သတင်းများ
အသက် (၁၉) နှစ်အရွယ် တိုက်စစ်မှူး ပီတာအောင်ဝေထူးကို ရှမ်းယူနိုက်တက်အသင်းခေါ်ယူ
၂၀၂၅ – ၂၀၂၆ ဘောလုံးရာသီအတွက် အသက် (၁၉)နှစ်အရွယ် တိုက်စစ်မှူး ပီတာအောင်ဝေထူးအား ရှမ်းယူနိုက်တက်အသင်းက ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အသင်းကတရားဝင်ထုတ်ပြန်ထားသည်။
၎င်းသည် ရန်ကုန် ယူနိုက်တက်အသင်း၊ ဧရာဝတီ ယူနိုက်တက်အသင်း၊ ဒဂုံစတား ယူနိုက်တက်အသင်းတို့တွင် ကစားခဲ့သူဖြစ်ပြီး ၂၀၂၄ – ၂၅ ဘောလုံး ရာသီအတွင်း ဒဂုံစတား အသင်းအတွက် (၆) ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု (၂) ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သူဖြစ်သည်။
ထို့ပြင် ရှမ်းပြည်နယ် ကိုယ်စားပြု ရှမ်းယူနိုက်တက်အသင်းဖြစ်သည် ပြည်တွင်း၊ ပြည်ပ ကစားသမားခေါ်ယူမှုများ ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ရှမ်းယူနိုက်တက် အသင်းသည် လာမည့်ဘောလုံးရာသီတွင် ပြည်တွင်းပြိုင်ပွဲ (၂) ခုဖြစ်သည့် Myanmar National Lea gue Cup နှင့် Myanmar National League တို့ကို ယှဉ်ပြိုင်သွားရမည့်အပြင် ပြည်ပပြိုင်ပွဲ (၂)ခုဖြစ်သည့် Shopee Cu p နှင့် AFC Challenge League တို့အား အကောင်းဆုံး ပုံစံဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်လျက်ရှိသည်ဟု အသင်း၏ အသိပေးချက်အရ သိရသည်။
Source: Popular Myanmar
အပင်ထွက်အစားအစာရေရှည်စားသုံးသူထက်ဝက်ခန့်တွင် အာဟာရဓာတ်ဆိုင်ရာ ကျန်းမာရေးပြဿနာများရှိနေနိုင်
ဝယ်လင်တန်  ဧပြီ ၂၂
အပင်ထွက်အစားအစာအဓိကစားသုံးသူများအနက် ထက်ဝက်ခန့်တွင် ကြွက်သားဆုံးရှုံးမှုပြဿနာကဲ့သို့ အာဟာရဓာတ်ဆိုင်ရာကျန်းမာရေးပြဿနာများရှိနေနိုင်ကြောင်း ဧပြီ ၂၁ ရက်သတင်းများအရ သိရသည်။
နယူးဇီလန် သုတေသနပညာရှင်များသည် အပင်ထွက်အစားအစာများ ရေရှည်စားသုံးသူ ၂၀၀ ခန့်တို့ကို လေ့လာစောင့်ကြည့်ခဲ့ကြသည်။
လေ့လာချက်မှပေါ်ထွက်လာသည့်ရလဒ်များအရ အထက်ပါစမ်းသပ်မှုတွင် ပါဝင်ခဲ့ကြသူများအနက် ၅၀ ရာခိုင်နှုန်းခန့်မှာ Lysine နှင့် Leucine ခေါ် အထူးအရေးကြီးသော အမိုင်နိုအက်စစ်နှစ်မျိုး ချို့တဲ့နေသည်ကိုတွေ့ရကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။
Lysine နှင့် Leucine အမိုင်နိုအက်စစ်များသည် ကြွက်သားများကို တည်ဆောက်၊ ထိန်းသိမ်းရာတွင် အရေးကြီးသော အမိုင်နိုအက်စစ်များဖြစ်ကြသည်။
