ကျောက်ဆည်-တံတားဦးမြို့ချင်းဆက် လမ်းနှင့် ဆက်သွယ်ထားသည့် အနောက်ရွာတော်ကျေးရွာလမ်းအား ကျောက်ချောလမ်းအဖြစ်အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်

News Image

  • ကျောက်ဆည်-တံတားဦးမြို့ချင်းဆက် လမ်းနှင့် ဆက်သွယ်ထားသည့် အနောက်ရွာတော်ကျေးရွာလမ်းအား ကျောက်ချောလမ်းအဖြစ်အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်
  • ကျောက်ဆည်-တံတားဦးမြို့ချင်းဆက် လမ်းနှင့် ဆက်သွယ်ထားသည့် အနောက်ရွာတော်ကျေးရွာလမ်းအား ကျောက်ချောလမ်းအဖြစ်အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်

ကျောက်ဆည်၊ ဇူလိုင်-၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ မြိုပြနှင့်ကျေးလက်ကွာဟမှု မရှိစေရေးအတွက် ကျေးလက်လမ်းများအဆင့်မြှင့်တင်ခြင်း၊ တံတားများတည်ဆောက်ခြင်း/ပြုပြင်ခြင်း လုပ်ငန်းများအား ဘဏ္ဍာနှစ် အလိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဒေသထွက်ကုန်များ လွယ်ကူလျင်မြန်စွာ သယ်ယူ နိုင်ရေး ကျောက်ဆည်-တံတားဦး မြို့ချင်းဆက်လမ်းနှင့် ဆက်သွယ်ထားသည့် အနောက် ရွာတော်ကျေးရွာ အဝင် လမ်းအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရှိ ရသည်။

အနောက်ရွာတော်ကျေးရွာအဝင်လမ်းသည် ယခင်ကမြေသားလမ်းဖြစ်ပြီး မိုးတွင်းကာလတွင် သွားလာရေး ခက်ခဲမှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ၍ ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ (၈၄.၁၆) ကျပ်သန်း အကုန်အကျခံကာ အရည်အသွေးပြည့်မီစွာဖြင့် လမ်းရေရှည် တည်တံ့ရေး (၂လက်မx၄လက်မ)ကျောက်များဖြင့်ထု(၆)လက်မ၊ လမ်းအကျယ်(၁၆)ပေ၊ လမ်းအရှည်(၀.၃)မိုင် အား ကျောက်ချော လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ပြီးစီးသွားပါက အနောက်ရွာတော်ကျေးရွာမှ အိမ်ခြေ၊ အိမ်ထောင်စု(၈၀)စု၊ လူဦးရေ(၃၆၇)ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း နှင့် အခြားဒေသများနှင့် ဒေသထွက်ကုန်များ သယ်ယူရာ၌ အချိန်တိုအတွင်း လွယ်ကူမြန်စွာ သယ်ယူနိုင်တော့မည် ဖြစ်ကြောင်း သိရှိရသည်။

 

သက်မောင်(ကျောက်ဆည်)