းအမှတ်အလွတ်တန်းအဆင့်ဆောင်းပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိခဲ့ကြသူများကို ဆုများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် အမျိုးသားအဆင့်ရေအရင်းမြစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ကမ္ဘာ့ရေနေ့ ၂၀၂၅ အထိမ်းအမှတ် ဝါသနာရှင်အဆင့် ဆောင်းပါး ပြိုင်ပွဲတွင် ဆုရရှိခဲ့သူများကို ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ကမ္ဘာ့ရေနေ့ ၂၀၂၅ အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုအားကြည့်ရှုကြသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အခမ်းအနားတက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ကမ္ဘာ့ရေနေ့ ၂၀၂၅ အထိမ်းအမှတ် ဓာတ်ပုံပြခန်းများအားပြခန်းတစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြကြောင်းသတင်းရရှိသည်။
Source: MOI

ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ နှစ်ကြိမ်ရရှိခဲ့သူ ကမ္ဘာကျော်လက်ဝှေ့သမား ဂျော့ခ်ျဖိုမန် (George Foreman) သည် အသက် ၇၆ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ကြောင်း ၎င်း၏မိသားစုမှ ဖော်ပြချက်များအရ သိရှိရသည်။
ဂျော့ခ်ျဖိုမန်ကို ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ မာရှယ်မြို့တွင် မွေးဖွားခဲ့ကာ ဆင်းရဲ နွမ်းပါးသောမိသားစုမှ ဆင်းသက်လာပြီး ငယ်စဉ်ကတည်းက လက်ဝှေ့ အားကစားကို စိတ်ဝင်စားခဲ့သည်။

ဖိုမန်သည် ၁၉၆၈ ခုနှစ် မက္ကဆီကိုစီးတီးအိုလံပစ်ပွဲတွင် ဟဲဗီးဝိတ်တန်း ရွှေတံဆိပ်ကို ရရှိခဲ့ပြီး နာမည်ကျော်ကြားလာခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် ၎င်း၏ပထမဆုံး ကမ္ဘာ့ချန်ပီယံဆုကို ရရှိခဲ့ပြီး ၁၉၉၄ ခုနှစ် အသက် ၄၅ နှစ်အရွယ်၌ ဒုတိယအကြိမ် ချန်ပီယံဖြစ်လာကာ အသက်အကြီးဆုံး ဟဲဗီးဝိတ်တန်း ချန်ပီယံဖြစ်လာခဲ့ပါသည်။
ဖိုမန်သည် ၁၉၉၇ ခုနှစ်တွင် လက်ဝှေ့ကစားသမားဘဝမှ အနားယူခဲ့ပြီး ၎င်း၏အောင်မြင်မှုများကို အများကချီးကျူးဂုဏ်ပြုခဲ့ကြသည်။ အနားယူပြီးနောက် ၎င်းသည် လူမှုရေးလုပ်ငန်းများကို တက်ကြွစွာ လုပ်ဆောင်ခဲ့ပြီး ၎င်း၏အမှတ်တံဆိပ် "ဂျော့ခ်ျဖိုမန်ဂရီးလ်" (George Foreman Grill) ကို ထုတ်လုပ်ဖြန့်ဖြူးခဲ့သည်။
ဂျော့ခ်ျဖိုမန်သည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် အသက် ၇၆ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ကာ ၎င်းကို ချစ်ခင်သူများ ဝန်းရံနေချိန်တွင် အေးချမ်းစွာကွယ်လွန်သွားကြောင်း ၎င်း၏ မိသားစုက ကြေညာခဲ့သည်။
ဂျော့ခ်ျဖိုမန်သည် လက်ဝှေ့အားကစားနယ်ပယ်တွင် ထင်ရှားသော သမိုင်းဝင် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ၎င်း၏အောင်မြင်မှုများနှင့် လူမှုရေးလုပ်ငန်းများတွင် ပါဝင်ခဲ့မှုများကြောင့် လူသိများခဲ့သည်။
ကိုးကား-RT

