တရုတ်စမတ်ဖုန်းဈေးကွက် ပြိုင်ဆိုင်ရန် ပရိုမိုးရှင်းပေးမည့်အစီအစဉ် တရုတ်ကို Apple ကမ်းလှမ်း
တရုတ်နိုင်ငံတွင် နောက်ဆုံးပေါ် iphone များကို ယွမ် ၅၀၀ (အမေရိကန် ဒေါ်လာ ၆၈.၅၀) အထိ ပရိုမိုးရှင်းဖြင့်ရောင်းချမည့်အစီအစဉ်သစ်အား Apple က တရုတ်ကို ကမ်းလှမ်းလိုက်ပါသည်။ ထိုအစီအစဉ်မှာ Huawei ကဲ့သို့ တရုတ်ပြည်တွင်းထုတ် စမတ်ဖုန်းထုတ်လုပ်သူများကို ပြိုင်ဆိုင်ရန် ရည်ရွယ်ထားပါသည်။
ပရိုမိုးရှင်းပေးမည့်အစီအစဉ်မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၄ ရက်မှ ၇ ရက်အထိ ၄ ရက်တာ ကြာမြင့်မည်ဖြစ်ပြီး iPhone အမျိုးအစားအလိုက် ပရိုမိုးရှင်းပေးမည့် ဈေးနှုန်း များကို Apple ဝက်ဆိုက်ဒ်တွင်ဖော်ပြပေးထားပါသည်။
ကမ်းလှမ်းမှုအစီအစဉ်အရ ၇၉၉၉ ယွမ်ဈေးနှုန်းရှိ iPhone 16 Pro နှင့် ၉၉၉၉ ယွမ်ဈေးနှုန်းရှိ iPhone 16 Pro Max တို့အတွက် ယွမ် ၅၀၀ ပရိုမိုးရှင်း ရရှိမည် ဖြစ်ပြီး iPhone 16 နှင့် iPhone 16 Plus တို့အတွက် ၄၀၀ ယွမ် ပရိုမိုးရှင်း ရရှိမည်ဖြစ်ပါသည်။
တရုတ်သည် ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်း ဈေးကွက်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ဖုန်းထုတ်လုပ်သူများအကြား ပြိုင်ဆိုင်မှု ပြင်းထန်လျက်ရှိပါသည်။
ကိုးကား - CNA