သတင်းများ

“မူးယစ်ဆေးဝါးနှင့် စိတ်ပညာအကြောင်း သိကောင်းစရာ” လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

နေပြည်တော် ဇူလိုင် ၃၀

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် “မူးယစ်ဆေးဝါးနှင့် စိတ်ပညာအကြောင်း သိကောင်းစရာ” လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်)၌ ကျင်းပသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဂုဏ်ပြုတွေ့ဆုံပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၃၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ရေခဲတောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

 ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၌ TNLA အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။

30 July 2025

အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် နင်းမိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။

30 July 2025

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန် ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာ အသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ရပ်ကွက်/ကျေးရွာစာရေး တစ်ဦးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်

30 July 2025

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်းများကို ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။

အီရန်နိုင်ငံ မြို့တော်တီဟီရန်တွင် သတင်းစာရှင်းလင်းပွဲ တက်ရောက်နေသော အီရန်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ Esmaeil Baghaei အား ၂၀၂၅ ခုနှစ် မေ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) အရာရှိများသည် လာမည့်သီတင်းပတ်နှစ်ပတ် အတွင်း အီရန်နိုင်ငံသို့ လာရောက်၍ “နည်းပညာ အရေးကိစ္စဆွေးနွေး” နိုင်ခြေရှိကြောင်း၊ နှစ်ဖက်က မည်ကဲ့သို့ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်အပေါ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Esmaeil Baghaei က ဇူလိုင် ၂၈ ရက်တွင် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ဥရောပတိုက်အနေဖြင့် “ဒဏ်ခတ်အရေးယူမှု အမြန်ဆုံး ပြန်လည်ဖော်ဆောင်ရေး” ယန္တရားအား ပြန်လည်စတင်ပိုင်ခွင့်မရှိဟု ၎င်းက ထပ်မံအလေးထား ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း Beit Lahia နယ်စပ်ဖြတ်ကျော်ဂိတ်မှတစ်ဆင့် လူသားချင်းစာနာ ထောက်ထားမှု အထောက်အပံ့ပစ္စည်းများ ရောက်ရှိလာ ပြီးနောက် ပါလက်စတိုင်းသားများက ဂျုံအိတ်များ သယ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသရှိ လူဦးရေ သုံးပုံတစ်ပုံသည် အစာရေစာ မစားသုံးရသည်မှာ ရက်ပေါင်း အနည်းငယ် ကြာပြီဖြစ်ကြောင်း၊ ကလေးငယ်များ တစ်နေ့တစ်ခြား ပိန်လှီလာရာ ဂါဇာကမ်းမြောင် ဒေသ၏ လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းက အံ့ဩထိတ်လန့်ဖွယ်ရာဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တာဝန်ယူထားသည့် ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်နှင့် အရေးပေါ် ကူညီကယ်ဆယ်မှု ညှိနှိုင်းရေးမှူး Tom Fletcher က ဇူလိုင် ၂၇ ရက်တွင် ကြေညာချက် ထုတ်ပြန် ပြောကြားခဲ့သည်။

ဒေလီမြို့အနီး အိမ်ငှားကာ သံရုံးအယောင် ဖွင့်လှစ် လိမ်လည်နေသူကို ဖမ်းဆီးရမိ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့အနီး အိမ်တစ်လုံးကို ငှားရမ်းကာ သံရုံး အယောင်ဆောင် ရုံးခန်း ဖွင့်လှစ်ထားမှုနှင့်ပတ်သက်၍ စွပ်စွဲခံရသူ တစ်ဦး ကို အိန္ဒိယ ရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်ပါသည်။

အဖမ်းခံရသူ ဟာရှ်ဗာဓန် ဂျိန်း (၄၇ နှစ်) သည် သံအမတ်ကြီးကဲ့သို့ ဟန်ဆောင်၍ အခြားနိုင်ငံများသို့ သွားရောက် အလုပ် လုပ်ကိုင်လိုသူများ ကို အလိမ်အညာ ကတိများ ပေးကာ ငွေညစ်ခဲ့သည် ဟု အိန္ဒိယ မြောက်ပိုင်း၊ ဥတ္တရ ပဒေသြ ပြည်နယ်က အထူးရဲတပ်ဖွဲ့မှူး ဆူရှီး ဂူးလီး ပြောကြားထား ပါသည်။ 

အာဖရိကသမဂ္ဂက ဆူဒန်နိုင်ငံတွင် ဖွဲ့စည်းလိုက်သော အတိုက်အခံ အစိုးရအသစ်ကို ရှုတ်ချ

အာဖရိကသမဂ္ဂ (African Union) ၊ အာရပ်အဖွဲ့ချုပ် (Arab League) နှင့် ဆော်ဒီအာရေဗျတို့သည် ပဋိပက္ခဒဏ်ခံနေရသည့် ဆူဒန်နိုင်ငံတွင် အာဏာသိမ်းအထူးတပ်ဖွဲ့ (RSF) မှ စင်ပြိုင်အစိုးရ အဖွဲ့သစ်ဖွဲ့စည်းမည် ဟု ကြေညာချက်ကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။

ထရမ့်က ရုရှားနှင့်ကုန်သွယ်မှုကြောင့် အိန္ဒိယအပေါ် အကောက်ခွန် စည်းကြပ်မှုများ ချမှတ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားနှင့်ဆက်လက်ကုန်သွယ်မှု ပြုနေခြင်းကြောင့် အိန္ဒိယအပေါ် လာမည့်ဩဂုတ်လမှစ၍ ၂၅% အကောက်ခွန်နှင့် အပိုဒဏ်ကြေးများ စည်းကြပ်မည်ဟု ကြေညာလိုက် သည်။ ပြီးခဲ့သည့် ရက်ပိုင်းတွင် ထရမ့်က ရုရှားအား ယူကရိန်းနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရရန် ၁၀ ရက်အချိန် ပေးထားခဲ့ပြီးနောက် အဆိုပါကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။