သို့ဖြစ်ရာ အပင်ထွက်အစားအစာ ရေရှည်စားသုံးသူများအနေဖြင့် Lysine နှင့် Leucine အမိုင်နိုအက်စစ်များ ချို့တဲ့မှုကြောင့် ကြွက်သားဆုံးရှုံးမှုကဲ့သို့ ပြဿနာများရှိလာနိုင်ကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။
အထက်ပါ အမိုင်နိုအက်စစ်နှစ်မျိုးသည် အသားနှင့်ဥကဲ့သို့ တိရစ္ဆာန်ထွက်အစားအစာများ၌ ပေါများစွာပါဝင်တတ်သော အမိုင်နိုအက်စစ်များ ဖြစ်ကြကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ
ငလျင်ကြောင့် မီးလောင်ပျက်စီးခဲ့သော အဖြေလွှာများနှင့်ပတ်သက်၍ စာမေးပွဲပြန်စစ်မည့်ရက်ကို ကြေညာ
မတ်လ ၂၈ ရက်က အင်အားပြင်း မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတက္ကသိုလ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့်နေပြည်တော်တို့မှ စာမေးပွဲအဖြေလွှာများ ပျက်စီးဆုံးရှုံးခဲ့သဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဒေသများအတွက် တက္ကသိုလ်ဝင်စာမေးပွဲကို လာမည့် ဇွန်လ ၁၆ ရက်မှ ၂၁ ရက်နေ့၊ နံနက် (၉) နာရီမှ (၁၂) နာရီအထိ ပြန်လည် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပြီးခဲ့သည့် မတ်လအတွင်းက စစ်ဆေးခဲ့သည့် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဘာသာရပ်အားလုံးဖြေဆိုခဲ့သူများကိုသာ ပြန်လည် ဖြေဆို ခွင့်ပြုမည်ဖြစ်ပြီး ဖြေဆိုခွင့်ရရှိသူများစာရင်းကို သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အထက(မင်းကင်း)၊ အထက (ပန်ဆက်)၊ အထက (၁) တမူး၊ အထက (၂) ရွှေဘို၊ အထက (၁) ရေဦး၊ အထက(ဗန်းမောက်)၊ အထက(ဝန်းသို)၊ အထက(မော်လိုက်)၊ အထက (ကင်းတပ်)နှင့် အထက(အရာတော်) စာစစ်ဌာနများတွင် ဖြေဆိုခဲ့သူများ သည် ပြန်လည်ဖြေဆိုရန် မလိုကြောင်း ထုတ်ပြန်ထားသည်။
ယခုနှစ်၊ မတ်လက ကျင်းပခဲ့သော စစ်ဆေးစာစစ်ဌာနများအနက် စစ်ကိုင်းတိုင်းဒေသကြီးရှိ စာစစ်ဌာန နှစ်ခု၊ မန္တလေးတိုင်းဒေသကြီးရှိ စာစစ်ဌာန (၁၉) ခုနှင့် နေပြည်တော်ရှိ စာစစ်ဌာန (၁၀) ခု များသည် ဖော်ပြထားသော စာစစ်ဌာနများတွင် ပြောင်းလဲဖြေဆိုရမည်ဖြစ်ပြီး မဖော်ပြသည့် ကျန်စာစစ်ဌာနများမှာ မူလစာစစ်ဌာနများတွင် ဖြေဆို ရမည်ဖြစ်ကြောင်း သိရသည်။
ယခုပြန်လည်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဖြေဆိုခွင့် ကတ်ပြားများကို မိမိတို့ဖြေဆိုရမည့် စာစစ်ဌာနများတွင် သက်ဆိုင်ရာ တက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်ရေးမှူးများထံမှ ဇွန် ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း တိုက်ရိုက်ထုတ်ယူရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
