ရေအောက်ဒရုန်းမှ ပစ်ခတ်နိုင်တဲ့ ကမ္ဘာ့ပထမဆုံးသော တော်ပီဒို ရေအောက်ထဲမှာ ရေမိုင် ၃၀ အထက် အမြန်နှုန်းနဲ့ သွားနိုင်
အမေရိကန် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုကုမ္ပဏီ တစ်ခုဖြစ်တဲ့ အန်ဒူရေးက တော်ပီဒိုအမျိုးအစား အသစ်တစ်ခုကို ဖန်တီးထုတ်လုပ်လိုက်ပါတယ်။ သူ့ကိုတော့ Copperhead-M လို့အမည်ပေးထားပါတယ်။
အဲဒီတော်ပီဒိုက သမားရိုးကျတော်ပီဒို မဟုတ်ပါဘူး။ ကမ္ဘာ့ပထမဆုံးသော တော်ပီဒိုအမျိုးအစား တစ်မျိုးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် သူ့ကိုရေအောက်သွား ဒရုန်းကနေ ပစ်လွှတ်နိုင်တာကြောင့်ပါ။
သူ့ရဲ့အမြန်နှုန်းကလည်း ရေအောက်ထဲမှာ ရေမိုင် ၃၀ အထက်အမြန်နှုန်းနဲ့ သွားနိုင်တယ်လို့ အန်ဒူရေးကုမ္ပဏီကဆိုပါတယ်။ အဲဒီတော်ပီဒိုကို အာရုံခံကိရိယာများ၊ သံလိုက်လှိုင်းနှုန်းတိုင်း ကိရိယာများကိုပါ တပ်ဆင်နိုင်တဲ့အတွက် တိုက်ခိုက်မှု စစ်ဆင်ရေး တစ်ခုတည်းမှာသာမကဘဲ တခြားလုပ်ငန်းတွေမှာလည်း အသုံးပြုနိုင်ပါတယ်။
Source: https://myawady.net.mm/
MM-News-Category