ကျောက်ဆည်မြို့နယ်၊ အမှတ်(၅)အခြေခံပညာမူလတန်း (လွန်) ကျောင်းတွင် အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲ ကျင်းပ
ကျောက်ဆည်၊ ဇွန်-၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အမှတ်(၅)အခြေခံပညာ မူလတန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများရရှိပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိ စေရန်ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲ(၁)နာရီက အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အသိပညာပေးဟောပြောပွဲတွင် အမှတ်(၅)အခြေခံပညာမူလတန်း(လွန်)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်ဦးက အလိမ္မာစာမှာရှိ၊ ပညာရဲရင့်ပွဲလယ်တင့်၊ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုး တိုးတက် စေရန် အားလပ်ချိန်များတွင် စာပေများလေ့လာဖတ်ရှုစေရေး အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက စာပေမြင့်မှ လူမျိုးတင့်မည်၊ ပညာရွှေအိုးလူမခိုး၊ ပညာလိုအိုသည်မရှိနှင့် စာပေဖတ်ရှုခြင်းကြောင့်ရရှိသည့် အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောခဲ့သည်။
အသိပညာပေးဟောပြောပွဲအပြီးတွင် ကျောင်းသား/ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်၊ စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
ပေးပို့သူ- စုစုအေး(ကျောက်ဆည်)