(၂၀၂၄-၂၀၂၅) ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်း စာစစ်ဌာနပေါင်း (၈၁၇) ခုဖွင့်လှစ်ကာ မတ်လ (၁၇) ရက်မှ (၂၂) ရက် အထိစစ်ဆေးခဲ့ရာတွင် စာမေးပွဲဖြေဆိုရန် စာရင်းပေးသူ ကျောင်းသူ၊ ကျောင်းသား (၂) သိန်းကျော် လာရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။ သို့သော် PDF များ အပါအဝင် လက်နက်ကိုင်များကြောင့် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် အခက်အခဲကြုံခဲ့ရသည့် ဒေသများလည်းရှိခဲ့ပြီး လုံးဝ မဖြေလိုက်ရသူများလည်းရှိခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်သို့ ရောက်ရှိနေသည့် (၂၀၂၄-၂၀၂၅) တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများဖြစ်သည့် မန္တလေးတိုင်း ဒေသကြီးမှ ဖြေဆိုသူဦးရေ (၄၆,၉၄၄) ဦး၏ အဖြေလွှာအုပ်ရေ (၂၈၀,၉၄၀) အုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ (၇၃၁၁) ဦး ၏ အဖြေလွှာအုပ်ရေ (၄၃,၈၂၇) အုပ်၊ ကချင်ပြည်နယ်မှဖြေဆိုသူဦးရေ (၈၆၉၉) ဦး ၏ အဖြေလွှာအုပ်ရေ (၅၂,၁၈၉) အုပ်တို့သည် မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
အသက်ကိုကယ်ပေးနိုင်မှာ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာ
ဘရာဇီးနိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့မှ သုတေသနပညာရှင်များက လူသားများ အတွက်အကျိုးရှိစေမယ့် သုတေသနတစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီသုတေ သနမှာတော့ ပျော်ဝင်လွယ်သောအမျှင် ဓာတ်ပါတဲ့ အစားအစာများကို စားသုံးပေး ခြင်းအားဖြင့် အူလမ်းကြောင်းမှာ ဗက်တီးရီးယားတွေ ဝင်ရောက်ခြင်းကို ကာကွယ် ပေးနိုင်တယ်ဆိုတာ တွေ့လိုက်ရပါတယ်။
သုတေသနပညာရှင်များဟာ အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ်လူဦးရေ ၅ သိန်းဝန်းကျင်ဆီကိုကူးစက်လျက်ရှိတဲ့ Clostridioides difficile ဆိုတဲ့ဗက်တီးရီးယားကို အဓိကထား စမ်းသပ်မှုလုပ်ခဲ့တာပါ။ စမ်းသပ်မှုမှာတော့ ဗက်တီးရီးယား ကူးစက်ခံထားရတဲ့ ကြွက်တွေနဲ့စမ်းသပ်ခဲ့တာပါ။ အဲဒီဗက်တီးရီးယားဟာ အူမကြီး ရောင်ရမ်းတဲ့ရောဂါနဲ့ ဝမ်းလျှောရောဂါကို ဖြစ်ပွားစေတာဖြစ်ပါတယ်။
