သတင်းများ

တပေါင်းလပြည့်နေ့၌ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဘုရား၊ စေတီများ၌ ကုသိုလ်ဒါနပြုကြသူ ဘုရားဖူးလာပြည်သူများဖြင့်စည်ကား

ရန်ကုန် မတ် ၁၃

ယနေ့သည် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်များတွင် အပါအဝင်ဖြစ်သည့် တပေါင်းလပြည့်နေ့ဖြစ်သည့် အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဘုရား၊ စေတီများ၌ ကုသိုလ်ဒါနပြုကြသူ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ တပေါင်းလပြည့်နေ့ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းပွဲနှင့် (၂၆၁၃) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲရေစက်ချအခမ်းအနားကို ယနေ့နံနက်ပိုင်းမှစတင်၍ စေတီတော်ရင်ပြင်သတ်မှတ်နေရာများ ၌ ကျင်းပသည်။

 ဦးစွာ နံနက် ၅ နာရီတွင် ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ တပေါင်းလပြည့်နေ့ ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းပွဲကို ရွှေတိဂုံစေတီတော်ရင်ပြင်မြောက်ဘက်မုခ်ရှိ အောင်မြေ၌ ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် ဂေါပကရုံးဝန်ထမ်းများက ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းကြ​သည်။

ထို့နောက် ရွှေတိဂုံစေတီတော် (၂၆၁၃) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲ ရေစက်ချအခမ်းအနား ကို ရွှေတိဂုံစေတီတော်ရင်ပြင် ရာဟုထောင့်ရှိ ချမ်းသာကြီး တန်ဆောင်း၌ ဆက်လက်ကျင်းပရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။

ယင်းနောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ တိပိဋကဓရတိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိကစွန်းလွန်းဆရာတော်ဘဒ္ဒန္တသုန္ဒရထံမှ ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ကြပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့အလှည့်ကျသဘာပတိဂေါပကအဖွဲ့ဝင် ဦးကျော်ဇေယျက ဗုဒ္ဓပူဇနိယမင်္ဂလာအနုမောဒနာအား လျှောက်ထားသည်။

ဆက်လက်၍ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် သံဃာတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဂေါပကအဖွဲ့ဝင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်ကြပြီး ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သ.စ.အ ဓမ္မာစရိယဝဋံသကာပါဠိပါရဂူ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာဆရာတော်) ထံမှ ဧည့်ပရိသတ်များက အနုမောဒနာတရားနာကြား၍ ရေစက်ချအမျှပေးဝေကြသည်။

ထို့နောက် စေတီတော်ရင်ပြင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဩဝါဒါစရိယဆရာတော်ကြီးများနှင့် သံဃာတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ထို့အတူ ယနေ့တပေါင်းလပြည့်နေ့တွင် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၊ မဟာဝိဇယစေတီတော်၊ ဆူးလေစေတီတော်၊ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၊ ဝရဒါဌာဓာတုစေတိယစွယ်တော်မြတ်စေတီတော် (ရန်ကုန်)၊ မင်းဓမ္မကုန်းရှိ လောကချမ်းသာ အဘယလာဘမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ရွှေဘုန်းပွင့်စေတီတော်၊ သမိုင်းဝင်ကျိုက္ကစံဆံတော်ရှင်စေတီတော်၊ ဆုတောင်းပြည့် မယ်လမုစေတီတော်နှင့် ကိုးထပ်ကြီးဘုရားတို့တွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားများပြားခဲ့ကြောင်း သိရသည်။ -ကိုကိုဇော် (MNA)

Source: MOI

နေပြည်တော် မတ် ၁၃

၂၀၂၅ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးအတွင်း၌ ဆင်ယင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို၍ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပြီး ဆွမ်းဆန်စိမ်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူကြသည်။

အခမ်းအနားသို့ အထူးပင့်ဖိတ်ထားသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတအဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိကဗဟုဇနဟိတဓရဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသတို့ အမှူးပြုသည့် ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ကော်ရော်အပူဇော်ခံတော်မူကြမည့် ပြည်တွင်း၊ ပြည်ပဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ဆရာကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဇနီး၊ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်များ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက အခမ်းအနားအဖွင့်စာတမ်းကို ဖတ်ကြားလျှောက်ထား၍ အခမ်းအနားကို ဖွင့်လှစ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ဘုရားကြီးထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြသည်။

ယင်းနောက် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရ မဟာထေရ်က သမ္မောဒနီယဩဝါဒကထာကို မြွက်ကြားချီးမြှင့်တော်မူပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။

