သတင်းများ

တံတားဦးခရိုင်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တတိယနေ့ သင်္ချာ ဘာသာ လာရောက်ဖြေဆိုသူ ကျောင်းသား ၊ ကျောင်းသူပေါင်း (၉၅၂) ဦး ဖြေဆို

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (Grade – 12) စာမေးပွဲကို မတ်လ ၁၇ ရက်နေ့မှ စတင်ကျင်းပ ခဲ့ပြီး တိုင်းဒေသကြီ ၊ ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် တတိယနေ့ သင်္ချာဘာသာကို မတ်လ ၁၉ ရက်နေ့၊ နံနက် (၉) နာရီအချိန်က ဖြေဆိုကြရာ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်တွင် သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးတွင် ကျောင်းသား ၊ ကျောင်းသူပေါင်း (၉၅၂) ဦး ဝင်ရောက်ဖြေဆိုကြကြောင်းသိရသည် ။

 အဆိုပါ တက္ကသိုလ်ဝင်တန်း (Grade – 12 ) စာမေးပွဲကို တံတားဦးခရိုင်တွင် စာစစ်ဌာနအနေဖြင့် အထက-တံတားဦး၊  ချောင်းခွစာစစ်ဌာနနှင့် ငါန်းဇွန်စာစစ်ဌာနဟူ၍ သုံးခုရှိပါကြောင်း အထက-တံတားဦး စာစစ်ဌာနတွင် ‌ဖြေဆိုရန် စာရင်းပေးထားသူ ကျောင်းသား(၂၄၅)ဦး ၊ ကျောင်းသူ(၂၄၆)ဦး ၊ စုစုပေါင်း(၄၉၁)ဦး ရှိသော်လည်း၊ လာရောက်ဖြေဆိုသူ ကျောင်းသား(၂၃၂)ဦး ၊ ကျောင်းသူ(၂၃၈)ဦး ရာခိုင်နှုန်းအားဖြင့်(၉၅.၇၂) ရာခိုင်နှုန်း ရှိပါကြောင်း၊ ထို့အပြင် ချောင်းခွစာစစ်ဌာနတွင် ‌ဖြေဆိုရန် စာရင်းပေးထားသူ ကျောင်းသား(၆၈)ဦး ၊ ကျောင်းသူ (၁၂၉)ဦး ၊ စုစုပေါင်း(၁၉၇)ဦး ရှိသော်လည်း ၊ လာရောက်ဖြေဆိုသူ ကျောင်းသား(၆၈)ဦး ၊ ကျောင်းသူ(၁၂၉)ဦး ရာခိုင်နှုန်းအားဖြင့်(၁၀၀.၀၀) ရာခိုင်နှုန်းရှိပါကြောင်း ၊ ငါန်းဇွန်စာစစ်ဌာနတွင် ‌ဖြေဆိုရန် စာရင်းပေးထားသူကျောင်းသား(၁၂၉)ဦး ၊ ကျောင်းသူ(၁၆၉)ဦး ၊ စုစုပေါင်း(၂၉၈)ဦး ရှိသော်လည်း ၊ လာရောက်ဖြေဆိုသူ ကျောင်းသား (၁၂၁)ဦး ၊ ကျောင်းသူ(၁၆၄)ဦး  စုစုပေါင်း(၂၈၅)ဦး ရာခိုင်နှုန်းအားဖြင့်(၉၅.၆၄) ရာခိုင်နှုန်းရှိပါကြောင်း တံတားဦး ခရိုင်အနေဖြင့် ဖြေဆိုရန် လာရောက်စာရင်းပေးထားသူ စုစုပေါင်း (၉၈၆)ဦးရှိရာ ဝင်ဖြေဆိုသူ စုစုပေါင်း (၉၅၂) ဦး ရာခိုင်နှုန်းအနေဖြင့် (၉၆.၅၅)ရာခိုင်နှုန်းရှိပါကြောင်း ခရိုင်ပညာရေးမှူးရုံးမှသိရသည် ။

တက္ကသိုလ်ဝင်တန်း (Grade – 12 ) စာမေးပွဲကို ကျောင်းသား ၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရေးအတွက် စာမေးပွဲဖြေဆိုခွင့်ကတ်များမှန်မမှန်နှင့် လိုအပ်သည့်စစ်ဆေးခြင်းများကို စာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ခဲ့မှုများ ၊ စာရေးကိရိယာများအခမဲ့အသုံးပြုနိုင်ရန် စီစဉ်ထားရှိမှု၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက်ကျောင်းဝင်း အတွင်းအပြင်များတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက လုံခြုံရေးဆိုင်ရာများ ၊ ကျန်းမာရေးဆိုင်ရာများ ဆောင်ရွက်ထားရှိကြောင်းသိရသည် ။

ဦးရဲတင့် ( ပြန်/ဆက်)

၀၉-၇၉၇၄၃၈၃၀၅

တံတားဦးမြို့နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဒုတိယနေ့ အင်္ဂလိပ် ဘာသာ လာရောက်ဖြေဆိုသူ ကျောင်းသား ၊ ကျောင်းသူပေါင်း (၆၆၇)ဦး ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (Grade – 12) စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်ဘာသာကို မတ်လ ၁၈ ရက်နေ့၊ နံနက် (၉) နာရီအချိန် က ဖြေဆို လျက်ရှိကြောင်းသိရသည် ။

