သတင်းများ

ဗိဿနိုး ရှေးဟောင်းသုတေသနပြတိုက် ပုံမှန်ဖွင့်လှစ်လျက်ရှိ

တောင်တွင်းကြီး ဖေဖော်ဝါရီ ၂၅ 

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၏ အနောက်ဘက် ၁၂ မိုင်ခန့် အကွာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဗိဿနိုး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဗိဿနိုး ရှေးဟောင်းသုတေသနပြတိုက်ကို ပုံမှန် ဖွင့်လှစ်လျက် ရှိကြောင်း သိရသည်။ ထိုပြတိုက်ကို၂၀၀၄ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်တွင် ပန္နက်တင်ဆောက်လုပ်ပြီး ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်တွင် ဆောက်လုပ်ပြီးစီး ခဲ့ပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၁ ရက် တွင် အများပြည်သူ ဝင်ရောက်လေ့လာ နိုင်ရန် စတင်ဖွင့်လှစ်ပြသခဲ့ခြင်းဖြစ်သည်။

အဆိုပါဗိဿနိုးရှေးဟောင်းသုတေသန ပြတိုက်အတွင်း၌ ကျောက်ခေတ်၊ သံခေတ်၊ ကြေးခေတ်ပြကွက်များ၊ ကျောက်ဖြစ် ရုပ်ကြွင်းပြကွက်များ၊ ဓလေ့ရိုးရာနေအိမ် ပုံစံငယ်၊ ဗိဿနိုးမြို့ဟောင်းမြေပုံ၊ ဗိဿနိုး မြို့ဟောင်းသမိုင်းအကျဉ်း၊ ပျူတို့၏ ထင်ရှားသောအမှတ်လက္ခဏာများ၊ ဗိဿနိုး မြို့ဟောင်းဝန်းကျင်ဒေသရှိ သမိုင်းမတင်မီ ခေတ်အထောက်အထားများ၊ ဗိဿနိုးမြို့ဟောင်းမှ တူးဖော်တွေ့ရှိရသော စာပေဆိုင်ရာ အထောက်အထားများ၊ ပျူစာပေ အရေးအသား၊ ပျူခေတ်အုတ်များ၊ ရေစင် တော်သွန်းအိုး၊ ကြေးဗုဒ္ဓဆင်းတု၊ ငှက် ရုပ်ပုံအရိုးအိုး၊ အရိုးအိုးမြှုပ်နှံမှုဆိုင်ရာ အဆောက်အအုံပုံစံငယ်၊ တော်ဝင်ဗိသုကာ အထောက်အထားများ၊ မြို့ရိုးနှင့် အရန် အတား(ပုံစံငယ်)၊ သပိတ်ပုံအရိုးအိုး၊ ပျူဒင်္ဂါးများ၊ ပျူပုတီးစေ့များ စသည့်တူးဖော်တွေ့ရှိမှု သမိုင်းဆိုင်ရာ အထောက်အထား များကို စိတ်ဝင်စားဖွယ်ရာ ခင်းကျင်းပြသထားသည်။

နောင်နောင်(ဗိဿနိုးမြေ)

Source: Myawady Daily Newspaper

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ၂၀၂၅ ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ဝါသနာရှင်အဆင့်နှင့် သက်ကြီးတန်းဝါသနာရှင်အဆင့် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၄

မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်မှကြီးမှူး၍ Burmese Golf (BG) မှ အဓိကကူညီပံ့ပိုးသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ဝါသနာရှင်အဆင့်နှင့် သက်ကြီးတန်းဝါသနာရှင်အဆင့် ပြိုင်ပွဲများ၏ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း) ၌ပြုလုပ်ရာ မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် ရန်ကုန်ဂေါက်ကွင်းတို့မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် နာယက ဦးဝင်းလှိုင်၊ ဥက္ကဋ္ဌ ဦးကိုကိုအေး၊ ဗဟိုအလုပ်အမှုဆောင်နှင့် အထက်မြန်မာပြည် ဂေါက်သီးအားကစားဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစိုး၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်ကိုဇော်၊ ရန်ကုန်ဂေါက်ကွင်းအတွင်းရေးမှူး ဦးခင်မောင်တင့်နှင့် အလုပ်အမှုဆောင် ဦးအောင်ဌေးလှိုင်တို့က အလှည့်ကျ ဂေါက်သီးရိုက်၍ ဖွင့်လှစ်ပေးပြီး ပထမနေ့ ၁၈ ကျင်းပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ကြသည်။