ထို့နောက် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ မဟာထူပါရုံစာသင်တိုက် ဆရာတော် ဘဒ္ဒန္တပညောဘာသာထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ဆက်ကပ်ပူဇော်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ကျောင်းထိုင်ဘုန်းတော်ကြီးသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တကေသဝထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ဆက်ကပ်ပူဇော်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ မဟာဝိသုဒ္ဒါရုံ (ပါဠိတက္ကသိုလ်) ရွှေကျင်တိုက်သစ် ဆရာတော် တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ယောဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသထံလည်းကောင်း၊ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ခေမာသီဝံစာသင်တိုက်ဆရာတော် ဘဒ္ဒန္တစန္ဒဝရာဘိဝံသထံလည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ဆက်ကပ်ပူဇော်ကြသည်။

ဆက်လက်၍ ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘွဲ့ရရှိသည့် ဆရာတော်ကြီးများထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ဆက်ကပ်ပူဇော်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးက အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ သမိဒ္ဓေါဒယဖျာပုံ သီလရှင်စာသင်တိုက်နာယက သီလရှင်ဆရာကြီး ဒေါက်တာ ဒေါ်စန္ဒသိင်္ဂီနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ဇေယျသိင်္ဂီချောင် သီလရှင်စာသင်တိုက်နာယက သီလရှင်ဆရာကြီး ဒေါ်ဝိသိင်္ဂီတို့ထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ပူဇော်ကြသည်။

ဆက်လက်၍ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်များကို ချီးမြှင့်အပ်နှင်းရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရဘွဲ့ရရှိသူများဖြစ်ကြသည့် ဦးကျော်ဖေ၊ ဦးကျော်ဇေယျနှင့် ဦးဘရန်မိုင်တို့အား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ချီးမြှင့်အပ်နှင်းသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က သီရိသုဓမ္မမဏိဇောတဓရဘွဲ့ရရှိသူ ဦးမြင့်စိုးထွန်းအား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များကို ချီးမြှင့်အပ်နှင်းသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးက သီရိသုဓမ္မသိင်္ဂီဘွဲ့ရရှိကြသည့် ဒေါ်သန်းသန်းနွယ်၊ ဒေါ်ခင်အေးမြင့်၊ ဒေါ်ထွေးထွေးညွန့်၊ ဒေါ်အေးမြင့်၊ ဒေါ်မြင့်မြင့်ရီတို့အားလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၏ ဇနီးက သီရိသုဓမ္မသိင်္ဂီဘွဲ့ရရှိကြသည့် ဒေါ်လှဝင်း၊ ဒေါ်မူမူစန်း၊ ဒေါ်ဝါဝါလှိုင်နှင့် ဒေါ်ချောစုမြတ်တို့အားလည်းကောင်း ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များကို ချီးမြှင့်အပ်နှင်းသည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်ပရိသတ်များက အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြကာ “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ပြည်တွင်း/ပြည်ပ ဆရာတော်၊ သံဃာတော် ၁၂၀ ပါး၊ သီလရှင်ဆရာကြီး ၂ ပါးနှင့် လူပုဂ္ဂိုလ် ၁၀ ဦးတို့ကို သာသာနာတော်ဆိုင်ရာဘွဲ့တံဆိပ်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ခဲ့ပြီး ယနေ့ကျင်းပသည့် ၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ပူဇော်ပွဲအခမ်းအနားတွင် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၈ ပါး၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၅ ပါး၊ အဂ္ဂမဟာ ပဏ္ဍိတဘွဲ့တံဆိပ်တော်ရဆရာတော်ကြီး ၂၀ ပါး၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၅၂ ပါး၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘွဲ့တံဆိပ်တော်ရဆရာတော်ကြီး ၂၅ ပါး၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁၀ ပါးနှင့် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင် ဆရာကြီး ၂ ပါးတို့အား ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပူဇော်ခဲ့ပြီး သာသနာနုဂ္ဂဟဘွဲ့တံဆိပ်ရရှိကြသည့် လူပုဂ္ဂိုလ် ၁၃ ဦးတို့ကို ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များကို ချီးမြှင့်အပ်နှင်းခဲ့သည်။ ကျန်ရှိသည့် ဘွဲ့ခံဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်များကိုလည်း သက်ဆိုင်ရာနေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက အသီးသီးဆက်ကပ်ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။

ဆက်လက်ပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ အလှူရှင်များက ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ကော်ရော်အပူဇော်ခံတော်မူခဲ့ကြသည့် ပြည်တွင်း၊ ပြည်ပဆရာတော်၊ သံဃာတော်များနှင့် ဘွဲ့ခံသီလရှင်ဆရာကြီးများအား မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ပရိဝုဏ်အတွင်းရှိ သက်ဆိုင်ရာမဏ္ဍပ်များမှ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။