အဆိုပါ တက္ကသိုလ်ဝင်တန်း (Grade – 12 ) စာမေးပွဲကို တံတားဦးမြို့နယ်တွင် စာစစ်ဌာနအနေဖြင့် အထက-တံတားဦးနှင့် ချောင်းခွစာစစ်ဌာနဟူ၍ နှစ်ခုရှိပါကြောင်း အထက-တံတားဦး စာစစ်ဌာနတွင် ‌ဖြေဆိုရန် စာရင်း ပေးထားသူ ကျောင်းသား(၂၄၅)ဦး၊ ကျောင်းသူ(၂၄၆)ဦး၊ စုစုပေါင်း(၄၉၁)ဦး ရှိသော်လည်း၊ လာရောက်ဖြေဆိုသူ ကျောင်းသား(၂၃၂)ဦး ၊ ကျောင်းသူ(၂၃၈)ဦး ရာခိုင်နှုန်းအားဖြင့်(၉၅.၇၂) ရာခိုင်နှုန်းရှိပါကြောင်း၊ ထို့အပြင် ချောင်းခွ စာစစ်ဌာနတွင် ‌ဖြေဆိုရန် စာရင်းပေးထားသူ ကျောင်းသား(၆၈)ဦး ၊ ကျောင်းသူ(၁၂၉)ဦး ၊ စုစုပေါင်း(၁၉၇)ဦး ရှိသော်လည်း ၊ လာရောက်ဖြေဆိုသူ ကျောင်းသား(၆၈)ဦး ၊ ကျောင်းသူ(၁၂၉)ဦး ရာခိုင်နှုန်းအားဖြင့်(၁၀၀.၀၀) ရာခိုင်နှုန်းရှိပါကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

ယင်းတက္ကသိုလ်ဝင်တန်း (Grade – 12) ဖြေဆိုရန် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကို နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား ၊ ကျောင်းသူများအား လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကိုပါ တစ်ပါတည်း ဆောင်ရွက်ထားပါကြောင်း သိရသည်။

တံတားဦးမြို့နယ်၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့ မြန်မာစာကို အေးချမ်းပျော်ရွှင်စွာစတင်ဖြေဆိုလျက်ရှိ

တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၌ ၂၀၂၄-၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို နိုင်ငံနှင့်တစ်ဝန်းရှိ အခြေခံပညာ အထက်တန်းကျောင်းများအားလုံးတွင် တစ်ပြိုင်တည်း ဖြေဆိုမည်ဖြစ်ရာ တံတားဦးမြို့နယ်ရှိ အခြေခံပညာအသထက်တန်းကျောင်းတွင်လည်း မတ်လ ၁၇ ရက်နေ့၊ နံနက် (၉) နာရီက မြန်မာစာမေးခွန်းကို စတင်ဖြေဆိုနေပြီဖြစ်ကြောင်း သိရသည် ။

တံတားဦးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်တွင် တက္ကသိုလ်စာမေးပွဲဖြေဆိုရန် စာစစ်ဌာန(၁)ခု ရှိသော်လည်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တံတားဦး ၊ စာစစ်ဌာန ၊ ချောင်းခွစာစစ်ဌာနတို့ဖြင့်  ဖြေဆိုလျက် ရှိပါကြောင်း  တံတားဦးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် အထက်တန်းကျောင်း (ခွဲ)တို့မှ  မြန်မာစာကို ဖြေဆိုရန်ကျောင်းသား(၂၄၅)ဦး ၊ ကျောင်းသူ(၂၄၆)ဦး စုစုပေါင်း (၄၉၁)ဦး စာရင်းပေးထားသော်လည်း၊ အဆိုပါ စာစစ်ဌာနတွင် ကျောင်းသား(၂၃၂) ဦး ၊ ကျောင်းသူ (၂၃၈)ဦး စုစုပေါင်း(၄၇၀)ဦး ဖြေဆိုသူအားဖြင့် (၉၅.၇၂) ရာခိုင်နှုန်း ရှိပါကြောင်း ၊ ထို့အပြင် တံတားဦးမြို့နယ် ချောင်းခွစာစစ်ဌာနတွင်  ဖြေဆိုရန်ကျောင်းသား(၆၈)ဦး ၊ ကျောင်းသူ(၁၂၉)ဦး စုစုပေါင်း (၁၉၇)ဦး စာရင်းပေးထားသော်လည်း ၊ အဆိုပါစာစစ်ဌာနတွင် ကျောင်းသား(၆၈) ဦး၊ ကျောင်းသူ (၁၂၉)ဦး စုစုပေါင်း(၁၉၇)ဦး ဖြေဆိုသူအားဖြင့် (၁၀၀.၀၀)ရာခိုင်နှုန်း ရှိပါကြောင်း တက္ကသိုလ် ဝင်တန်း စာမေးပွဲလာရောက်ဖြေဆိုကြသည့် ကျောင်းသား ၊ ကျောင်းသူများ ခဲတံ ၊ ပေတံ ၊ ခဲဖျက်တို့ကို လိုအပ် ပါက အခမဲ့ယူဆောင်နိုင်ကြောင်းစီစဉ်ဆောင်ရွက်ပေးပြီး တံတားဦးမြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကို နှင့် တာဝန်ရှိသူများ ၊ ဌာနဆိုင်ရာများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး  စာမေးပွဲဖြေဆိုမည့် ကတ်ပြား များပါ ၊ မပါစစ်ဆေးခြင်း ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကိုပါ တစ်ပါတည်း ဆောင်ရွက်ထားပါကြောင်းနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ကျောင်းဝင်းအပြင် လုံခြုံရေးစစ်ဆေးခြင်းလုပ်ငန်းများကိုလည်း ပူးပေါင်း ဆောင်ရွက်ပေးကြကြောင်းသိရသည်။