သုတေသနပညာရှင်များက  အဲဒီဗက်တီးရီးယား ကူးစက်ခံထားရတဲ့ ကြွက်တွေကို အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေကျွေးမွေးပြီး စောင့်ကြည့်မှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီလိုအစားအစာတွေကျွေးမွေးလိုက်တဲ့အခါ ကြွက်တွေဟာဗက်တီး ရီးယားကူးစက်မှုကို ခံနိုင်ရည်ရှိလာတာ တွေ့ရပါတယ်။ အထူးသဖြင့် အမျှင်ဓာတ် ကြွယ်ဝတဲ့အစားအစာတွေကို အစာချေခြင်းကနေ ထွက်ရှိလာတဲ့ အက်စီတိတ်ဒြပ်ပေါင်းက ဗက်တီးရီးယား ကူးစက်မှုကို ကာကွယ်ပေးတာဖြစ်ပါတယ်။
Source: https://myawady.net.mm/
ဆေးခြောက်အလွန်အကျွံသုံးစွဲသူများ Dementia ဖြစ်နိုင်ခြေမြင့်တက်နိုင်
အော့တဝါ  ဧပြီ ၂၁
ဆေးခြောက်အလွန်အကျွံသုံးစွဲသူ သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်းများအနေဖြင့် နှစ်အတန်ငယ်အတွင်း ဦးနှောက်စွမ်းဆောင်ရည် ထိခိုက်ပျက်စီးမှုရောဂါ (Dementia) ဖြစ်နိုင်ခြေ မြင့်တက်လာနိုင်ကြောင်း ဧပြီ ၂၀ ရက် သတင်းများအရ သိရသည်။
ဆေးခြောက်သုံးစွဲမှုကြောင့် ဆေးရုံတက်ခဲ့ရသည့် သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်းလူနာများ၌ နောင်ငါးနှစ်အတွင်း Dementia ရောဂါဖြစ်နိုင်ခြေ ပုံမှန်ထက် ၇၂ ရာခိုင်နှုန်း မြင့်တက်နေတတ်ကြောင်း ကနေဒါသုတေသနပညာရှင်များက ပြောကြားသည်။
ဆေးခြောက်ကို ကာလရှည်အလွန်အကျွံသုံးစွဲမှုကြောင့် သက်လတ်ပိုင်းအရွယ်၌ ဦးနှောက်ကျန်းမာရေးပြဿနာများပေါ်လာနိုင်ခြေ မြင့်မားလာတတ်ကြောင်း ကနေဒါ သုတေသန ပညာရှင်များ က သုံးသပ်ထားသည်။
အထူးသဖြင့် မိမိတို့၏ လေ့လာတွေ့ရှိချက်အရ ဆေးရုံတက်ရလောက်သည်ထိ ဆေးခြောက်ကို အလွန်အကျွံ သုံးစွဲတတ်သော သက်ကြီးပိုင်းများ၌ Dementia ဖြစ်နိုင်ခြေမှာ နှစ်အနည်းငယ်အတွင်း မြင့်တက်လာနိုင်ကြောင်း သိရသည်။
ဆေးခြောက် ပုံမှန်သုံးစွဲမှုကြောင့် ဦးနှောက်ဖွဲ့စည်းတည်ဆောက်ပုံ ပြောင်းလဲသွားတတ်ပြီး Dementia ဖြစ်နိုင်ခြေ မြင့်တက်လာနိုင်ကြောင်း သုတေသနပညာရှင်များက သုံးသပ်ထားသည်။
နာတာရှည် ကိုဗစ်ရောဂါကို အဆုံးသတ်ပေးမယ့် ဆေးတစ်မျိုး ထွက်ပေါ်လာမည်
သုတေသနပညာရှင်များက ဆေးတစ်မျိုးကို ရှာဖွေတွေ့ရှိလိုက်ပါတယ်။ အဲဒီ ဆေးရဲ့ဒြပ်ပေါင်းက နာတာရှည်ကိုဗစ် ရောဂါလက္ခဏာတွေကို ကာကွယ်နိုင်စွမ်း ရှိတယ်လို့ဆိုပါတယ်။ ကြွက်တွေကိုအသုံးပြုထားတဲ့ ဒီစမ်းသပ်မှုရဲ့ရလဒ်က ကိုဗစ် ရောဂါကုသမှုအတွက် နည်းလမ်းကောင်းတစ်ခု ဖြစ်လာနိုင်တယ်လို့ သုတေသီများ ကပြောထားပါတယ်။
