ဗာတီကန် ပုပ်ရဟန်းမင်းကြီးအသစ် ရွေးချယ်ရေး ကွန်ကလိတ် (လျှို့ဝှက်အစည်းအဝေး) စတင်
ရိုမန်ကက်သလစ်ဘုရားကျောင်း၏ ခရစ်ယာန်ဘုန်းတော်ကြီးများ (Cardinals) သည် ပုပ်ရဟန်းမင်းကြီးအသစ် ရွေးချယ်ရေး ကွန်ကလိတ် အစည်းအဝေးကို မကြာမီ ပြုလုပ်မည်ဖြစ်ပြီး မဲပေးခြင်းကို မေလ ၇ ရက်နေ့တွင် စတင်မည်ဖြစ်သည်။
(ဂျပန်ဘုန်းတော်ကြီး ၂ ဦးအပါအဝင်) ကမ္ဘာတစ်ဝှမ်းမှ ခရစ်ယာန် ဘုန်းတော်ကြီး ၁၃၃ ဦးတို့က ဆန္ဒမဲပေးမည်ဖြစ်သည်။
လျှို့ဝှက်မဲပေးခြင်းကို ဗာတီကန်ရှိ စစ်စတိုင်းဘုရားကျောင်း (Sistine Chapel) တွင် ပြုလုပ်မည်ဖြစ်ပြီး မဲအရေအတွက်၏ အနည်းဆုံး ၃ ပုံ ၂ ပုံ (၆၇%) ရရှိမှသာ ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်ခံရမည်ဖြစ်သည်။
ကွယ်လွန်သွားသည့် ပုပ်ဖရန်စစ် (အာဂျင်တီးနား) သည် လက်တင် အမေရိကမှ ပထမဆုံး ပုပ်ရဟန်းမင်းကြီးဖြစ်ခဲ့ပြီး၊ ခေတ်သစ်ပြုပြင် ပြောင်းလဲရေးများကြောင့် ကျော်ကြားသည်။
အီတလီနိုင်ငံသား ဘုန်းတော်ကြီး Pietro Parolin (ပုပ်ဖရန်စစ်၏ အနီးကပ်အကြံပေး) သည် ပုပ်ဖရန်စစ်နေရာအား ဆက်ခံရန် အလားအလာရှိသူဟု သတင်းများက ဆိုသည်။
ကိုးကား-NHK World
ဘာသာပြန်ဆိုသူ-ဒေါ်မေသူခိုင်၊လက်ထောက်ညွှန်ကြားရေးမှူး၊နစက-၃