ခရမ်းလွန်ရောင်ခြည်နှင့်ထိတွေ့မှုကြောင့် ကျန်းမာရေးအပေါ် သက်ရောက်မှု များကို ကာကွယ်နိုင်မည့်နည်းလမ်းများအား လိုက်နာကြရန် ကျန်းမာရေးဝန်ကြီးဌာန တိုက်တွန်းနှိုးဆော်

ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း မြင့်မားစွာရှိနေသည့် အချိန်များတွင် ခရမ်းလွန်ရောင်ခြည်နှင့်ထိတွေ့မှုကြောင့် ကျန်းမာရေးအပေါ် သက်ရောက်မှု များအား ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ကာကွယ်နိုင်မည့် နည်းလမ်းများကို လိုက်နာနိုင်ကြရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်း နှိုးဆော်ထားသည်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း မြင့်မားစွာရှိနေသည့်အချိန်များတွင် ခရမ်းလွန်ရောင်ခြည်နှင့်ထိတွေ့မှုကြောင့်နေလောင်ခြင်း၊ အသားအရောင် ညိုမဲလာခြင်းတို့ကိုဖြစ်စေနိုင်ပြီး ထိတွေ့မှုကာလ ကြာလာသောအခါ မျက်စိတိမ်စွဲခြင်း၊ အရေပြားများ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းလာခြင်း၊ အရေပြားကင်ဆာဖြစ်ခြင်း စသည့် ဆိုးကျိုး များကို ဖြစ်ပေါ်စေနိုင်သည်ဟု သိရသည်။

သို့ဖြစ်ပါ၍ ခရမ်းလွန်ရောင်ခြည်နှင့်ထိတွေ့မှုကို ကာကွယ်နိုင်ရန်အတွက် အဆိုပါ ခရမ်းလွန်ရောင်ခြည် မြင့်မားစွာကျရောက်နိုင်သည့် နံနက် (၁၀) နာရီမှ ညနေ (၄) နာရီအတွင်းတွင် နေရောင်ခြည်နှင့် တိုက်ရိုက် ထိတွေ့ခြင်း ကို တတ်နိုင်သမျှရှောင်ကြဉ်ရန်နှင့် အပြင်ထွက်ပါက မိမိအသားကိုနေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့မိစေရန် မျက်နှာ၊ လည်ပင်းနှင့် ပခုံး တို့ကိုပါ လုံခြုံသော ထီး၊ ဦးထုပ်စသည်တို့ကို ဆောင်းသွားရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ခရမ်းလွန်ရောင်ခြည် အလွယ်တကူမဖောက်နိုင်သော ချည်သား ထူထူပွပွအဝတ်အထည်များကို ဝတ်ဆင်ရန်နှင့် ခရမ်းလွန်ရောင်ခြည်သည် မျက်စိကိုလည်းထိခိုက်စေနိုင်သဖြင့် ခရမ်းလွန်ရောင်ခြည်ကို (၉၉) % အထိ အကာအကွယ်ပေးနိုင်သည့် နေကာမျက်မှန်ကို တပ်ဆင်ရန် လိုအပ်သည်ဟုဆိုသည်။

ထို့ပြင် အဝတ်ကင်းလွတ်နေသော လက်၊ လည်ပင်းနှင့် ပခုံး စသည့်နေရာများကို သနပ်ခါးထူထူ (သို့မဟုတ်) SPF ၁၅+ ပါဝင်သော နေရောင်ခံ လိမ်းဆေးကို နေရောင်ခြည်ထဲမထွက်မီ (၁၅) မိနစ်ခန့် ကြိုလိမ်းရန်နှင့် နေရောင်ခံလိမ်းဆေး တစ်ခါလိမ်းပြီး (၂) နာရီကြာပြီးတိုင်း တစ်ခါထပ်၍ လိမ်းပေးရမည်ဖြစ်သည်။

ထို့အတူ ကလေးငယ်များနှင့်သက်ကြီး ဘိုးဘွားများသည် ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို ပိုမိုခံစားရနိုင်သဖြင့် အထူးဂရုပြုဆင်ခြင်ရန် လိုအပ်သလို အသက်တစ်နှစ်အောက် ကလေးငယ်များကို နေပူထဲသို့ ခေါ်ဆောင်ခြင်း မပြုရန်နှင့်၊ ကလေးများကို အရိပ်ထဲတွင်သာ ကစားစေရန်လည်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားသည်။

Myanmar Hard Talk

အမေရိကန်ရှိ နိုင်ငံတကာကျောင်းသား ထောင်ပေါင်းများစွာ ပညာသင်ဆုများ ရပ်ဆိုင်းခံရသဖြင့် မရေရာမှုများနှင့် ရင်ဆိုင်နေရ