ဒီသုတေသနကို WEHI ဆေးသုတေသနအဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး သူတို့ ဖန်တီးထုတ်လုပ်ထားတဲ့ ပိုးသတ်ဆေး ဒြပ်ပေါင်းတစ်မျိုးကို ကြွက်တွေမှာစမ်းသပ် လိုက်တဲ့အခါ နာတာရှည်ကိုဗစ်ရောဂါရဲ့ လက္ခဏာတွေဖြစ်တဲ့ ဦးနှောက်ရဲ့လုပ်ငန်း ဆောင်တာ မူမမှန်တာနဲ့ အဆုတ်ပျက်စီးခြင်း ဖြစ်ပွားတာတို့ကို ကာကွယ်နိုင်တယ် ဆိုတာ တွေ့လိုက်ရတာဖြစ်ပါတယ်။ ကိုဗစ်ကြောင့် အသက်ရှူကျပ်ခြင်းမှ ဦးနှောက် ထိုင်းမှိုင်းခြင်းအထိ ဖြစ်တတ်ပါတယ်။
သုတေသနပညာရှင်များကတော့ သူတို့ရဲ့တွေ့ရှိမှုကို လူသားတွေနဲ့လက်တွေ့ စမ်းသပ်မှုတွေ လုပ်ဆောင်သွားဖို့အထိ မျှော်မှန်းထားပါတယ်။ ဒါ့အပြင် ကိုဗစ် ရောဂါအတွက် အတည်ပြုထားတဲ့ ကုသမှု ဖြစ်လာဖို့ကိုလည်း ရည်မှန်းထားပါတယ်။
အဆီပါဝင်မှုများသော အစားကို သုံးရက်စားရုံဖြင့် ဦးနှောက်ရောင်ရမ်းမှုကိုဖြစ်စေနိုင်
အိုဟိုင်းယိုးပြည်နယ်  တက္ကသိုလ်မှ သုတေသနပညာရှင်များက ကြွက်များကို အသုံးပြုပြီး လေ့လာမှုတစ်ခုလုပ်ရာမှာ သိပ်ကိုအံ့ဩဖွယ်ကောင်းတဲ့  အချက်တစ်ချက်ကို တွေ့ရှိလိုက်ရပါတယ်။ အဲဒီတွေ့ရှိချက်ကတော့ အဆီပါဝင်မှုများတဲ့ အစားအစာကို     သုံးရက်မျှစားရုံဖြင့် ဦးနှောက် ရောင်ရမ်းမှုကို ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။
အဓိကအားဖြင့် သက်ကြီးပိုင်းတွေက အဲဒီလိုအဆီများတဲ့အစားအစာကို စားသုံးမယ်ဆိုရင် မှတ်ဉာဏ်လျော့ကျမှုသာမက ဦးနှောက်ရောင်ရမ်းမှုပါ ဖြစ်ပွားနိုင်တယ်လို့ သုတေသနပညာရှင်များက သုံးသပ်ထားပါတယ်။
သုတေသနပညာရှင်များက အဝလွန်ရောဂါနဲ့ ဆီးချိုရောဂါဖြစ်ပွားမှုတို့ကိုလေ့လာမှုတွေလုပ်နေတဲ့ အချိန်မှာ မမျှော်လင့်ဘဲ အခုလိုမျိုးတွေ့ရှိချက်ကို ဖော်ထုတ်နိုင်ခဲ့တာပါ။
ကျန်းမာရေးနဲ့ညီညွတ်မှုမရှိတဲ့ အစားအစာတွေကို စားသုံးခြင်းနဲ့ ဆီးချိုရောဂါ ဖြစ်ပွားမှုက ဆက်စပ်နေတာ မှန်ပေမယ့် အဆီများတဲ့ အစားအစာကိုစားသုံးမှုနဲ့ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ဆက်စပ်မှုကိုတော့ အခုမှပဲတွေ့ရှိကြတာဖြစ်တယ် လို့ဆိုပါတယ်။            
Ref: STD
K.H
အီး-စီးကရက်သောက်ခြင်း‌က အဆုတ်ရောဂါနဲ့သွေးတိုးရောဂါကိုဖြစ်ပွားစေ
ဂျွန်ဟော့ကင်းဆေးတက္ကသိုလ်က ဦးဆောင်တဲ့ သုတေသနတစ်ခုမှာ လူပေါင်း နှစ်သိန်းခွဲနီးပါးကို လေးနှစ်ကြာလေ့လာမှု လုပ်ခဲ့ပါတယ်။ အဲဒီလေ့လာမှုကနေ တွေ့ရှိလိုက်ရတဲ့အချက်ကတော့ လူငယ်တွေ ကြားမှာရေပန်းစားလာတဲ့ အီး-စီးကရက် အသုံးပြုမှုနဲ့ဆက်စပ်နေပါတယ်။