ကိုဗစ်-၁၉ ၏ မူလဇစ်မြစ်ကို ဂျာမနီထောက်လှမ်းရေးများတွေ့ရှိဟု ဆို

ဂျာမနီနိုင်ငံခြား ထောက်လှမ်းရေးအေဂျင်စီ (BND)သည် Covid-19 ရောဂါပျံ့နှံမှုသည် ဓာတ်ခွဲခန်းမှ အစပြုကြောင်းယုံကြည်စိတ်ချရသည့် ကူးစက်ရောဂါ၏အစောပိုင်းကာလများမှ သက်သေအထောက်အထားများ ရရှိခဲ့ကြောင်း ဂျာမန်သတင်းစာများက မတ်လ ၁၂ ရက်နေ့တွင် ဖော်ပြ ခဲ့သည်။ ဘာလင်သည် ဖြစ်နိုင်ခြေရှိသော အမှားနှင့် နိုင်ငံရေးအရ ငြိမ်းချမ်းမှု ပြိုကွဲမည်ကို စိုးရိမ်သောကြောင့် တွေ့ရှိမှုကိုလျှို့ဝှက်ထားရန် ဆုံးဖြတ်ခဲ့သည်ဟု ၎င်းတို့၏ကိုယ်ပိုင် စုံစမ်းထောက်လှမ်းမှုများကို ကိုးကားပြီး မီဒီယာများက ပြောကြားခဲ့ပါသည်။ 

BND သည် ၂၀၂၀ ပြည့်နှစ် အစောပိုင်းရက်သတ္တပတ်များတွင် ဗိုင်းရပ်စ်၏ ဇာစ်မြစ်ကို စုံစမ်းရန် အထူးအဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့ကြောင်း အစီရင်ခံစာ တွင်ဖော်ပြထားပါသည်။ ၎င်းတို့သည် ဝူဟန်ဓာတ်ခွဲခန်းအပါအဝင် တရုတ် အစိုးရအေဂျင်စီများနှင့် သိပ္ပံဆိုင်ရာအဖွဲ့အစည်းများကို အာရုံစိုက် ထောက်လှမ်းခဲ့ပြီး ကိုဗစ်ရောဂါနှင့်ပတ်သက်သည့် အရေးကြီးစာရွက်စာတမ်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါသည်။ 

ဂျာမန်ထောက်လှမ်းရေး အေဂျင်စီ၏တွေ့ရှိချက်တွင် ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်မှုများဆိုင်ရာ အချက်အလက်များအပြင် လူ့ဦးနှောက်အပေါ် ကိုရိုနာဗိုင်းရပ်စ်၏ သက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းသည့် ၂၀၁၉ မှ ၂၀၂၀ အထိ မထုတ်ဝေရသေးသောလေ့လာမှုများ ပါဝင်သည်။ 

“တွေ့ရှိချက်အရ အစောပိုင်းအဆင့်တွင် ဝူဟန်ဗိုင်းရပ်စ်ဟု ယူဆရသည့် ဗိုင်းရပ်စ်နှင့်ပတ်သက်သော ပုံမှန်မဟုတ်သည့် ဗဟုသုတအများအပြားကို ရရှိနိုင်ကြောင်း အကြံပြုထားပါသည်”ဟု ဂျာမန်သတင်းစာ ဒိုင်ဇစ်က ဖော်ပြ ခဲ့ပါသည်။ အဆိုပါပစ္စည်းများကို ဗိုင်းရပ်စ်ဗေဒပညာရှင် ဦးဆောင်သော BND လေ့လာဆန်းစစ်ရေး အဖွဲ့တစ်ဖွဲ့က အကဲဖြတ်ခဲ့ကြောင်း သိရပါသည်။ အဖွဲ့သည် အခြားနိုင်ငံများမှရရှိသော လေ့လာမှုများနှင့် ပစ္စည်းများနှင့်အတူအချက်အလက်များကိုအပြန်အလှန်ကိုးကားပြီး Covid-19 သည် “တရုတ် ဓာတ်ခွဲခန်းမှ အစပြုဖွယ်ရှိကြောင်း” ၈၀ မှ ၉၅% သေချာမှုဖြင့် နိဂုံးချုပ် ခဲ့ပါသည်။ BND သည် ဝူဟန်ဓာတ်ခွဲခန်းရှိ ပေါ့လျော့သော ဘေးကင်းရေးစည်းမျဉ်းများကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်ဟု ယုံကြည်ထားသည်ဟု ဆိုသည်။