အမေရိကန်နိုင်ငံခြားရေးဌာနမှ ဖက်ဒရယ်ရန်ပုံငွေများ ရပ်ဆိုင်းခံရခြင်းကြောင့် Fulbright အပါအဝင် ထင်ရှားသော ပညာသင်ဆု အစီအစဉ်များစွာ ရပ်ဆိုင်းခံရပြီးနောက် အမေရိကန်ရှိ နိုင်ငံတကာ ကျောင်းသား ထောင်ပေါင်းများစွာသည် မရေရာမှုများနှင့်ရင်ဆိုင်နေရသည်။

Fulbright အစီအစဉ်ဖြင့် Southern Illinois University Edwardsville တွင် ပညာသင်ကြားနေသော ယူကရိန်းနိုင်ငံသား နိုင်ငံတကာ ကျောင်းသူ Halyna Morozova က ABC News သို့ ပြောကြားရာတွင် သူမသည် တစ်လစာထောက်ပံ့ကြေးအစား တစ်ပတ်စာ ငွေကြေးအထောက်အပံ့ကို သာ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ထိုတက္ကသိုလ်တွင် ယူကရိန်းဘာသာစကား သင်ကြားပေးနေသော Morozova သည် Institute of International Education (IIE) မှ သူမ၏ လစဉ်ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၇၅၀ မှ ၁၈၇.၅၀ သို့ လျှော့ချ ခံရမည်ဖြစ်ကြောင်း အသိပေးခံရသည်။ သူမသည် သူမ၏ ငွေကြေး အထောက်အပံ့ ဆက်လက်ရရှိမှုနှင့် အမေရိကန်တွင် ဆက်လက်နေထိုင် နိုင်မည့်အခြေအနေနှင့်ပတ်သက်၍ မရေရာမှုများ ရှိနေကြောင်း ပြောကြား ခဲ့သည်။

အလားတူပင် California State University မှ ကျောင်းသူ Frida Larios သည် Gilman ပညာသင်ဆုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ရောက်ရှိနေစဉ် သူမ၏ ထောက်ပံ့ငွေများ ရပ်ဆိုင်းခံရကြောင်း သိရှိခဲ့ရသည်။ Larios သည် သူမ၏ ပညာသင်စရိတ်အတွက် အမေရိကန်ဒေါ်လာ ၃,၀၀၀ ခန့် ရရှိမည်ဟု မျှော်လင့်ထားသော်လည်း ယခုအခါတွင် ငွေကြေးအခက်အခဲများ ကြုံတွေ့နေရကြောင်း New York Times သတင်းတွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီလတွင် အမေရိကန်နိုင်ငံခြားရေးဌာနက နိုင်ငံတကာ ပညာသင်ဆုများနှင့် အစိုးရနှီးနှောဖလှယ်ရေး အစီအစဉ်များကို ထိခိုက်စေမည့် ထောက်ပံ့ငွေများ ယာယီရပ်ဆိုင်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ကနဦးတွင် ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ပြန်လည်စတင်မည်ဟု သတ်မှတ်ထားသော်လည်း ထောက်ပံ့ငွေများ ရပ်ဆိုင်းနေဆဲဖြစ်ပြီး ယင်းကဏ္ဍတွင် မရေရာမှုများ ဆက်လက်ရှိနေသည်။

Fulbright Association က ယင်းရပ်ဆိုင်းမှုသည် နိုင်ငံခြားတွင် ရောက်ရှိနေသော သို့မဟုတ် နှီးနှောဖလှယ်ရေးအစီအစဉ်များအတွက် ပြင်ဆင်နေသော အမေရိကန်နိုင်ငံသား ၁၂,၅၀၀ ကျော်ကို ထိခိုက်စေမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ အမေရိကန်တွင် ပညာသင်ကြားနေသော နိုင်ငံခြားသား ၇,၄၀၀ ခန့်လည်းထိခိုက်မည်ဟု မျှော်မှန်းထားသည်။

“နိုင်ငံခြားရေးဌာန၏ ထောက်ပံ့ငွေအစီအစဉ်များ ရပ်ဆိုင်းခြင်းသည် အမေရိကန်၏စီးပွားရေးနှင့် အမျိုးသားလုံခြုံရေးအတွက် အရေးပါသော နိုင်ငံတကာပညာသင်ဆုနှင့် နှီးနှောဖလှယ်ရေးအစီအစဉ်များ၏ တည်ရှိမှုကို ခြိမ်းခြောက်နေသည်” ဟု Association of International Educators (NAFSA) က သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ကိုးကား-VN Express

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်နှင့် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၁၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်နှင့် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