တူရကီနိုင်ငံ သမ္မတအာဒိုဂမ်၏ နိုင်ငံရေးပြိုင်ဘက်ဖြစ်သည့် အစ္စတန် ဘူလ်မြို့ မြို့တော်ဝန်ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ မတ်လ ၁၉ ရက် တွင် လူပေါင်းထောင်ချီ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။ အစ္စတန်ဘူလ် မြို့တော် အကျင့်ပျက်လာဘ်စားမှု အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ် ထားသည့် (PKK)ပါတီနှင့်ဆက်နွယ်မှုသည်ဆိုသော စွပ်စွဲချက်များကြောင့် ပြီးခဲ့သည့်ရက်ပိုင်းတွင် ဖမ်းဆီးခံခဲ့ရသည်။

မြို့တော်ဝန်ကို ဖမ်းဆီးခဲ့ပြီးနောက် တူရကီအာဏာပိုင်များက ဆန္ဒပြ ခြင်းကို လေးရက်ကြာပိတ်ပင်သည့် စည်းကမ်းထုတ်ပြန်ခဲ့သော်လည်း လူပေါင်းထောင်ချီ၏ ဆန္ဒပြခြင်းကို တားဆီးနိုင်ခြင်းမရှိခဲ့ပေ။ တူရကီ အာဏာပိုင်များသည် အစ္စတန်ဘူလ်မြို့တော်ဝန်ကို ဖမ်းဆီးခဲ့ပြီးနောက် ဆန္ဒပြခြင်းများကို ပိတ်ပင်ခဲ့ကာ အစ္စတန်ဘူလ်မြို့လမ်းများကို ပိတ်ပင် ခြင်း၊ အင်တာနက်အသုံးပြုခွင့် ကန့်သတ်ခြင်းများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
တူရကီအာဏာပိုင်များသည် ကန့်သတ်ခြင်းများ လုပ်ဆောင်ခဲ့သော်လည်း ဆန္ဒပြခြင်းများကို တားဆီးနိုင်ခြင်းမရှိခဲ့ဘဲ လူပေါင်းထောင်ချီရှိသည့် လူအုပ်ကြီးသည် အစ္စတန်ဘူလ်မြို့ ရဲဌာနချုပ်၊ မြို့တော်ခန်းမနှင့် Republican People’s Party (CHP) ပါတီရုံးရှေ့တွင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးခံရသော မြို့တော်ဝန်သည် တူရကီသမ္မတ၏ အဓိက အတိုက်ခံနိုင်ငံရေး ပြိုင်ဘက်တစ်ဦးဖြစ်ပြီး ဆန္ဒပြအုပ်စုများက အစိုးရ ဆန့်ကျင့်ရေးကြွေးကြော်သံများ ကြွေးကြော်ဆန္ဒပြခဲ့ကြပြီး မြို့တော်ဝန် ကို ထောက်ခံကြောင်း၊ ဖမ်းဆီးခံရမှုသည် တရားမျှတမှုမရှိကြောင်း ဝေဖန် ပြစ်တင်ခဲ့သည်။ မြို့တော်ဝန်သည် တူရကီနိုင်ငံတွင် လူကြိုက်များသည့် နိုင်ငံရေးသမားဖြစ်ပြီး ၎င်းအဖမ်းမခံရမီအချိန်က ပြည်သူများ၏ဆန္ဒကို ခြိမ်းခြောက်ခြင်း၊ ဥပဒေမဲ့လုပ်ဆောင်ခြင်းဖြင့် နုတ်ပိတ်စေရန် လုပ်ဆောင်၍ မရနိုင်ကြောင်း အခြေခံအခွင့်အရေးနှင့် လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ရမည်ဖြစ်ကြောင်း လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
ကိုးကား-NP News

သတ်မှတ်ချက်ကိုက်ညီသော စင်္ကာပူနိုင်ငံသား ၅ သိန်း ၇ သောင်း ကျော်သည် ၎င်းတို့၏ နှစ်ပတ်လည် Earn and Save Bonus အဖြစ် စင်္ကာပူဒေါ်လာ ၄၀၀ (ကန်ဒေါ်လာ ၃၀၀) မှ ၁၀၀၀ ကြား ယခုလ နှောင်းပိုင်းတွင် ရရှိမည်ဖြစ်ကြောင်း လူ့စွမ်းအားဝန်ကြီးဌာန (MOM) မှ မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။
"အလုပ်လုပ်ကိုင်နေသော သက်ကြီးရွယ်အိုများ၏ အငြိမ်းစားဆုငွေကို မြှင့်တင်ရန် ရည်ရွယ်သော ဝင်ငွေနှင့်စုဆောင်းအပိုဆုငွေ" ကို နိုင်ငံသားများ၏ CPF အကောင့်များသို့ အလိုအလျောက် ထည့်သွင်းသွားမည် ဖြစ်ကြောင်း MOM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

