ဆောင်းနေကြာသီးနှံ မျိုးစေ့ထုတ်စိုက်ခင်း ၄၅ ဧက အကောင်အထည်ဖော် စိုက်ပျိုးထားရှိ

News Image

  • ဆောင်းနေကြာသီးနှံ မျိုးစေ့ထုတ်စိုက်ခင်း ၄၅ ဧက အကောင်အထည်ဖော် စိုက်ပျိုးထားရှိ

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၌     ဒေသတွင်း စားသုံးဆီဖူလုံစေရေး၊ဆီထွက်သီးနှံ(နေကြာ)  စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် နေကြာသီးနှံကိုတောင်သူအချင်းချင်း  မျိုးသန့်ပွားသုံးစွဲနိုင်စေရန် ရည်ရွယ်၍  ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆောင်းနေကြာသီးနှံမျိုးစေ့ထုတ် စိုက်ခင်း ၄၅ ဧကကို ဒေသခံအကျိုးဆောင်တောင်သူများနှင့်  ပူးပေါင်းပြီး  အကောင်အထည်ဖော် စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  သိရသည်။

ထိုသို့စိုက်ပျိုးရာတွင်  မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့်  ဒေသခံအကျိုးဆောင်တောင်သူများပူးပေါင်းပြီး    ဒေသခံတောင်သူ  ၁၃  ဦးဖြင့်  မြို့နယ်အတွင်းရှိ ကျေးရွာများတွင်  ယခုနှစ်  ဆောင်းသီးနှံ စိုက်ပျိုးရာသီအတွက် ဆောင်းနေကြာသီးနှံ မျိုးစေ့ထုတ်စိုက်ခင်းအဖြစ် ဆင်းရွှေကြာ-၂ ဧက ၃၀ နှင့် ရေဆင်းမျိုး-၁ ၁၅ ဧက စုစုပေါင်း ၄၅ ဧကကို အကောင်အထည်ဖော် စိုက်ပျိုးထားကြောင်း၊ ဆောင်းနေကြာသီးနှံ မျိုးစေ့ထုတ်စိုက်ခင်း ဆောင်ရွက်သည့် အကျိုးဆောင်တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေး သွင်းအားစုအနေဖြင့် ဆင်းရွှေကြာ-၂ မျိုးစေ့တစ်ဧကလျှင် 3 Kg နှုန်း၊ ရေဆင်းမျိုး-၁ မျိုးစေ့တစ်ဧကလျှင်  အဖို 1 Kg နှင့်  အမ 3 Kg နှုန်း    ပံ့ပိုးပေးထားသည့်အပြင် ယူရီးယားဓာတ်မြေဩဇာ တစ်ဧကလျှင် 50 Kg တစ်အိတ်နှုန်းကို  ဌာနမှသတ်မှတ်ဈေးနှုန်းအတိုင်း    ဖြန့်ဖြူးရောင်းချ ပေးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာန ဦးစီးမှူး ဦးကျော်စိုးလင်းက ပြောသည်။

မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် အဆိုပါ နေကြာမျိုးစေ့ထုတ်စိုက်ခင်း ၄၅ ဧကအပါအဝင် ဆောင်းနေကြာသီးနှံကို မျိုး၊ မြေ၊ ရေ၊ စိုက်နည်းတို့ကို အခြေခံ၍ သီးသန့်၊ သီးထပ်၊  သီးညှပ်  စိုက်ခင်းများအဖြစ် ဧကပေါင်း ၂၉၇၈၈ ဧကအထိ တိုးချဲ့စိုက်ပျိုး ထားကြောင်း သိရသည်။ 

Source: Myawady Web Portal