သတင်းအချက်အလက် နည်းပညာတက္ကသိုလ်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လှိုင်မြို့နယ်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်သို့ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် တက္ကသိုလ်အစည်းအဝေးခန်းမတွင် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ စောစန္ဒာအေးက ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကို သတင်းအချက်အလက် နည်းပညာတက္ကသိုလ်အဖြစ် ပြောင်းလဲခဲ့မှုနှင့် တက္ကသိုလ်၏သမိုင်းကြောင်းဆိုင်ရာအချက်အလက်များ၊ ဖွဲ့စည်းပုံ၊ ဘာသာရပ်အလိုက်၊ ပညာသင်နှစ်အလိုက် သင်ကြားပေးလျက်ရှိမှု၊ ပြည်တွင်းပြည်ပ ဘွဲ့လွန်သင်တန်းတက်ရောက်ရန် ပညာတော်သင်များ ရွေးချယ်စေလွှတ်လျက်ရှိမှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကျောင်းသားကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိမှု၊ နည်းပညာအသုံးပြု သင်ကြားသင်ယူမှုနှင့် စီမံခန့်ခွဲမှုစနစ်ဖြင့် သင်ကြားပေးလျက်ရှိမှု၊ ကျောင်းသားကျောင်းသူများ လုပ်ငန်းခွင်သင်တန်းစေလွှတ်မှုနှင့် အလုပ်အကိုင်ရရှိမှု၊ International Conference on Advanced Information Technologies (ICAIT) တွင် စာတမ်းများတင်သွင်းနိုင်မှု၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် အဆောက်အအုံတည်ဆောက်ပြီးစီးမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တက္ကသိုလ်အတွင်း သင်ကြားရေးနှင့် နေထိုင်ရေးဆိုင်ရာ အဆောက်အအုံလိုအပ်ချက်များနှင့်ပတ်သက်၍မေးမြန်းပြီး တက္ကသိုလ်အတွင်း ကျောင်းသား ကျောင်းသူများ၏အဆောင်များ နေရာချထားရာတွင် စနစ်တကျဖြစ်ရန်လိုပြီး သင်ကြားရေးဝန်ထမ်းများ၏ အိမ်ရာများ၊ အဆောင်များကိုလည်း စနစ်တကျထားရှိရန်လိုကြောင်း၊ ကျောင်းသားကျောင်းသူများ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်နိုင်ရန်အတွက်လည်း စီမံဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ယခု သတင်းအချက်အလက် နည်းပညာတက္ကသိုလ်သည် အစဉ်အလာရှိသည့် တက္ကသိုလ်တစ်ခုဖြစ်ပြီး နိုင်ငံအတွက် အကျိုးပြုနိုင်သည့် သင်ကြားမှုများကို ဆက်လက်ဆောင်ရွက်ပေးစေလိုကြောင်းနှင့် တက္ကသိုလ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ်ကောင်းမွန်စေရေးတို့အတွက်လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်အတွင်းလှည့်လည်၍ စာကြည့်တိုက်အတွင်းရှိ Digital Library စနစ်၊ လေ့ကျင့်ရေးအထောက်အကူပြုစနစ်၊ AI နည်းပညာသုံးသင်ကြားမှု၊ သင်ယူမှုအထောက်အကူပြုစနစ်တို့ဖြင့် သင်ကြားပို့ချပေးနေမှုများ၊ လက်တွေ့ခန်း K-LAB အတွင်း ကျောင်းသားကျောင်းသူများအား လက်တွေ့လေ့ကျင့်သင်ကြားပေးလျက်ရှိမှုနှင့် သင်ကြားမှု၊ သင်ယူမှု အထောက်အကူပြုခန်းများ ထည့်သွင်းတည်ဆောက်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်သို့ရောက်ရှိကြရာ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကြည်စိုးနှင့် ဆရာ ဆရာမများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် တက္ကသိုလ် ပင်မသုံးထပ်ဆောင်ခန်းမ၌ ပါမောက္ခချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်အတွင်း လာရောက်စစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအား ဆောင်ရွက်ပြီးစီးမှု၊ တက္ကသိုလ်အတွင်း လိုအပ်လျက်ရှိသည့် အဆောက်အအုံများနှင့်လမ်းများ ထပ်မံဖြည့်တင်းတည်ဆောက်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိမှု၊ တက္ကသိုလ်နယ်နိမိတ်လိုင်း စနစ်တကျရေးဆွဲသတ်မှတ်ပြီးစီးမှု၊ Recreation Center တည်ဆောက်ရန် Master Plan ၌ ထည့်သွင်းရေးဆွဲထားရှိမှု၊ ကျောင်းပတ်ဝန်းကျင် သာယာလှပရေး၊ ဥပဓိရုပ်ကောင်းမွန်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လာမည့်ပညာသင်နှစ်အတွင်း လိုအပ်သည့်ပြင်ဆင်မှုများကို ယခုထက်ပိုမိုပြည့်စုံစွာဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ကျောင်းသားကျောင်းသူများ အဆင်ပြေစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ကျောင်းအဆောက်အအုံများတည်ဆောက်ရာတွင် လိုအပ်သည့်အဆောက်အအုံမှာ တက္ကသိုလ်အင်္ဂါရပ်နှင့်ကိုက်ညီစွာတည်ဆောက်နိုင်ရေး ကြိုတင် Plan ရေးဆွဲဆောင်ရွက်ရန်လိုကြောင်း၊ ကျောင်းပရဝဏ်အတွင်း သစ်ပင်ပန်းမန်များစိုက်ပျိုးရာတွင် စနစ်တကျစိုက်ပျိုးသွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ပင်မသုံးထပ်စာသင်ဆောင်အသစ် တည်ဆောက်ပြီးစီးမှု အခြေအနေများ၊ ကျောင်းဝင်းအတွင်းရှိ စာသင်ဆောင်များနှင့် ပွဲကြည့်စင်နှင့်ပြေးလမ်းပါဘောလုံးကွင်း တည်ဆောက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