သူတို့လေ့လာချက်မှာတွေ့ရှိလိုက်ရတာက အီး-စီးကရက် အသုံးပြုသူများဟာ နာတာရှည် အဆုတ်ရောဂါကို သာမက သက်လတ်ပိုင်းတွေမှာဆိုရင် သွေးတိုးရောဂါကိုပါခံစားရနိုင်တယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ ဒီလေ့လာချက်က သိပ်ကို အရေးကြီးပါတယ်။
ပထမတစ်ချက်က ဂျွန်ဟော့ကင်းဆိုတဲ့ တက္ကသိုလ်ကြီးကနေ   ဦးစီးပြီးလုပ်တဲ့ သုတေသန ဖြစ်နေတာရယ်၊ အဲဒီသုတေသနထဲမှာ လူပေါင်းနှစ်သိန်းခွဲနီးပါးပါဝင်နေတာရယ်၊ အချိန်အားဖြင့်လေးနှစ်ခန့် ကြာတာရယ်တို့ကြောင့် အီး-စီးကရက် အသုံးပြုသူများမှာ နာတာရှည်အဆုတ် ရောဂါအပြင် သွေးတိုးရောဂါပါခံစားရမယ်ဆိုတာ အသေအချာပါပဲ။
ဒီအတွက်ကြောင့် အီး-စီးကရက်ကို အသုံးပြုသည်ဖြစ်စေ၊ သမားရိုးကျဆေးရွက်ကြီးသုံး စီးကရက်ကိုသောက်သည် ဖြစ်စေ ရောဂါဖြစ်ပွားနိုင်တဲ့အခြေအနေ ကတော့ အတူတူပဲဆိုတာကို ထပ်မံတွေ့ ရှိရပါတယ်။ ကမ္ဘာမှာ အီး-စီးကရက်ဆိုတာ သမားရိုးကျစီးကရက်ပြီးရင် အသုံးပြုမှုအများဆုံးဖြစ်လာပါတယ်။ 
မြန်မာ့ရိုးရာအစဥ်အလာနှင့်အညီ သပြေခက်ဖြင့်ရေပက်ဖျန်းကာ သင်္ကြန် ပွဲတော်ကိုဆင်နွှဲကြခြင်းဖြစ်ပြီး ဘိုး၊ဘွားများအား ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်းလှီးဖြတ်ပေးခြင်းကုသိုလ်ပြုလုပ်နေမှုအစီစဉ်များလည်းပါဝင်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ​ ဥက္ကဋ္ဌ က ဘိုးဘွားများကိုသင်္ကြန်လက်ဆောင်များပေးအပ်ပြီး စတုဒိသာမဏ္ဍပ်တွင် စတုဒိသာကျွေးမွေးနေမှုများကိုပါကြည့်ရှုအားပေးခဲ့သည်။
ယခုနှစ် နေပြည်တော်လမ်းလျှောက် မြန်မာ့ရိုးရာအတာသင်္ကြန်အား ယူနက်စကို၏လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ်သတ်မှတ်ခံရသည်ကို အသိအ မှတ်ပြုသည့်အနေဖြင့် ဂုဏ်ပြုကျင်းပခြင်းလည်းဖြစ်သည်။
ကိုးကား- Popular Myanmar
မန္တလေးငလျင်ကြီးကြောင့် အင်းဝရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဇုန်အတွင်း သမိုင်းဝင် အမွေအနှစ်အဆောက်အအုံ ၇၅ ရာခိုင်နှုန်းခန့် ထိခိုက်ပျက်စီး
လွန်ခဲ့သည့် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ပြင်းအား ရစ်ချက်စတာ စကေး ၇.၇ အဆင့်ရှိ မန္တလေးငလျင်ကြီးကြောင့် အင်းဝ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဇုန်အတွင်း၌ သမိုင်းဝင် အမွေအနှစ် အဆောက်အအုံ ၇၅ ရာခိုင်နှုန်းခန့် ထိခိုက်ပျက်စီးခဲ့ရကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ အသိပေး ထုတ်ပြန်ထားသည်။
