သတင်းများ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်အဖွဲ့က "DENKO" စက်သုံးဆီ ဆိုင်အား ဝင်ရောက်ဓားပြတိုက်လုယက်ကာ ဆီဆိုင်ဝန်ထမ်းနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်

နေပြည်တော်  ဇူလိုင်  ၂၉

လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်အတွင်းတိုင်းဒေသကြီး/ပြည်နယ်အချို့တွင်အကြမ်းဖက်အဖျက်အမှောင့်လုပ်ရပ်များအားလုပ်ဆောင်လျက်ရှိသည့်အပြင်အပြစ်မဲ့အရပ်သားပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လက်နက်အားကိုးဖြင့် ဓားပြတိုက်လုယက်ခြင်း၊ ပြန်ပေးဆွဲခြိမ်းခြောက်ငွေတောင်းခံခြင်းများစသည့်အကြမ်းဖက်မှုလုပ်ရပ်များကိုပါ ကျူးလွန် လုပ်ဆောင်လျက်ရှိသည်။

ကျောက်ဆည်မြို့နယ်၊ တိုက်နယ် (၇) ၌ မိုးသီးနှံစုံ (၂၆၂၇) ဧက စိုက်ပျိုးပြီးဖြစ် ပိုမိုစိုက်ပျိုးပြီးဖြစ်

ကျောက်ဆည်၊ဇူလိုင်-၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် တိုက်နယ်(၁၂)ခုရှိပြီး ၂၀၂၅-၂၀၂၆ခုနှစ် မိုးသီးနှံများ စိုက်ပျိုးလျက်ရှိရာ  တိုက်နယ်(၇) ၌ ဇူလိုင်လ လလယ်ထိ မိုးသီးနှံစုံ(၂၆၂၇)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

ဒေသအတွင်းနှင့် အခြားဒေသထွက်ကုန်များ ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး ရေတိုက်စားသွားသော လမ်းတာပေါင် အား ပြန်လည်ပြုပြင်ပေး

ကျောက်ဆည်၊ ဇူလိုင်-၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ မြို့ပြနှင့်ကျေးလက် ကွာဟမှုမရှိစေရေး လမ်း၊ တံတားများအသစ်တည်ဆောက်ပေးခြင်း၊ ပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဒေသအတွင်းနှင့် အခြားဒေသထွက်ကုန်များ ကုန်စည် စီးဆင်းမှုမြန်ဆန်ရေး အမှတ်(၂)ခရိုင်ချင်းဆက်လမ်းမှ ရေတိုက်စားသွားသော လမ်းတာပေါင် တစ်နေရာအား ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။ 

လူသားချင်းစာနာမှု အကူအညီပစ္စည်းများ တင်ဆောင်လာသည့် ထရပ်ကားများ ကီရမ်ရှာလုံ နယ်စပ် ဂိတ်မှတစ်ဆင့် ဂါဇာဒေသသို့ စတင်ဝင်ရောက်လာ

လူသားချင်းစာနာမှု အကူအညီပစ္စည်းများ တင်ဆောင်လာသည့် ထရပ်ကားများမှာ ကီရမ်ရှာလုံ နယ်စပ်ဂိတ်ကိုဖြတ်သန်း၍ ဇူလိုင် ၂၇ ရက်က ဂါဇာကမ်းမြောင်ဒေသဆီသို့ စတင်ဝင်ရောက်လာပြီ ဖြစ်ကြောင်း ဒေသခံ ပါလက်စတိုင်း သတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။

ကနဦးတွင် အကူအညီပေးရေး ယာဉ်တန်းမှာ အီဂျစ် လခြမ်းနီအဖွဲ့၏ ကြီးကြပ်မှုအောက်တွင် အီဂျစ် နိုင်ငံဘက်ခြမ်း ရာဖာနယ်စပ်ဂိတ်၌ စုဝေးခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူများက ဆင်ဟွာသို့ ပြောကြားခဲ့သည်။