လှိုင်သာယာမြို့နယ်တွင် ရေစီးရေလာကောင်းမွန်ရေး အလေးထားဆောင်ရွက်သွားရန်လို

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဘုရင့်နောင်ပန်းခြံသို့ရောက်ရှိရာ ပန်းခြံရှင်းလင်းဆောင်ခန်းမတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မြို့တော်ဝန်တို့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လှိုင်သာယာမြို့နယ်သို့ရောက်ရှိစစ်ဆေးစဉ် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန်လမ်းညွှန်ချက်များအား ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လှိုင်သာယာဘုရင့်နောင် ပြည်သူ့ပန်းခြံအား နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ဘက်စုံသုံး အဆောက်အအုံများ၊ ပျော်ပွဲရွှင်ပွဲကျင်းပရန်နေရာများ၊ ယာဉ်ရပ်နားရန်နေရာများ၊ ကစားကွင်းများ၊ ရေကူးကန်များအပါအဝင် အများပြည်သူအပန်းဖြေရန်နေရာများ ဆောင်ရွက်ခဲ့မှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ပန်းခြံအတွင်းပျော်ပွဲရွှင်ပွဲများ ကျင်းပခဲ့မှုနှင့် ပြည်သူအများအပြား ပျော်ရွှင်စွာလာရောက်ဆင်နွှဲခဲ့မှုများ၊ လှိုင်သာယာမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခင်နှစ် လာရောက်စစ်ဆေးစဉ် လှိုင်သာယာမြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေး၊ လျှပ်စစ်မီးတိုင်များ စနစ်တကျရှိစေရေး ဆောင်ရွက်သွားရန်မှာကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုများတွင် လိုအပ်ချက်များရှိနေသည်ကို တွေ့မြင်ရကြောင်း၊ ရေထွက်စနစ်များ စနစ်တကျကောင်းမွန်စေရေး ရေနုတ်မြောင်းများ၊ တံတားများကို သတ်မှတ်ချက်များနှင့်အညီ ရေစီးရေလာကောင်းမွန်အောင် ပြန်လည်ပြုပြင်ဆောင်ရွက်သွားရန်လိုကြောင်း၊ လှိုင်သာယာတွင် ရေစီးရေလာကောင်းမွန်ရေးသည် အဓိကဖြေရှင်းဆောင်ရွက်ပေးရမည့်ကိစ္စတစ်ခုဖြစ်သဖြင့် အလေးထားဆောင်ရွက်သွားရန်လိုကြောင်း၊ တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ရေဝင်ရေထွက် ကောင်းမွန်ရမည်ဖြစ်ကြောင်း၊ မိုးရာသီကာလသို့မရောက်ရှိမီ ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေထွက်ပေါက်များ စနစ်တကျဖြစ်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေစီးရေလာ ကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အပိုင်းအလိုက်၊ လုပ်ငန်းဧရိယာအလိုက် တစ်ဆင့်ချင်း စနစ်တကျဖြင့် ပြီးစီးအောင်ဆောင်ရွက်သွားရန်လိုကြောင်း၊ လှိုင်သာယာမြို့နယ်အတွင်း စက်ရုံ၊ အလုပ်ရုံအများအပြားရှိပြီး အလုပ်လုပ်ကိုင်ကြသူများ အများအပြားနေထိုင်ကြသည်ဖြစ်သဖြင့် ပလက်ဖောင်းများ အဆင့်မီကောင်းမွန်ရန်လိုကြောင်း၊ မြို့နယ်အတွင်းစိမ်းလန်းစိုပြည်ရေး၊ သန့်ရှင်းသာယာလှပရေးတို့အတွက် စနစ်တကျစီမံကိန်းချ၍ ဆောင်ရွက်သွားရန်လိုပြီး မြို့နေပြည်သူလူထုနှင့်ကိုက်ညီသည့် လူနေမှုပတ်ဝန်းကျင်ကောင်းကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့တော်ဧရိယာအတွင်း တည်ရှိသည့်အတွက် အဆင့်မီသည့်မြို့ဖြစ်စေရေး၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

လိုက်လံကြည့်ရှုစစ်ဆေး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် လှိုင်သာယာမြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Source: MOI

ထိုင်းနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ဆေး လက်တွေ့ စမ်းသပ်မှု စတင်တော့မည်

ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက လာမည့်လမှစတင်၍ Nakhon Phanom ပြည်နယ်ရှိ ကလေးများအတွက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှု စတင်တော့မည်ဟု မတ်လ ၁၄ ရက်နေ့တွင် ကြေညာခဲ့သည်။

အမျိုးသားကူးစက်ရောဂါကာကွယ်ရေးကော်မတီမှ အတည်ပြုထားသော လေ့လာမှုသည် ယခင်က သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံခဲ့ရသည် ဖြစ်စေ မကူးစက်ခံခဲ့ရသည်ဖြစ်စေ အသက် ၇ နှစ်မှ ၁၀ နှစ်ကြား ပါဝင်သူ ၃၅,၀၀၀ တွင် ကာကွယ်ဆေး၏ ထိရောက်မှုကို စမ်းသပ်အကဲဖြတ်ရန် ရည်ရွယ်သည်။