၎င်းသည် ၂၀၂၄ ခုနှစ်တွင် မိတ်ဆက်ခဲ့သော စင်္ကာပူဒေါ်လာ ၉ ဘီလီယံ Majulah Package ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး လက်ရှိ ၎င်းတို့၏ အသက် ၅၀ နှင့် ၆၀ နှစ်များအတွင်း သက်ကြီးရွယ်အိုများအား "၎င်းတို့၏ အငြိမ်းစားယူမှုအတွက် ထပ်လောင်းချီးမြှင့်မှု" ဖြင့် ပံ့ပိုးပေးခဲ့ပါသည်။
၁၉၇၃ တွင်မွေးဖွားသော စင်္ကာပူနိုင်ငံသားများသည် ၎င်းတို့ အလုပ်လုပ် ကိုင်နေပါက Bonus များရရှိမည်ဖြစ်ပြီး ရှေ့အကဲဖြတ်သည့်နှစ်တွင် ပျမ်းမျှလစဉ်ဝင်ငွေ စင်ကာပူဒေါ်လာ ၅၀၀ မှ ၆၀၀၀ ရှိကာ နှစ်စဉ်တန်ဖိုး ၃သောင်း ၁ထောင် သို့မဟုတ် အနည်းဆုံးပိုင်ဆိုင်မှုတစ်ခုထက်ပို၍ မပိုင်ဆိုင်ပါက Bonus ရရှိမည်ဖြစ်သည်။
နိုင်ငံသားများသည် ၎င်းတို့၏ Singpass ဖြင့် အကောင့်ဝင်ခြင်းဖြင့် govbenefits ဝဘ်ဆိုက်တွင် ဝင်ငွေနှင့် အပိုဆုကြေးအတွက် ၎င်းတို့အနေဖြင့် သတ်မှတ်ချက်ကိုက်ညီမှုကို စစ်ဆေးနိုင်မည်ဖြစ်ပြီး လစဉ် ဝင်ငွေနည်းပါးသော သက်ကြီးရွယ်အိုများအား အပိုဆုကြေး (Bonus) များ ပေးအပ်မည်ဖြစ်ပါသည်။
ကိုးကား-Myanmar National Post

ပြည်ပမှ စက်သုံးဆီများ စဉ်ဆက်မပြတ် စီမံတင်သွင်းလျက်ရှိသဖြင့် ပြည်တွင်းစက်သုံးဆီ ဖူလုံမှုအခြေအနေမှာ နေ့စဉ်သုံးစွဲမှုပမာဏအပြင် အရန်ဆီအနေဖြင့်လည်း ရက်သတ္တသုံးပတ်စာခန့်အထိ ကြိုတင်တင်သွင်းသိုလှောင်ထားရှိကြောင်း သိရသည်။