CIA က Covid-19 သည် ဓာတ်ခွဲခန်းတစ်ခုမှ စတင်ခဲ့သည်ဟူသော အချက်ကို အနည်းငယ်ယုံကြည်ကြောင်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ပြောကြားခဲ့သည်။ တရုတ်အစိုးရက Covid-19 သည် ဓာတ်ခွဲခန်း ယိုစိမ့်မှုမှစတင်ခဲ့သည်ဟူသောအချက်ကို ထပ်ခါတလဲလဲ ငြင်းဆိုခဲ့သည်။ အခြားအဓိက သီအိုရီတစ်ခုမှာ Covid-19 သည် သဘာဝအရင်းအမြစ် တစ်ခုမှ စတင်ခဲ့ပြီး အထူးသဖြင့် တိရစ္ဆာန်များမှ လူသို့ကူးစက်မှုဖြင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု အဆိုပြုထားသည်။

SZ နှင့် Die Zeit တို့၏ စုံစမ်းစစ်ဆေးမှုအပြီးတွင် ဘာလင်က BND ၏ တွေ့ရှိချက်များကို ဂျာမန်ပါလီမန်နှင့် WHO တို့သို့ မျှဝေမည်ဖြစ်ပြီး အေဂျင်စီ၏ ကောက်ချက်များနှင့်ပတ်သက်သည့် သိပ္ပံနည်းကျ အကဲဖြတ်မှု ဆိုင်ရာ အချို့သောပစ္စည်းများကို နောင်တစ်ချိန်တွင် ပြည်သူလူထုထံ ချပြထုတ်ပြန်ပေးသွားမည်ဟု ပြောကြားခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

တိုက်တေနီယမ်နှလုံးအတုဖြင့် ရက်ပေါင်း ၁၀၀ အသက်ရှင်နေထိုင်ခဲ့ပြီး စမ်းသပ်မှု အောင်မြင်စွာပြီးဆုံးခဲ့

ဩစတြေးလျနိုင်ငံသားတစ်ဦးသည် နှလုံးလှူဒါန်းသူရှာနေစဉ် တိုက်တေ နီယမ်နှလုံးတုဖြင့် ရက်ပေါင်း ၁၀၀ အသက်ရှင်နေထိုင်ခဲ့ပြီး အဆိုပါ နည်းပညာဖြင့် အချိန်အကြာဆုံး အသက်ရှင်နေထိုင်နိုင်သူဖြစ်ခဲ့သည်။

အသက် ၄၀ ကျော် လူနာတစ်ဦးသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ဆစ်ဒနီမြို့ရှိ St. Vincent’s Hospital တွင် ခွဲစိတ်ကုသမှုခံယူပြီး နှလုံးတုကို အစားထိုးထည့်သွင်းခဲ့သည်။

ဖေဖော်ဝါရီလတွင် နှလုံးလှူဒါန်းသူရရှိသည်အထိ တိုက်တေနီယမ် နှလုံးတု က ၎င်း၏အသက်ကို ဆက်လက်ရှင်သန်စေခဲ့ပြီး ဆေးရုံမှ ဆင်းခွင့်ရခဲ့သည့် ကမ္ဘာ့ပထမဆုံးလူနာ ဖြစ်လာခဲ့သည်။ 

St. Vincent’s Hospital၊ Monash University နှင့် ယင်းကိရိယာကို တီထွင်သည့် အမေရိကန်-ဩစတြေးလျ ကုမ္ပဏီ BiVACOR တို့မှ မတ်လ ၁၂ ရက်နေ့က ထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ ပြင်းထန်သည့် နှလုံး ရောဂါရှိသူ အဆိုပါလူနာသည် “ရောဂါမှ ပြန်လည်နာလန်ထူ သက်သာလာသည်” ဟု ဖော်ပြထားသည်။

တိုက်တေနီယမ်နှလုံးတုက လူ့အသက်ကို ကြာရှည်စွာ ထိန်းသိမ်းပေး နိုင်ခြင်းသည် နှလုံးရောဂါခံစားနေရသူများအတွက် ရေရှည်အစားထိုးနိုင်သည့် နည်းလမ်းတစ်ခုဖြစ်လာနိုင်ကြောင်း မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်။ အဆိုပါကိရိယာကို စမ်းသပ်မှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး ယခုအချိန်ထိ သာမန်အသုံးပြုရန် ခွင့်ပြုချက်မရရှိသေးပါ။

