သတင်းများ

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အိန္ဒိယနိုင်ငံ အပေါ် ၂၅% အခွန် ကောက်ခံရန် ရည်ရွယ်ထားကြောင်း ပြောကြား

ဝါရှင်တန်၊ ဇူလိုင် ၃၀ ရက် 

အမေရိကန်ပြည်ထောင်စုသည် အိန္ဒိယနိုင်ငံမှ တင်သွင်းလာသော ကုန် ပစ္စည်းများအပေါ် ၂၅% သွင်းကုန်ခွန်များ ချမှတ်ရန် ရည်ရွယ်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားခဲ့ပါသည်။

အမေရိကန်ပြည်ထောင်စုမှ Nvidia၏ နည်းပညာအဆင့်နိမ့်သော မိုက်ခရိုချစ်ပ်များကို တရုတ်နိုင်ငံသို့ ဆက်လက်တင်ပို့မည်

ဝါရှင်တန်ဒီစီ၊ ဇူလိုင် ၃၀ ရက်

အမေရိကန်ပြည်ထောင်စုသည် Nvidia ၏ နည်းပညာအဆင့်နိမ့်သော မိုက်ခရိုချစ်ပ်များကို တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ကြောင်း အိမ်ဖြူတော်၏ အမျိုးသားစီးပွားရေးကောင်စီဥက္ကဋ္ဌ Kevin Hassett က ပြောကြားခဲ့ပါသည်။ သို့သော် အဆင့်မြင့်ဆုံး ပရိုဆက်ဆာများကိုမူအမေရိကန်ပြည်ထောင်စုတွင်သာ ထားရှိမည်ဖြစ်ကြောင်း ၎င်းက ဆိုပါသည်။

ကျောက်ဆည်မြို့နယ် မှိုင်းပန်ကျေးရွာတွင် ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည်၊ဇူလိုင်-၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ မိုးပဲတီစိမ်းသီးနှံများကို ယာမြေများတွင် နေရာဒေသအလိုက် မေလလယ်မှဩဂုတ်လအလယ်ချိန်အထိ စိုက်ပျိုးလျက်ရှိရာ မှိုင်းပန် ကျေးရွာတွင် စိုက်ပျိုး ထားသော ပဲတီစိမ်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

နောင်ချိုမြို့ အမှတ်(၁)နှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဖွင့်လှစ်သင်ကြား ယာယီဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် ဇူလိုင် ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများကြောင့် အခြေခံပညာကျောင်းများအား တစ်နှစ်နီးပါးပိတ်ထားခဲ့ရပြီး ဇူလိုင် ၂၅ ရက်မှစ၍ အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

“ငလျင်ကာလအလွန် တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများအတွက် နည်းပညာဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် နည်းပညာဆိုင်ရာစိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်ခြင်း” နည်းပညာဆိုင်ရာဆွေးနွေးပွဲ ဆက်လက်ကျင်းပ

နေပြည်တော် ဇူလိုင် ၂၉

“ငလျင်ကာလအလွန် တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများအတွက် နည်းပညာဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် နည်းပညာဆိုင်ရာ စိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်ခြင်း” နည်းပညာဆိုင်ရာဆွေးနွေးပွဲ (Post Earthquake Techni-cal Forum) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မင်္ဂလာသီရိဟိုတယ်၌ ဆက်လက်ကျင်းပသည်။

၂၀၂၅-၂၀၂၈ ခုနှစ်ကာလအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြား သိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင်ရွက်မှုအစီအစဉ် လက်မှတ်‌ရေးထိုး

နေပြည်တော် ဇူလိုင် ၂၉

၂၀၂၅ -၂၀၂၈ ခုနှစ် ကာလအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြား သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်- Programme of Cooperation (POC) in Science and Technology လက်မှတ်‌ရေးထိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ် (၂၁) သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တက်ရောက်