အလားတူ ယခင်က အင်းဝရှေးဟောင်းသုတေသနဇုန်အတွင်း ဘုရား၊ စေတီ၊ အုတ်ကျောင်းများစွာရှိသည်ကို စာရင်းကောက်ယူခဲ့သော်လည်း မျက်မြင်အနေအထားအရ နှစ်ထပ်စေတီများ မရှိခဲ့သော်လည်း မန္တလေး ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုစာရင်းကို စနစ်တကျ ကောက်ယူရာ တွင် ပြိုပျက်နေသော စေတီများအတွင်းမှ မူလစေတီငယ်ကို ငုံပြီး တည်ထားသည့် နှစ်ထပ်စေတီများနှင့် သုံးထပ်လိုဏ်ဂူဘုရားများကို တွေ့ရှိခဲ့ရသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ နှစ်ထပ်စေတီများကို သောတပန် ဘုရားအနီး အမှတ် ၉၃ စေတီ တွင် (၁) ဆူ၊ ဒေါ်ဂျမ်းဘုရားစုအတွင်း အမှတ် ၃၁၆ နှင့် ၃၁၈ တွင် (၂) ဆူ၊ အမှတ် ၂၁ ကြေးနီမုဌောတွင် (၁) ဆူ၊ မြသိန်းတန်ဘုရားအနီး ကိုစံငွေ ယာခင်းအနီးတွင် (၁) ဆူ၊ မင်္ဂလာရပ် ကျောဘက် ဦးထွန်းနိုင်ယာခင်း အနီးတွင် (၂) ဆူ၊ ရှင်ပင်ခရေသီး တွင် (၁) ဆူ၊ အနောက်ရိပ်သာဝင်းတွင် (၁)ဆူ၊ ပုလိပ်ဘုရားစုတွင် (၁) ဆူ၊ ကျောက်ဆည်မြို့၊ အင်ရောင်း ဘုရားစု တွင် (၁) ဆူ၊ မန္တလေးမြို့၊ ကျောက်ဆည်မြို့နယ်၊ တောတွင်ရွာ တွင် (၁)ဆူ၊ မန္တလေးမြို့၊ ဘုရားနီဘုရားတွင် (၁)ဆူ၊  စုစုပေါင်း (၁၃)ဆူ ကိုစိစစ်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထို့အပြင် သုံးထပ်လိုဏ်ဂူဘုရားများကို ပင်းယတွင် (၁) ဆူ၊ မြစ်ငယ်တွင် (၃) ဆူ၊ စာတိုးမြို့ပြင်ကြီးတွင် (၁) ဆူဟု ထုတ်ပြန်ချက်တွင် ဖော်ပြထား သော်လည်း စုစုပေါင်း (၅) ဖြစ်ရမည့်အစား စုစုပေါင်း ၃ ဆူကို စိစစ် တွေ့ရှိရသည်ဟု ဖော်ပြထားသည်။
ထို့အတူ ပဏာမ ကွင်းဆင်းစစ်ဆေးချက်အရ မန္တလေးမြို့၊ ၈၁ လမ်းပေါ် ၂၁ x ၂၂ အကြားရှိ ဘုရားနီ ဘုရားမှာ ငလျင်ဒဏ်ကြောင့် အပေါ်ယံ အုတ် များကွာကျ၍ အတွင်းတွင် အင်းဝခေတ်နှောင်းပိုင်းကတည်းက တည်ထား ခဲ့သည်ဟု ယူဆရသော စေတီရှိပြီး ၎င်းစေတီအား အမရပူရခေတ်တွင် တစ်ကြိမ် ထပ်မံငုံ၍ တည်ထားသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။
အင်းဝဒေသတွင်လည်း ပထမအင်းဝခေတ်၌ တည်ထားခဲ့သော ဘုရား (၉) ဆူအနက် အချို့ ဘုရားများသည် ညောင်ရမ်းခေတ်တွင် ဒုတိယ အကြိမ် ငုံ၍ ထပ်မံမွမ်းမံပြင်ဆင်ထားသည်ကိုလည်းကောင်း၊ အချို့သည် ပထမ အင်းဝခေတ်နှောင်းပိုင်းတွင်ပင် ထပ်မံငုံ၍ မွမ်းမံပြင်ဆင်ထားသည်ကို လည်းကောင်း ကနဦးစစ်ဆေးတွေ့ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ကိုးကား-MHT