အမေရိကန်အစိုးရနောက်ကိုလိုက်၍ ပြင်သစ်နှင့်ဗြိတိန်တို့ကယူကရိန်းကိုရုရှားနယ်မြေအတွင်းသို့၎င်းတို့၏ SCALP/ Storm Shadow ဒုံးကျည်များဖြင့်နက်ရှိုင်းစွာထိုးစစ်ဆင်ရန်ခွင့်ပြု

News Image

  • အမေရိကန်အစိုးရနောက်ကိုလိုက်၍ ပြင်သစ်နှင့်ဗြိတိန်တို့ကယူကရိန်းကိုရုရှားနယ်မြေအတွင်းသို့၎င်းတို့၏ SCALP/ Storm Shadow ဒုံးကျည်များဖြင့်နက်ရှိုင်းစွာထိုးစစ်ဆင်ရန်ခွင့်ပြု

အမေရိကန်အစိုးရနောက်ကိုလိုက်၍ ပြင်သစ်နှင့်ဗြိတိန်တို့ကယူကရိန်းကိုရုရှားနယ်မြေအတွင်းသို့၎င်းတို့၏ SCALP/ Storm Shadow ဒုံးကျည်များဖြင့်နက်ရှိုင်းစွာထိုးစစ်ဆင်ရန်ခွင့်ပြုခဲ့ကြောင်း လီဖီဂါရို သတင်းစာ ကထုတ်ဝေဖော်ပြခဲ့ပါသည်။

ဂျာမနီ ဝန်ကြီးချုပ် Scholz က သမ္မတ ပူတင် ကိုဖုန်းဆက်ခဲ့ပြီးနောက် အဆိုပါကိစ္စရပ်များကိုမျှော်လင့်ထားကြောင်း၊ ရုရှားအပေါ်အနောက်တိုင်းဒုံးကျည်တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ဂျာမနီ ဝန်ကြီးချုပ် Scholz ကသတိပေးခဲ့ပြီး ပူတင်ကို ယူကရိန်းကနေ တပ်ဖွဲ့တွေရုပ်သိမ်းဖို့တောင်းဆိုခဲ့ကြောင်း၊ သမ္မတ ပူတင်၏တုံ့ပြန်မှုသည် ယူကရိန်းအပေါ်ကြီးမားသော ဒုံးကျည်တိုက်ခိုက်မှုဖြစ်ခဲ့ကြောင်း၊   NATO နယ်မြေရှိအတွင်းရှိ စစ်တပ်အဆောက်အအုံများအပေါ်ရုရှား၏လက်တုံ့ပြန်တိုက်ခိုက်မှုမတိုင်မီ အချိန်အနည်းငယ်သာကျန်ရှိတော့ကြောင်း ရေးသားဖော်ပြထားပါသည်။

Source: လီဖီဂါရို သတင်းစာ