BiVACOR ၏ တည်ထောင်သူ ဩစတြေးလျနိုင်ငံသား ဇီဝအင်ဂျင်နီယာ Daniel Timms က နှလုံးရောဂါဖြင့် ဖခင်ဆုံးပါးပြီးနောက် အဆိုပါ ကိရိယာ ကို တီထွင်ခဲ့သည့် အကြောင်းကို ပြောကြားရာတွင် “ဆယ်စုနှစ်များစွာ အားထုတ်ခဲ့မှု၏ ရလဒ်ကောင်းရရှိလာသည်ကို မြင်ရသည်မှာ စိတ်လှုပ် ရှားဖွယ်ကောင်းသည်” ဟု ပြောကြားခဲ့သည်။

အဆိုပါကိရိယာသည် ကိုယ်ခန္ဓာနှင့် အဆုတ်သို့ သွေးများကို ညှစ်ထုတ်ပေးပြီး ပျက်စီးနေသည့် နှလုံး၏ နှစ်ဖက်စလုံးရှိ သွေးခန်းများ (ventricles) ကို အစားထိုးပေးနိုင်သည်။

ရေရှည်ရည်မှန်းချက်မှာ ယင်းကိရိယာကို အသုံးပြု၍ သင့်လျော်သော လှူဒါန်းသူများအတွက် စောင့်ဆိုင်းနေရသူများကို ပိုမိုကယ်တင်နိုင်ရန် ဖြစ်သည်။အမေရိကန် ကျန်းမာရေးဌာန၏ အဆိုအရ ၂၀၂၄ ခုနှစ်တွင် လူပေါင်း ၃,၅၀၀ ခန့်သည် နှလုံးအစားထိုးကုသမှုခံယူခဲ့ပြီး ထိုနှစ်တွင်ပင် လူပေါင်း ၄,၄၀၀ ခန့်သည် စောင့်ဆိုင်းစာရင်းတွင် ပါဝင်ခဲ့သည်။

ယင်းကိရိယာကို အမေရိကန်ပြည်ထောင်စုရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) ၏ Early Feasibility Study တွင် စမ်းသပ်ပြီး ဖြစ်ပြီး လူနာ ၅ ဦးအား အောင်မြင်စွာ အစားထိုး ထည့်သွင်းထားနိုင်ခဲ့သည်။

ကိုးကား-CNN

၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူတော်မူမည့် ဆရာတော်ကြီးများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ နေ့ဆွမ်းဆက်ကပ်လှူဒါန်း

နေပြည်တော် မတ် ၁၁

၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံယူတော်မူမည့် ဆရာတော်ကြီးများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးဒေါ်ကြူကြူလှတို့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၌ နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။

တက်ရောက်ကြည်ညို

အခမ်းအနားသို့ အထူးပင့်ဖိတ်ထားသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့မစိုးရိမ်တိုက်သစ် မဟာနာယကဓမ္မသမိဒ္ဓိ ကျောင်းဆရာတော်အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာ ဘိဝံသတို့အမှူးပြုသည့် ပြည်တွင်း၊ ပြည်ပဘွဲ့ခံ ဆရာတော် ၁၁၈ ပါးနှင့် ဘွဲ့ခံသီလရှင်ဆရာကြီးနှစ်ပါးတို့ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီးဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

ကပ်လှူပူဇော်

အခမ်းအနားမစတင်မီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီးအတွင်းရှိ မာရဝိဇယနောင်တော်ကြီး ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်၊ သောက်တော်ရေချမ်းနှင့် ဆီမီးတို့ကပ်လှူပူဇော်သည်။

ပရိတ်တရားတော်များနာယူ

ထို့နောက် အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးအမှူးပြုသော ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်း ဆရာတော်ဘုရားကြီးထံသို့ လည်းကောင်း၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီးတို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော်ကြီးထံသို့ လည်းကောင်း၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့်ဇနီးများ၊ အခမ်းအနားသို့ တက်ရောက်လာသည့်အကြီးအကဲများက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံယူမည့် ဆရာတော်ကြီးများထံသို့လည်းကောင်း လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

ဆက်ကပ်လှူဒါန်း

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီးက ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံယူမည့် သီလရှင်ဆရာကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။

ရေစက်သွန်းလောင်းအမျှပေးဝေ

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင် မန္တလေးမြို့မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြပြီး “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီးနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့မစိုးရိမ်တိုက်သစ် ဆရာတော်ကြီးတို့အမှူးပြုသည့် ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ကော်ရော် အပူဇော်ခံတော်မူကြမည့် ပြည်တွင်း၊ ပြည်ပဘွဲ့ခံဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။      