ယနေ့ပြိုင်ပွဲတွင် ဝါသနာရှင်အဆင့် (အမျိုးသား) ၁၄၇ ဦး၊ ဝါသနာရှင်အဆင့် သက်ကြီးတန်း (အသက်၅၅) နှစ်နှင့်အထက် ၂၇ ဦး စုစုပေါင်းအားကစားသမား ၁၇၄ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲကို မျိုးဆက်သစ်ဂေါက်သီးအားကစားသမားများ၏ လက်ရည်အဆင့်အတန်း တိုးတက်လာစေရန်နှင့် နိုင်ငံတကာအဆင့်မီယှဉ်ပြိုင်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း) ၌ ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၇ ရက်အထိ လေးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Source: Myanmar.gov.mm
 
ကျောင်းနေအရွယ်လူဦးရေ ဆက်လက် ကျဆင်းလာမှုကြောင့် စာသင်ကျောင်း ၄၉ ကျောင်းကို တောင်ကိုရီးယား ပိတ်ပစ်ခဲ့ရ

တောင်ကိုရီးယားနိုင်ငံတွင် ကျောင်းနေအရွယ်လူဦးရေ  ဆက်လက်ကျဆင်းလာမှုကြောင့် ပြည်နယ်နှင့် မြို့ကြီး ၁၇ ခုရှိ စာသင်ကျောင်း စုစုပေါင်း ၄၉ ကျောင်းကို ပိတ်ပစ်ခဲ့ရကြောင်း Korea Herald နေ့စဉ်သတင်းစာတွင် ဖော်ပြသည်။

ကျောင်းနေအရွယ်လူဦးရေ မလုံလောက်မှုကြောင့် ပိတ်ပစ်ခဲ့ရသည့် စာသင်ကျောင်း အရေအတွက်မှာ ၂၀၂၃ ခုနှစ်တွင် ၂၂ ကျောင်း၊ ၂၀၂၄ ခုနှစ်တွင် ၃၃ ကျောင်းရှိခဲ့သော်လည်း  ယခုနှစ်တွင် ၄၉ ကျောင်းအထိ မြင့်တက်လာခြင်းဖြစ်သည်။ ပိတ်ပစ်ခဲ့ရသောကျောင်းများတွင် မူလတန်းကျောင်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများ ပါဝင်ကြောင်း အစိုးရကထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

ထို့ပြင် ယခုနှစ်အကုန်ပိုင်းတွင် ကျေးလက်ဒေသရှိ  စာသင်ကျောင်းများအနက် ၈၈ ရာခိုင်နှုန်းကို ပိတ်ပစ်ရန် စီစဉ်ထားကြောင်း ပညာရေးဝန်ကြီးဌာနက  ထုတ်ပြန်ထားသည်။

ဆိုးမြို့တော်ရှိ စာသင်ကျောင်းများကို ပိတ်ပစ်မည်မဟုတ်သော်လည်း  ၎င်းမြို့အနီးရှိ ဂွန်ဂျီးပြည်နယ်တွင် စာသင်ကျောင်း ခြောက်ကျောင်းမှာ ပိတ်ခံရမည့်အခြေအနေနှင့်   ရင်ဆိုင်နေရသည်။ 

စာသင်ကျောင်းအများဆုံး  ပိတ်ပစ်ခဲ့ရသည့် ပြည်နယ်မှာ တောင်ဂျိုလာပြည်နယ်ဖြစ်ပြီး ယင်းပြည်နယ်တစ်ခုတည်းမှာပင် စာသင်ကျောင်း ၁၀ ကျောင်းမှာပိတ်ခံရမည့် အလားအလာရှိသည်။

ကျေးလက်ဒေသများရှိ   မူလတန်းကျောင်းများကို   ပိတ်ပစ်ရသည့်   အဓိကအကြောင်းရင်းမှာ  ကျောင်းတက်ရန် ကျောင်းအပ်နှံသည့် ကျောင်းသား၊   ကျောင်းသူ အသစ်များ မရှိသောကြောင့်ဖြစ်ကြောင်း သိရသည်။

Source: Myawady Web Portal

မန္တလေးပြည်သူ့ဆေးရုံကြီး၌ (၈၃) ကြိမ်မြောက် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု အောင်မြင်စွာဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၂၄

