ကမ္ဘောဒီးယား ရိုးရာသဘင်ပွဲတော်အတွင်း ပြည်သူ ၆ ဒသမ ၂ သန်းကျော် ပါဝင်ဆင်နွှဲ

News Image

  • ကမ္ဘောဒီးယား ရိုးရာသဘင်ပွဲတော်အတွင်း ပြည်သူ ၆ ဒသမ ၂ သန်းကျော် ပါဝင်ဆင်နွှဲ

ဖနောင်ပင် နိုဝင်ဘာ ၁၇

ကမ္ဘောဒီးယားနိုင်ငံ၏ သုံးရက်တာ ရိုးရာရေသဘင်ပွဲတော်အတွင်း ပြည်သူ ၆ ဒသမ ၂ သန်းကျော် ပါဝင်ဆင်နွှဲခဲ့ကြောင်း ခရီးသွားလာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၇ ရက်တွင် ပြောကြားသည်။

နိုဝင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပသည့်ရေသဘင်ပွဲတော်သည် အရှေ့တောင်အာရှနိုင်ငံများတွင် ပျော်ရွှင်စရာအကောင်းဆုံးပွဲတော်များအနက်တစ်ခုဖြစ်သည်။ နိုင်ငံတစ်ဝန်းမှ ပြည်သူများသည် ရေသဘင်ပွဲတော်၏ အထင်ကရတစ်ခုဖြစ်သည့် လှေပြိုင်ပွဲကျင်းပရာ မြို့တော်၏ မြစ်ကမ်းနားသို့ လာရောက်ကြည့်ရှုခဲ့သည်။ 

ပွဲတော်ရက်အတွင်း ပြည်တွင်းခရီးသွား ၆ ဒသမ ၂ သန်းခန်းနှင့် နိုင်ငံခြားသားခရီးသွား ၅၂၄၉၈ ဦးလာရောက်ခဲ့ကြောင်း ခရီးသွားလာရေးဝန်ကြီးဌာနက ပြောသည်။

ရေသဘင်ပွဲတော်ကို နိုင်ငံ၏ ထူးခြားသော ရိုးရာယဉ်‌ကျေးမှု ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းလျက် ပျော်ရွှင်စွာကျင်းပနိုင်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပခရီးသွားများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိသည်ကို တွေ့မြင်ရသည့်အတွက် လွန်စွာဝမ်းမြောက်ကြည်နူးမိပါကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ပြောကြားသည်။

ပွဲတော်အတွင်း ပါဝင်ဆင်နွှဲသူအားလုံး၏ လုံခြုံဘေးကင်း‌ရေးနှင့် အများပြည်သူဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ လိုက်နာရန်အတွက် ပံ့ပိုးကူညီပေးသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို ကျေးဇူးတင်ရှိပါကြောင်း ဝန်ကြီးချုပ် ဟွန်မာနက်က ၎င်း၏ အင်တာနက်စာမျက်နှာတွင် ရေးသားခဲ့သည်။

ကိုးကား- ဆင်ဟွာ

Source- ကြေးမုံသတင်းစာ