စင်ကာပူတွင် စွမ်းအင်ဖြည့် အားဆေးသောက်ပြီး အရေပြားရောဂါ ဖြစ်လာသူ (၉) ဦးထိရှိ

စင်ကာပူတွင် စွမ်းအင်ဖြည့်အားဆေးသောက်ပြီး နာကျင်စေသော အရည်ကြည်ဖုထွက်ခြင်း၊ အရေပြားကွာကျခြင်းနှင့် ခန္ဓာကိုယ်ပြင်ပ ပြင်းထန်ဒဏ်ရာများခံစားနေရသူ လူနာ ၉ ဦးထိရှိသည်ဟု သိရပါသည်။

ကိုယ်ခံစွမ်းအင် အဆင့်မြှင့်တင်ရန် ရည်ရွယ်ထုတ်လုပ်ထားသော ဆေးဝါးများသောက်ပြီးနောက် အရေပြားနီမြန်းခြင်း၊ အရေခွံကွာခြင်း၊ အရည်ကြည်ဖုပေါက်ခြင်းစသည့် ပြင်းထန်အရေပြားရောဂါများ ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ မှ ၂၀၂၅ ခုနှစ်အတွင်း အသက် ၁၈ နှစ်မှ ၅၇ နှစ်ကြား အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီး နှစ်ဦး သည် အဆိုပါ Modafinil သို့မဟုတ် armodafinil ပါ၀င်သည့် ဆေးများ သောက်သုံးပြီး ဆေးရုံတင်ထားရသည်။

Modafinil နှင့် Armodafinil ကို စင်ကာပူ၌ မှတ်ပုံတင်ထားခြင်း မရှိသေးသော်လည်း အချို့နိုင်ငံများတွင် Narcolepsy ကဲ့သို့ တိကျသည့် ဆေးဘက်ဆိုင်ရာအခြေအနေရှိသော လူနာများအတွက်သာ ဆေးစာအဖြစ်ပေးလေ့ရှိသည်ဟု HSA က ပြောကြားပါသည်။ Narcolepsy အခြေအနေဆိုသည်မှာ လူတစ်ဦး၏ အိပ်စက်မှုထိခိုက်စေသည့်ကျန်းမာရေး အခြေအနေတစ်ခု ဖြစ်ပါသည်။ မတ်လ ၁၀ ရက်ထုတ်ပြန်ချက်၌ ကျန်းမာရေးသိပ္ပံအာဏာပိုင်(HSA) က ဆရာဝန် ဆေးစာမပါဘဲ Modafinil သို့မဟုတ် Armodafinil ပါ၀င်သည့် ထုတ်ကုန်များ ၀ယ်ယူသုံးစွဲခြင်းမပြုရန် တိုက်တွန်းထားပါသည်။ ယခုအရေပြား ရောဂါ ဖြစ်ခဲ့ရသည့် လူနာ ၉ ဦးသည် ဂေးလန်းရှိ လမ်းဘေးဈေးရောင်းသူများ သို့မဟုတ် သူငယ်ချင်းများဆီမှ အဆိုပါ ဆေးဝါးများကို ရယူခဲ့ကြပြီး ဆရာဝန်ဆေးစာနှင့် ဆေးဘက်ဆိုင်ရာကြီးကြပ်မှုမရှိဘဲ သောက်သုံးခဲ့သည်ဟု သိရပါသည်။ လက်ရှိအခြေအနေတွင် လူနာများသည် သက်သာသည့် အခြေအနေတွင်ရှိပြီး သေဆုံးမှု မရှိကြောင်း သိရပါသည်။

HSA ၏ ခွင့်ပြုချက်မရှိဘဲ Modafinil နှင့် Armodafinil ဖြန့်ဖြူး ရောင်းချခြင်းအတွက် အပြစ်ရှိကြောင်းတွေ့ရှိသူများကို ဒဏ်ငွေ ဒေါ်လာ ၅၀,၀၀၀ အထိ သို့မဟုတ် ထောင်ဒဏ် နှစ်နှစ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်သည်ဟု သိရပါသည်။ 

ကိုးကား-NP News

ထောပတ်ကို အလွန်အကျွံစားသုံးပါက အချိန်မတန်ခင် သေဆုံးနိုင်ခြေ မြင့်မားနိုင်

နယူးယောက်  မတ် ၉

ထောပတ်ကို အလွန်အကျွံစားသုံးပါက ရောဂါဘယတစ်မျိုးမျိုးကြောင့် အချိန်မတန်ခင် သေဆုံးနိုင်ခြေ မြင့်မားလာနိုင်ကြောင်း အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှ သုတေသနပညာရှင်များ၏ အဆိုကိုကိုးကား၍ မတ် ၈ ရက်သတင်းများအရ သိရသည်။

အမေရိကန် သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ထောပတ်ကို အလွန်အကျွံစားသုံးသူများသည် အနည်းဆုံးစားသုံးသူများထက် ရောဂါဘယတစ်မျိုးမျိုးကြောင့် အချိန်မတန်ခင် သေဆုံးနိုင်ခြေ ၁၅ ရာခိုင်နှုန်းပိုမြင့်မားကြောင်း သိရသည်။