လက်ရှိအခြေအနေတွင် သီလဝါရှိ ဆီချဆိပ်ကမ်းများတွင် စက်သုံးဆီတင်သင်္ဘောသုံးစင်းဆိုက်ကပ်ချယူလျက်ရှိပြီး လမ်းခရီးတွင် ခုနစ်စင်း၊ ပြည်ပနိုင်ငံတွင် စက်သုံးဆီတင်ဆောင်နေသော သင်္ဘောလေးစင်းနှင့် စက်သုံးဆီတင်ရန် စောင့်ဆိုင်းနေဆဲ ခြောက်စင်းအပါအဝင် မတ်လအတွင်း သင်္ဘောအစင်း ၃၀ ဖြင့် ပြည်ပမှ စက်သုံးဆီများ စဉ်ဆက်မပြတ် စီမံတင်သွင်းလျက်ရှိသည်။
သီလဝါဒေသ သိုလှောင်ကန်စခန်းများမှ နိုင်ငံအဝန်းရှိ အရောင်းဆိုင်များနှင့် စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် ကုန်ထုတ်လုပ်ငန်းအပါအဝင် အခြားလုပ်ငန်းကဏ္ဍ အသီးသီးသို့ အချိန်နှင့်တစ်ပြေးညီ ဖြည့်တင်းဖြန့်ဖြူးပေးလျက်ရှိသည့်အပြင် အဓိကဆက်သွယ်ရေး လမ်းကြောင်းကြီးများဖြစ်သည့် ရန်ကုန် - ပဲခူး - နေပြည်တော် - မန္တလေးအမြန်လမ်း၊ ရန်ကုန် - ပုသိမ် - ချောင်းသာ - ငွေဆောင်လမ်း၊ သာစည် - ကလော - အင်းလေး- တောင်ကြီးလမ်း၊ မန္တလေး - မိတ္ထီလာ - ကျောက်ပန်းတောင်း - ပုပ္ပား- ပုဂံလမ်း၊ မန္တလေး - ပြင်ဦးလွင်လမ်း၊ မကွေး- မင်းဘူး - ရွှေစက်တော်လမ်းများပေါ်ရှိ အရောင်းဆိုင်များနှင့် မြို့ကြီးများရှိ အဓိကအရောင်းဆိုင်များသို့ စက်သုံးဆီ ကြိုတင်ဖြည့်တင်းထားခြင်းကြောင့် လာမည့်မဟာသင်္ကြန်ကာလအပါအဝင် အများပြည်သူ ရုံးပိတ်ရက်ရှည်များတွင် စက်သုံးဆီများကို လိုအပ်သည့်နေရာတွင် လိုအပ်သလောက် အဆင်ပြေလွယ်ကူချောမွေ့စွာ ဝယ်ယူသုံးစွဲနိုင်ကြမည်ဖြစ်သည့်အပြင် အခြားလုပ်ငန်းကဏ္ဍအသီးသီးတို့တွင်လည်း လိုအပ်သလောက် ဝယ်ယူသုံးစွဲနိုင်ကြမည်ဖြစ်သဖြင့် လုပ်ငန်းများ ပုံမှန်လည်ပတ်ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။
စက်သုံးဆီဈေးနှုန်းများသည်လည်း မတ်လအတွင်းတွင် ဆက်တိုက်ကျဆင်းလျက်ရှိရာ ယခုအပတ်တွင်လည်း ယခင်ကထက် တစ်လီတာလျှင် ၇၀ ကျပ် မှ ၇၅ ကျပ်အထိ ထပ်မံကျဆင်းခဲ့ကြောင်း သိရှိရသည်။
Source: www.moi.gov.mm

ဆန်စက်(၂၈)ခုတွင် ဆိုလာစနစ်တပ်ဆင်ပြီး လျှပ်စစ်ဓာတ်အား စုစုပေါင်း (၄၁.၅) မဂ္ဂါဝပ် ထုတ်လုပ်မည့် အစီအစဉ်ကို ယခုနှစ်အတွင်း အပြီးဆောင်ရွက်ရန် လျာထားကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ထံမှ သိရသည်။

