တံတားဦးခရိုင်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၅ ခုနှစ် တက္ကသိုလ် ဝင်တန်း စာမေးပွဲ (Grade - 12) တတိယနေ့ သင်္ချာဘာသာရပ် ဆက်လက်ဖြေဆို

News Image

  • တံတားဦးခရိုင်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၅ ခုနှစ် တက္ကသိုလ် ဝင်တန်း စာမေးပွဲ (Grade - 12) တတိယနေ့ သင်္ချာဘာသာရပ် ဆက်လက်ဖြေဆို

တံတားဦး ၊ ဇွန် - ၁၈

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း Grade – 12 တတိယနေ့ သင်္ချာဘာသာရပ်ကို ဇွန် ၁၈ ရက်နေ့၊ နံနက် (၉) နာရီအချိန်က စတင်၍ တံတားဦးခရိုင်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် ကျောင်းသား/သူများအနေဖြင့် အေးချမ်းပျော်ရွှင်စွာ ဖြေဆိုလျက်ရှိကြောင်း သတင်း ရရှိသည် ။

တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့က တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာ ဖြေဆိုနေကြသည့် ကျောင်းသား၊ ကျောင်းသူများအား လိုက်လံကြည့်ရှုအားပေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

တံတားဦးခရိုင်အနေဖြင့် ပြန်လည်ကျင်းပသည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း Grade - 12 တတိယနေ့ သင်္ချာဘာသာရပ်တွင် တံတားဦးခရိုင် စာစစ်ဌာန (၃) ခုသို့ လာရောက်ဖြေဆိုသည့် ကျောင်းသား (၄၀၉) ဦး၊ ကျောင်းသူ (၅၂၉) ဦး စုစုပေါင်း (၉၃၈) ဦး ၊ ရာခိုင်နှုန်းအားဖြင့် (၉၈.၆၃) ရာခိုင်နှုန်းရှိကြောင်း သတင်းရရှိသည်။

ပေးပို့သူ- ဦးရဲတင့် (ပြန်/ဆက်)