သတင်းများ

ကမ္ဘောဒီးယား ရိုးရာသဘင်ပွဲတော်အတွင်း ပြည်သူ ၆ ဒသမ ၂ သန်းကျော် ပါဝင်ဆင်နွှဲ

ဖနောင်ပင် နိုဝင်ဘာ ၁၇

ကမ္ဘောဒီးယားနိုင်ငံ၏ သုံးရက်တာ ရိုးရာရေသဘင်ပွဲတော်အတွင်း ပြည်သူ ၆ ဒသမ ၂ သန်းကျော် ပါဝင်ဆင်နွှဲခဲ့ကြောင်း ခရီးသွားလာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၇ ရက်တွင် ပြောကြားသည်။

နိုဝင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပသည့်ရေသဘင်ပွဲတော်သည် အရှေ့တောင်အာရှနိုင်ငံများတွင် ပျော်ရွှင်စရာအကောင်းဆုံးပွဲတော်များအနက်တစ်ခုဖြစ်သည်။ နိုင်ငံတစ်ဝန်းမှ ပြည်သူများသည် ရေသဘင်ပွဲတော်၏ အထင်ကရတစ်ခုဖြစ်သည့် လှေပြိုင်ပွဲကျင်းပရာ မြို့တော်၏ မြစ်ကမ်းနားသို့ လာရောက်ကြည့်ရှုခဲ့သည်။ 

မိုးလေဝသပညာရှင် Natalia didenko၏အဆိုအရ ရက်အနည်းငယ်အတွင်းပြင်းထန်သောအအေးဒဏ်သည်ယူကရိန်းကိုကျရောက်မည်ဖြစ်

မိုးလေဝသပညာရှင် Natalia didenko၏အဆိုအရ ရက်အနည်းငယ်အတွင်းပြင်းထန်သောအအေးဒဏ်သည် ယူကရိန်းကိုကျရောက်မည်ဖြစ်ကြောင်း၊ အေးစက်သည့် လေထုမျက်နှာပြင်ဟာယူကရိန်းနိုင်ငံတစ်လွှားမှာရွေ့လျားနေမှာဖြစ်ပြီး ပတ်ဝန်းကျင်အပူချိန်လျင်မြန်စွာကျဆင်းကာမိုးကနေနှင်းများပြောင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့မှစ၍အပူချိန်သည်လျင်မြန်စွာကျဆင်းလာမည်ဖြစ်သော်လည်း ယူကရိန်း တောင်ပိုင်းနှင့်အရှေ့ပိုင်းဒေသများတွင် အအေးဒဏ်ကိုအနည်းငယ် နောက်ကျမှ ခံစားရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Source: မိုးလေဝသပညာရှင် Natalia didenko

အမေရိကန်အစိုးရနောက်ကိုလိုက်၍ ပြင်သစ်နှင့်ဗြိတိန်တို့ကယူကရိန်းကိုရုရှားနယ်မြေအတွင်းသို့၎င်းတို့၏ SCALP/ Storm Shadow ဒုံးကျည်များဖြင့်နက်ရှိုင်းစွာထိုးစစ်ဆင်ရန်ခွင့်ပြု

အမေရိကန်အစိုးရနောက်ကိုလိုက်၍ ပြင်သစ်နှင့်ဗြိတိန်တို့ကယူကရိန်းကိုရုရှားနယ်မြေအတွင်းသို့၎င်းတို့၏ SCALP/ Storm Shadow ဒုံးကျည်များဖြင့်နက်ရှိုင်းစွာထိုးစစ်ဆင်ရန်ခွင့်ပြုခဲ့ကြောင်း လီဖီဂါရို သတင်းစာ ကထုတ်ဝေဖော်ပြခဲ့ပါသည်။

north korea

G20 နိုင်ငံများ၏ ထောက်လှမ်းရေးသတင်းများကို ကိုးကား၍ မြောက်ကိုရီးယားသည် ရုရှားသို့ စစ်သား ၁၀၀,၀၀၀ အထိ လွှဲပြောင်းနေရာချထားနိုင်သည်ဟု Bloomberg သတင်းက ဖော်ပြသည်။

