တံတားဦးမြို့နယ်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၅-ခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲ (Grade - 12) စတုတ္ထနေ့၌ ဓာတုဗေဒ ဘာသာရပ်တွင် (၆၀၈) ဦး ၊ ပထဝီဝင်ဘာသာရပ်တွင် (၅၃) ဦး ဖြေဆို
တံတားဦး ၊ ဇွန် - ၁၉
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်တန်း Grade – 12 စတုတ္ထနေ့၌ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ကို ယနေ့ နံနက် (၉) နာရီအချိန်ကစတင်၍ တံတားဦးမြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင်အေးချမ်းပျော်ရွှင်စွာ ဖြေဆိုလျက်ရှိကြောင်းသိရသည် ။
တံတားဦးမြို့နယ်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (Grade-12)တွင် တံတားဦးမြို့နယ်အနေဖြင့် ဓာတုဗေဒဘာသာရပ် ဖြေဆိုရန် အထက-တံတားဦး စာစစ်ဌာနတွင်ကျောင်းသား(၂၁၆) ဦး ၊ ကျောင်းသူ (၂၂၉)ဦး၊စုစုပေါင်း(၄၄၁)ဦး ၊ ချောင်းခွစာစစ်ဌာနတွင် ကျောင်းသား (၅၉)ဦး၊ ကျောင်းသူ(၁၀၈)ဦး၊ စုစုပေါင်း(၁၆၇)ဦး တို့အပြင် အထက-တံတားဦး စာစစ်ဌာနတွင် ပထဝီဝင် ဘာသာရပ်ဖြေဆိုရန် ကျောင်းသား(၁၄) ဦး ၊ ကျောင်းသူ (၉)ဦး စုစုပေါင်း(၂၃)ဦး ၊ချောင်းခွစာစစ်ဌာနတွင် ကျောင်းသား(၉) ဦး၊ ကျောင်းသူ (၂၁)ဦးစုစုပေါင်း(၃၀)ဦး လာရောက်ဖြေဆိုလျက်ရှိကြောင်း သတင်း ရရှိသည်။
ဦးရဲတင့် (ပြန်/ဆက်)