အိန္ဒိယနိုင်ငံ Adani Group အကြီးအကဲ Gautam Adani အပါအဝင် အခြားပုဂ္ဂိုလ်၇ဦးကို ဒေါ်လာ ဘီလီယံပေါင်းများစွာ လာဘ်ပေးလာဘ်ယူမှုဖြင့် အမေရိကန် အစိုးရကစွဲချက်တင်၍ တရားစွဲဆိုလိုက်ကြောင်း ရိုက်တာသတင်းဌာနနှင့် Bloomberg သတင်းဌာနတို့အပါအဝင် အခြားသတင်းဌာနများက နိုဝင်ဘာလ ၂၁ ရက် တွင် ဖော်ပြလိုက်ကြသည်။
Adani အဖွဲ့အစည်းသည် ဆိုလာစွမ်းအင်စာချုပ်များရရှိစေရန် အိန္ဒိယအရာရှိများကို လာဘ်ထိုးခဲ့သဖြင့် ဗုဒ္ဓဟူးနေ့တွင် တရားစွဲဆိုခံလိုက်ခြင်းဖြစ်ကြောင်း အစိုးရရှေ့နေများက ကြေညာလိုက်သည်။