ထုတ်ပြန်ချက်အရ စစ်သည်များပို့ဆောင်မှုအား အဆင့်ဆင့် အလှည့်ကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Source: Bloomberb.com

biden allows ukraine a strike

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် သည် ရုရှားပိုင်နက်အတွင်းသို့ တာဝေးပစ် ATACMS ဒုံးကျည်များကို ပစ်ခတ်ရန် ယူကရိန်းအား ပထမဆုံးအကြိမ် အသုံးပြုခွင့်ပေးခဲ့သည်ဟု သတင်းရင်းမြစ်များကို ကိုးကား၍ New York Times သတင်းကဖော်ပြထားပါသည်။

Source: New York Times

india's first long-range

အိန္ဒိယနိုင်ငံသည် အသံထက်မြန်သည့် တာဝေးပစ် ဒုံးကျည်ကို ပထမဆုံးအကြိမ် စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်ဟု The Indian Express သတင်းကရေးသားဖော်ပြထားသည်။
Source: The Indian Express

ပီရူးနိုင်ငံ၌ Chancay ရေနက်ဆိပ်ကမ်းဖွင့်ပွဲအခမ်းအနားကျင်းပ

ပီရူးနိုင်ငံ၌ Chancay ရေနက်ဆိပ်ကမ်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၅ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆိပ်ကမ်းသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမအစီအစဉ်၏ အဓိက စီမံကိန်းတစ်ခုဖြစ်သည်။

Chancay ဆိပ်ကမ်းဖွင့်ပွဲအခမ်းအနားသို့ ပီရူးသမ္မတ ဒိုင်နာဘော်လူရာတီနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဗီဒီယိုလင့်ခ်မှတစ်ဆင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဂျပန်ဝန်ကြီးချုပ် အီရှီဘာနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ပီရူးနိုင်ငံမြို့တော် လီမာ၌ တွေ့ဆုံ

လီမာ နိုဝင်ဘာ ၁၆

ဂျပန်ဝန်ကြီးချုပ် အီရှီဘာနှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့သည် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပတ်သက်ပြီး ဆွေးနွေးရာတွင် အပြုသဘောဆောင်ပြီး တည်ငြိမ်သောဆက်ဆံရေးကို တည်ဆောက်ကြမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေး

ရုရှား-ယူကရိန်းစစ်ပွဲတွင် ရုရှားဘက်က ပါဝင်ကူညီပေးနေသည့် မြောက်ကိုးရီးယားတပ်များကို တားမြစ်ပေးရေးဆောင်ရွက်ပေးရန် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က တရုတ်သမ္မတရှီကျင့်ဖျင်ကို တိုက်တွန်း

ရုရှား-ယူကရိန်းစစ်ပွဲတွင် ရုရှားဘက်က ပါဝင်ကူညီပေးနေသည့် မြောက်ကိုးရီးယားတပ်များကို တားမြစ်ပေးရေးဆောင်ရွက်ပေးရန် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က တရုတ်သမ္မတရှီကျင့်ဖျင်ကို တိုက်တွန်းလိုက်ပါသည်။

ထရန့်အား တာဝန်လွှဲပြောင်းပေးရေး မတိုင်မီ ဘိုင်ဒင်၏ နောက်ဆုံးအကြိမ်တွေ့ဆုံမှုဖြစ်သည့် နိုဝင်ဘာလ ၁၆ ရက်နေ့က ကျင်းပသော အာရှပစိဖိတ်စီးပွားရေးပူးပေါင်းမှု ထိပ်သီးအစည်းအဝေးတွင် အမေရိကန်သမ္မတက တရုတ်သမ္မတကို  ယင်းသို့ တိုက်တွန်းလိုက်ကြောင်း သိရှိရသည်။

Source- theguardian.com