အဆိုပါစနစ်ကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကပြီးခဲ့သည့် (၂၀၂၃) ခုနှစ်တွင် စတင်ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းနှင့် မွန်ပြည်နယ်ရှိ ဆန်စက်တို့၌ စတင်အကောင်အထည်ဖော်လျက်ရှိနေကြောင်းသိရသည်။ “ပထမ(၁၁)ခုက တပ်ထားပြီး (၁၁)ခုကနေ တိုးရင်းနှင့်(၄၁)မဂ္ဂါဝပ်ဖြစ်သွားပါသည်။ ပထမက (၃)ခုပဲ စလုပ်ပြီး သီလဝါ၊ နေပြည်တော်၊ ဧရာဝတီတိုင်း၊ လပွတ္တာမြို့ကနေမှ (၁၁)ခု ဖြစ်သွားသည်။ (၁၁)ခုကနေ (၂၈)ခု ဖြစ်သွားပါသည်။ ထပ်မံ၍ နောက်ထပ် (၂)ယောက်က လာဆွေးနွေးနေပါသည်။ စာရင်းကတော့ မပြတ်သေးပါ။ တိုးနေပါသည်” ဟု မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က NP News သို့ပြောသည်။ အဆိုပါ (၄၁ ဒသမ ၅) မဂ္ဂါဝပ်ကို ရန်ကုန်တိုင်းအတွင်းရှိ ဆန်စက်(၁၁)ခုတွင် (၁၇) မဂ္ဂါဝပ်၊ ဧရာဝတီတိုင်းအတွင်းရှိ ဆန်စက်(၈)ခု၌ (၁၄)မဂ္ဂါဝပ်၊ ပဲခူးတိုင်းအတွင်းရှိ ဆန်စက်(၃)ခု၌ (၅) မဂ္ဂါဝပ်၊ မန္တလေးတိုင်းအတွင်းရှိ ဆန်စက်(၂)ခု၌ (၁ ဒသမ ၅) မဂ္ဂါဝပ်၊ နေပြည်တော်ရှိ ဆန်စက်(၁)ခု၌ (၃) မဂ္ဂါဝပ်နှင့် မွန်ပြည်နယ်ရှိ ဆန်စက်(၁)ခု၌ (၁) မဂ္ဂါဝပ် စသည်ဖြင့် ဆန်စက်(၂၈)ခုတွင် တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။ “ထို(၄၁.၅) မဂ္ဂါဝပ်ကို မိမိတို့ ညှိထားတာ (၃) လအတွင်း အပြီးဆောင်ရွက်နိုင်ရန် Plan လုပ်ထားပါသည်။ နောက်ဆုံး မပြီးဘူးဆိုလျှင်ပင် မိုးတွင်း၌ အပြီး ဆောင်ရွက်ရန် Plan လုပ်ထားပါသည်။ လာမည့်နွေရာသီမှာ အဆင်ချောမွေ့စေရန် ဖြစ်ပါသည်။ အကြမ်းဖျင်း အားဖြင့် ယခုသင်္ကြန်မတိုင်မီ ဧပြီလနှင့် မေလဆန်းလောက်အထိ တွက်ချက်မှု၊ ဈေးနှုန်းညှိနှိုင်းမှု၊ အရောင်း အဝယ်ကိစ္စများ ဆောင်ရွက်မည်ဖြစ်ပါသည်။ မေလထဲတွင် ဖရိန်တပ်ဆင်ခြင်း ဆောင်ရွက်နိုင်ရန် စီစဉ်မည် ဖြစ်ပါသည်။ အောက်ပိုင်းမြို့များကို ဇွန်၊ ဇူလိုင်လတွင် မိုးရွာသဖြင့် မတပ်ဘဲထားပြီး ဩဂုတ်၊ စက်တင်ဘာတွင် အပြီးတပ်ဆင်မည်ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် အတွင်း၌ ပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ပါသည်” ဟု ဦးရဲမင်းအောင်ကဆက်လက်ပြောသည်။
နည်းပညာပိုင်းဆိုင်ရာ ဆောင်ရွက်ရာတွင်လည်း MOU လက်မှတ်ထိုးထားသော ဆိုလာကုမ္ပဏီ (၇) ခုသာမက ထပ်မံ၍ ဆောင်ရွက်လိုသည့် ကုမ္ပဏီများမှ လာရောက်ကမ်းလှမ်းလာပါက ၎င်းတို့ အနေဖြင့် MOUလက်မှတ် ဆက်ထိုးသွားမည်ဖြစ်ကြောင်း သိရသည်။
“အဆိုပါ ကုမ္ပဏီ(၇)ခုက ဆန်စက်တွေအကုန်လုံးကို ကွင်းဆင်း၊ တိုင်းတာ၊ တွက်ချက်ပြီး နည်းပညာပိုင်းနှင့် ပတ်သက်သည့် အကူအညီများပေးရန် အတွက် ဖြစ်ပါသည်။ ထိုကွင်းဆင်းသည့်အထဲမပါရှိသော ကုမ္ပဏီများနှင့် ဆောင်ရွက်လိုပါကလည်း ရပါသည်။ မိမိတို့အနေဖြင့် လုပ်ထုံးလုပ်နည်း အမှားအယွင်းဖြစ်မည်ဆိုးပါသည်။ အဆိုပါ ကုမ္ပဏီ(၇)ခုသည်လည်း နိုင်ငံတော်၏ စီမံကိန်းများတွင် ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီများ ချည်းသာ ဖြစ်ပါသည်။ အဓိကကတော့ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအတွက်ဖြစ်ပါသည်။ ထို့ကြောင့် ကုမ္ပဏီက (၇၊ ၈၊ ၉) ခု လည်းဖြစ်မည်။ ယခု ထိုကုမ္ပဏီ (၇)ခုက သွားရောက်ပြီး ဆန်စက်များကို ကွင်းဆင်းနေပြီ” ဟု ဆန်စပါး အသင်းချုပ်ကဆိုသည်။
ကိုးကား-ချယ်ရီ (NP News)