ကူးစက်ရောဂါထိန်းချုပ်ရေးဌာန (DDC) ၏ ညွှန်ကြားရေးမှူးချုပ် Dr. Panumas Yanawetsakul က စမ်းသပ်မှုကို သုံးနှစ်အတွင်း ပြီးစီးရမည် ဖြစ်ပြီး ထို့နောက်တွင် ကာကွယ်ဆေးကို နိုင်ငံ၏ အထွေထွေ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်တွင် ထည့်သွင်းနိုင်မည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အမျိုးသားကာကွယ်ဆေးအဖွဲ့၏ ညွှန်ကြားရေးမှူး Dr. Nakorn Premsri က ဂျပန်ဆေးကုမ္ပဏီတစ်ခုမှ သုတေသနပြုထုတ်လုပ်ထားပြီး ထိုင်း FDA တွင် မှတ်ပုံတင်ထားသော ကာကွယ်ဆေးသည် ဝက်သက် ကာကွယ်ဆေးနှင့် ဆင်တူသော live-attenuated ပုံစံဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ozempic နှင့် Wegovy ဆေးများကြောင့် ဆံပင်ကျွတ်နိုင်ခြေ မြင့်တက်လာနိုင်

နယူးယောက်   မတ် ၁၄

Ozempic နှင့် Wegovy ကိုယ်အလေးချိန်လျှော့ချရေးဆေးများကြောင့် ဆံပင်ကျွတ်နိုင်ခြေမြင့်တက်လာနိုင်ကြောင်း မတ် ၁၃ ရက်သတင်းများအရ သိရသည်။

အမေရိကန် သုတေသနပညာရှင်များသည် Ozempic နှင့် Wegovy ထိုးဆေး သုံးစွဲသူများနှင့် အခြားကိုယ်အလေးချိန် လျှော့ချရေးဆေးများ သုံးစွဲနေကြသည့် လူပေါင်း ၃၀၀၀ ကျော်တို့ကို လေ့လာခဲ့ကြသည်။

လေ့လာချက်မှ ပေါ်ထွက်လာသည့်ရလဒ်များအရ Ozempic နှင့်Wegovy ဆေးသုံးစွဲသူများသည် အခြားကိုယ်အလေးချိန် လျှော့ချရေးဆေးသုံးစွဲသူများထက် ဆံပင်များကျွတ်ထွက်နိုင်ခြေ ၅၂ ရာခိုင်နှုန်း ပိုမြင့်မားသည်ကို တွေ့ရကြောင်း အမေရိကန် သုတေသနပညာရှင်များက ပြောကြားသည်။

အထူးသဖြင့် Ozempic နှင့် Wegovy ထိုးဆေးသုံးစွဲသူ အမျိုးသမီးများမှာ အခြေားဆေးဝါးသုံးစွဲသူများးထက် ဆံပင်ကျွတ်နိုင်ခြေနှစ်ဆပိုများကြောင်း သုတေသနပညာရှင်များ၏ အဆိုအရ သိရသည်။

Ozempic နှင့် Wegovy ဆေးသည် သီတင်းတစ်ပတ်လျှင် နှစ်ပေါင်ထိ ကိုယ်အလေးချိန်လျှော့ချမှုနှုန်း မြန်ဆန်မှုကြောင့် ဆံပင်များ ကျွတ်ထွက်ရခြင်းဖြစ်ဖွယ်ရှိကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

ကိုယ်အလေးချိန်ကျဆင်းမှုလျင်မြန်ခြင်းကြောင့် ကိုယ်ခန္ဓာတွင် ဖိအားပေါ်ထွက်လာပြီး ဆံပင်များသဘာဝအလျောက် ပေါက်ပွားမှုပုံစံ ထိခိုက်သွားနိုင်ဖွယ်ရှိကြောင်း သုတေသနပညာရှင်များ ပြောကြားသည်။

Source: ရတနာပုံသတင်းစာ  

ကာဘိုဟိုက်ဒရိတ်နည်းသည့် ဓာတ်စာများကြောင့် အူမကြီးကင်ဆာဖြစ်နိုင်ခြေ မြင့်မားနိုင်

အော့တဝါ  မတ် ၁၃

ကာဘိုဟိုက်ဒရိတ် ပါဝင်မှုနည်းပါးသည့် ဓာတ်စာများကြောင့် အူမကြီးကင်ဆာဖြစ်နိုင်ခြေ မြင့်မားလာနိုင်ကြောင်း သုတေသနပညာရှင်များက မတ် ၁၂ ရက်တွင် ပြောကြားသည်။

ကာဘိုဟိုက်ဒရိတ် ပါဝင်မှုနည်းပါးသည့် အစားအစာများကြောင့် အစာခြေလမ်းကြောင်းစနစ် ဗက်တီးရီးယားတချို့၏ ကင်ဆာဖြစ်ပွားစေတတ်သော အကျိုးသက်ရောက်မှုများ ပို၍ ဆိုးရွားလာတတ်ကြောင်း ကနေဒါသုတေသနပညာရှင်များ၏ အဆိုအရ သိရသည်။

မိမိတို့၏ လေ့လာတွေ့ရှိချက်အရ ကာဘိုဟိုက်ဒရိတ်ပါဝင်မှုနည်းပါးသည့် ဓာတ်စာများကြောင့် အစာခြေလမ်းကြောင်းစနစ် ဗက်တီးရီးယားတချို့၏ မျိုးဗီဇအခြေခံမော်လီကျူး (DNA) များကို ဖျက်ဆီးနိုင်စွမ်း ပိုကြီးမားလာတတ်ရာ အူမကြီးကင်ဆာဖြစ်နိုင်ခြေလည်း မြင့်မားလာနိုင်ကြောင်း ကနေဒါသုတေသနပညာရှင်များက ပြောကြားသည်။