သို့ရာတွင် ထောပတ်အစားအစာ အပင်ထွက်အဆီဓာတ်များသက်တမ်းပို၍ ရှည်လျားနေတတ်ကြောင်း အမေရိကန် သုတေသနပညာရှင်များက ပြောကြားသည်။

အမေရိကန် သုတေသနပညာရှင်များသည် လူပေါင်း ၂၀၀၀၀၀ ကျော်တို့၏ နှစ်ပေါင်း ၂၀ အတွင်း စားသောက်ခဲ့သော အစားအစာပုံစံများနှင့် ၎င်းတို့၏ ကျန်းမာရေးအခြေအနေများကို နှိုင်းယှဉ်လေ့လာခဲ့ကြသည်။

လေ့လာချက်မှ ပေါ်ထွက်လာသည့်ရလဒ်များအရ ထောပတ်အစား အပင်ထွက်အဆီများကို စားသုံးသူများမှာ ရောဂါဘယတစ်မျိုးမျိုးကြောင့် အသက်ဆုံးပါးနိုင်ခြေ ၂၀ ရာခိုင်နှုန်းခန့် ပုံမှန်ထက် ကျဆင်းသွားတတ်သည်ကို တွေ့ရကြောင်း သိရသည်။

ကိုးကား- ရတနာပုံသတင်းစာ

ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် ၂၀၀ တွင် ၂၇% ကို အမျိုးသမီးများ က ဦးဆောင်လျက်ရှိ

Times Higher Education (THE) ၏ အချက်အလက်များအရ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် ၂၀၀ တွင် တက္ကသိုလ် ၅၅ ခုကို အမျိုးသမီး အုပ်ချုပ်သူ(ပါမောက္ခချုပ်)များက ဦးဆောင်လျက်ရှိသည်။

THE World University Rankings 2025 တွင် ၂၇% သော အဖွဲ့ အစည်းများ (တက္ကသိုလ် ၅၅ ခု) ကို အမျိုးသမီးအုပ်ချုပ်သူ သို့မဟုတ် အမျိုးသမီးပါမောက္ခချုပ်များက ဦးဆောင်လျက်ရှိပြီး အဆိုပါ ကဏ္ဍအတွက် စံချိန်တင်မှတ်တမ်းသစ် တင်နိုင်ခဲ့သည်။

ထိုအရေအတွက်သည် ၂၀၂၄ ခုနှစ်တွင် ၂၅% (တက္ကသိုလ် ၅၀) နှင့် ၂၀၂၃ ခုနှစ်တွင် ၂၄% (တက္ကသိုလ် ၄၈) မှ တိုးတက်လာခြင်းဖြစ်သည်။၂၀၁၅ ခုနှစ်တွင် အမျိုးသမီးပါမောက္ခချုပ် ၂၈ ဦးသာ ရှိခဲ့ပြီး စာရင်းကောက်ယူမှု စတင်ခဲ့သည့်အချိန်မှစ၍ ၁၁ နှစ်အတွင်း ၉၆% တိုးတက်လာခဲ့သည်။

ဤအချက်အလက်များသည် ကမ္ဘာတစ်ဝန်းရှိ အသင်းအစုအဖွဲ့/ လုပ်ငန်း များ၌ အမျိုးသမီးခေါင်းဆောင်များ၏ ရာခိုင်နှုန်းထက် သိသိသာသာ ပိုမို မြင့်မားနေသည်။ 

အမျိုးသမီးပါမောက္ခချုပ်များရှိသည့် တက္ကသိုလ် ၅၅ ခုတွင် အမေရိကန် ပြည်ထောင်စုမှ တက္ကသိုလ် ၁၆ ခုပါဝင်ပြီး ကမ္ဘာ့နံပါတ် ၂ နည်းပညာ အဖွဲ့အစည်းဖြစ်သည့် Massachusetts Institute of Technology လည်း ပါဝင်သည်။ ယူနိုက်တက်ကင်းဒမ်းက ကမ္ဘာ့နံပါတ် ၁ ဖြစ်သည့်အောက်စဖို့ဒ် တက္ကသိုလ်အပါအဝင် တက္ကသိုလ် ၈ ခုဖြင့် ဒုတိယ နေရာတွင် ရှိနေပြီး နယ်သာလန်နှင့် ဂျာမနီတို့က တက္ကသိုလ် ၇ ခုစီဖြင့် နောက်တွင် ရှိနေသည်။

ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် ၂၀၀ တွင် ပါဝင်သည့် နိုင်ငံစုစုပေါင်း ၃၀ အနက် တရုတ်၊ ကနေဒါနှင့် တောင်ကိုရီးယားအပါအဝင် တက္ကသိုလ် ၁၅ ခုတွင် အမျိုးသမီးပါမောက္ခချုပ်များ မရှိကြောင်းသိရှိရသည်။

ကိုးကား-VN Express

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ဆေးရုံတက်ရောက်၍ ဆေးဝါးကုသမှုခံယူနေကြရသော ကျောင်းသား ကျောင်းသူများအတွက် စာဖြေဌာနလေးခု စီစဉ်ထားရှိ

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတို့၏ ညှိနှိုင်းထားချက်အရ ၂၀၂၅ ခုနှစ် မတ် ၁၇ ရက်မှ ၂၂ ရက် အထိကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက်ဆေးဝါးကုသမှုခံယူနေကြရသော ကျောင်းသား ကျောင်းသူများ နစ်နာမှုမရှိစေရန်ရည်ရွယ်၍ ဆေးရုံစာဖြေဌာနလေးခုကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီး၊ ဝေဘာဂီအထူးကုဆေးရုံကြီးတို့၌ ဖွင့်လှစ်ပေးရန် စီစဉ်ထားရှိသည်။

ဆေးရုံတက်ရောက်ကုသနေသော စာမေးပွဲဝင်ရောက်ဖြေဆိုလိုသည့် ကျောင်းသား ကျောင်းသူ (လူနာ) များသည် အဆိုပါဆေးရုံကြီးများရှိ ဆေးလူမှုဆက်ဆံရေးဌာနနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သတင်းရရှိသည်။       

www.myanmar.gov.mm

Colossal Biosciences ကုမ္ပဏီက အမွေးထူဆင်ကြီးများ၏ မျိုးဗီဇ အခြေခံမော်လီကျူးအသုံးပြု၍ ကမ္ဘာ့ပထမဆုံး အမွေးထူးကြွက်များကို ဖန်တီးနိုင်ခဲ့

ဝါရှင်တန်  မတ် ၆

အမေရိကန်နိုင်ငံ အခြေစိုက် Colossal Biosciences ကုမ္ပဏီသည် အမွေးထူဆင်ကြီးများ၏ မျိုးရိုးဗီဇ အခြေခံမော်လီကျူး (DNA) များကိုအသုံးပြု၍ ကမ္ဘာ့ပထမဆုံး အမွေးထူကြွက်များကို ဖန်တီးနိုင်ခဲ့ကြောင်း မတ် ၅ ရက် သတင်းများအရ သိရသည်။

ကမ္ဘာ့ပထမဆုံး အမွေးထူကြွက်များကို ဇီဝအင်ဂျင်နီယာနည်းပညာဖြင့် ဖန်တီးနိုင်ခဲ့မှုသည် မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်သော ရှေးသက်ရှိသတ္တဝါများကို ပြန်လည်ဖန်တီးရေးအတွက် လမ်းဖွင့်ပေးနိုင်ကြောင်း Colossal Biosciences ကုမ္ပဏီတာဝန်ရှိသူများက ပြောကြားသည်။

Colossal Biosciences သိပ္ပံပညာရှင်များသည် အမွေးထူဆင်ကြီးများ၏ DNA ကိုအသုံးပြု၍ ကြွက်များ၏ အဓိက DNA ရှစ်မျိုးကို မျိုးဗီဇအင်ဂျင်နီယာနည်းပညာဖြင့် ပြောင်းလဲပေးကာ အမွေးထူကြွက်များကို ဖန်တီးနိုင်ခဲ့သည်။

Colossal Biosciences ကုမ္ပဏီသည် ကမ္ဘာပေါ်မှပျောက်ကွယ်သွားပြီဖြစ်သော အမွေးထူဆင်ကြီးများကို ပြန်လည်ဖန်တီးရေးအတွက် ကြိုးပမ်းနေသော ဇီဝနည်းပညာကုမ္ပဏီဖြစ်သည်။

အမွေးထူကြွက်များအား ဖန်တီးခဲ့သော မျိုးဗီဇအင်ဂျင်နီယာနည်းပညာကို အမွေးထူဆင်ကြီးများ ပြန်လည်ဖန်တီးရေးအတွက် အသုံးချနိုင်ကြောင်း၊ အမွေးထူဆင်ကြီးများကို ၂၀၂၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဖန်တီးနိုင်ရန် မျှော်လင့်ထားကြောင်း ကုမ္ပဏီသိပ္ပံပညာရှင်များက ပြောကြားသည်။

Source: ရတနာပုံသတင်းစာ