အူမကြီးကင်ဆာ ရောဂါဖြစ်ပွားမှုအတွက် နောက်ခံအကြောင်းတရား အများအပြားရှိရာ ကာဘိုဟိုက်ဒရိတ်ပါဝင်မှုနည်းပါးသည့် အစားအစာများ စားသုံးမှုသည်လည်း ပါဝင်နေနိုင်သည်ဟု ကနေဒါ သုတေသနပညာရှင်များက သုံးသပ်ထားကြောင်း သိရသည်။

တပေါင်းလပြည့်နေ့အခါသမယတွင် နေပြည်တော်အတွင်းရှိ ဘုရားပုထိုးစေတီများ၌ ဘုရားဖူးလာ ရဟန်းရှင်လူ၊ ပြည်သူများ၊ ကုသိုလ်ပြုကြသူများဖြင့် စည်ကားများပြား

နေပြည်တော် မတ် ၁၃

ယနေ့ တပေါင်းလပြည့်နေ့ အခါသမယတွင် နေပြည်တော်အတွင်းရှိ ဘုရားပုထိုးစေတီများ၌ ဘုရားဖူးလာ ရဟန်းရှင်လူ၊ ပြည်သူများ၊ ကုသိုလ်ပြုကြသူများဖြင့် စည်ကားလျက်ရှိသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ ဗုဒ္ဓဂယာ (နေပြည်တော်)၊ မဟာသကျရံသီ ရပ်တော်မူရုပ်ရှင်တော်မြတ်ကြီး၊ ရန်အောင်မြင်ရွှေလက်လှစေတီတော်၊ ဓာတုဇယဓာတ်ပေါင်းစုစေတီတော်၊ ငြိမ်းချမ်းရေးစေတီ၊ လှေခွင်းတောင်တန်ခိုးကြီးဘုရား၊ ကိုးနဝင်းစေတီတော်၊ ဆုတောင်းပြည့်လောကမာရဇိန်စေတီတော်၊ သံသရာငြိမ်းအေးစေတီတော်၊ ဘုရားကိုးဆူ၊ ကိုးခန်းကြီးဘုရား၊ လောကရန်နှိမ်စေတီ၊ ဖောင်တော်ချက်မစေတီ၊ လက်လုပ်တောင်စေတီ၊ မြို့ပေါ်ရပ်ကွက်များရှိ စေတီပုထိုးများနှင့် ကျောင်းကန်ဇရပ်များတွင် ယနေ့နံနက်ပိုင်းမှ စတင်ကာ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ဝန်ထမ်းမိသားစုများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများသည် တရားဘာဝနာပွားများခြင်း၊ ဝတ်ရွတ်ပူဇော်ခြင်း၊ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ တရားသဘင်များ ကျင်းပခြင်း၊ ဆရာတော်သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ စတုဒိသာကျွေးမွေးလှူဒါန်းခြင်းများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။

ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္တုကံတော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်းရှင်လူ၊ ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ဘုရားဖူးလာ ရဟန်းရှင်လူ၊ ပြည်သူများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ရေချမ်းနှင့် ဆီမီးများ ကပ်လှူပူဇော်ကြည်ညိုကြပြီး စိတ်အေးချမ်းသာစွာဖြင့် တရားဘာဝနာပွားများခြင်း၊ အသင်းအဖွဲ့အလိုက်ဝတ်ရွတ်ပူဇော်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

ထို့နောက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်ထားသည့် ရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များဖြင့် တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်တော်များအတွင်းမှ ဘုရားကြီးကို ဖူးမြော်ကြည်ညိုကြသည်ကိုလည်း တွေ့မြင်ရသည်။

ယင်းနောက် ဘုရားဖူးရဟန်းရှင်လူပြည်သူများအနေဖြင့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ပိဋကတ်သုံးပုံတော်လာ အဋ္ဌကထာဋီကာကျမ်းစာများကို စကျင်ကျောက်ချပ်များပေါ်၌ ပါဠိအက္ခရာ၊ Romanize Lan-guage တို့ဖြင့် ကျောက်စာတော်များ ထွင်းထုထည့်သွင်းထားသည့် ကျောက်စာရုံစေတီတော်များနှင့် အခြားသာသနိက အဆောက်အအုံများကို စိတ်ဝင်စားစွာ ဖူးမြော်လေ့လာကြည်ညိုကြသည်။

အလားတူ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းများနှင့်အညီ ပရိတ်တရားတော်၊ ဓမ္မစကြာနှင့် ပဋ္ဌာန်းဒေသနာတော်များကို ရွတ်ပွားပူဇော်ကြကာ ဆီမီး ၃၀၀၀ ပူဇော်ပွဲကို ကျင်းပကြပြီး ကုသိုလ်ဘာဝနာပွားများသူများ၊ ဆင်စာကျွေးသူများ၊ အမှတ်တရလက်ဆောင်ပစ္စည်း အရောင်းဆိုင်များတွင် လက်ဆောင်ပစ္စည်းများ ဝယ်ယူသူများဖြင့် အထူးစည်ကားလျက်ရှိ၍ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို စေတီတော်မြတ်ကြီး၏ တပေါင်းကွင်း၌ မတ် ၇ ရက်မှ ၁၃ ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ ဂီတဖျော်ဖြေရေးအဖွဲ့များက အခမဲ့ဖျော်ဖြေတင်ဆက်ကြပြီး ဘုရားဖူးလာပြည်သူများ၊ လာရောက်ကြည့်ရှုအားပေးကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။