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများလိုအပ်သော နိုင်ငံတကာအဆင့်မီကုသမှုများကို ပြည်တွင်း၌ လက်လှမ်းမီရရှိနိုင်ခြင်းဖြင့် ပြည်သူများဆေးကုသမှုအတွက် စိုက်ထုတ်ကုန်ကျစရိတ် သက်သာစေရေးနှင့် ပြည်သူ့ဆေးရုံများ၏ ကုသမှုအရည်အသွေး တိုးတက်စေရေးအတွက် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ မန္တလေးပြည်သူ့ဆေးရုံကြီး၌ (၈၃) ကြိမ်မြောက် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို ဖေဖော်ဝါရီ ၂၀ ရက်က အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်။

အဆိုပါကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုတွင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်တွင် နေထိုင်သူ အသက် (၂၆) နှစ် ရှိ အမျိုးသားလူနာနှင့် ဇနီးဖြစ်သူ အသက် (၂၆) နှစ် ကျောက်ကပ် အလှူရှင်တို့အား ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသမှုကို ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၉ နာရီ ၂၂ မိနစ်တွင် စတင်ဆောင်ရွက်ခဲ့ကာ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ဆောင်ရွက်ပြီးစီးသည်။

ကျောက်ကပ်အစားထိုးခွဲစိတ် ကုသမှုဆောင်ရွက်ခဲ့သော လူနာနှင့်ကျောက်ကပ်အလှူရှင်တို့၏ ခွဲစိတ်ပြီး ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများ၊ ကျွမ်းကျင်သူနာပြုများက လိုအပ်သော ပြုစုကုသမှုများကို အနီးကပ်ဆက်လက် ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုကို ပါမောက္ခ ဒေါက်တာ ကိုကိုနိုင်နှင့် ပါမောက္ခ ဒေါက်တာဝင်းဝင်းလှိုင်တို့ ဦးဆောင်သော ဆီးနှင့်ကျောက်ကပ် ဆေးကုသမှုဆိုင်ရာလုပ်ငန်းအဖွဲ့၊ ပါမောက္ခဒေါက်တာလမင်းဝင်းနှင့် ပါမောက္ခ ဒေါက်တာကျော်စိုးကျော်တို့ဦးဆောင်သော ဆီးနှင့် ကျောက်ကပ်ခွဲစိတ်မှုဆိုင်ရာလုပ်ငန်းအဖွဲ့၊ ပါမောက္ခဒေါက်တာ ဝင်းဝင်းကျော်နှင့် အထူးကု ဆရာဝန်ကြီး ဒေါက်တာသတိုးသိန်းဇံတို့ဦးဆောင်သော နှလုံးနှင့်သွေးကြောခွဲစိတ်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ပါမောက္ခ ဒေါက်တာ မီမီသော်နှင့် ပါမောက္ခဒေါက်တာမူမူနိုင်တို့ဦးဆောင်သော မေ့ဆေးပညာဆိုင်ရာလုပ်ငန်းအဖွဲ့၊ ဆေးတက္ကသိုလ် - မန္တလေး ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ မျိုးသက်တင်နှင့် ပါမောက္ခ ဒေါက်တာ နီလာဝင်းတို့ဦးဆောင်သော ရောဂါရှာဖွေရေးနှင့် သွေးနှင့်သွေးပစ္စည်းဆိုင်ရာ အထောက်အကူပြုလုပ်ငန်းအဖွဲ့၊ ပါမောက္ခ ဒေါက်တာသန္တာလွင် ဦးဆောင်သော ဓာတ်မှန်ပညာဆိုင်ရာလုပ်ငန်းအဖွဲ့၊ ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦးနှင့် ဆေးရုံစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ သူနာပြုများအဖွဲ့၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် အထောက်အကူပြု ဝန်ထမ်းများအားလုံး ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းသည် ယမန်နေ့နံနက်ပိုင်းတွင် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ မန္တလေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများနှင့်အတူ မန္တလေးပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်သို့သွားရောက်ကာ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုခံယူခဲ့သော လူနာနှင့် ကျောက်ကပ်အလှူရှင်တို့ကို ကြည့်ရှုအားပေးပြီး အာဟာရပြည့်လက်ဆောင် ပစ္စည်းများပေးအပ်ကာ ခွဲစိတ်ကုသမှုတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများကို တွေ့ဆုံနှုတ်ဆက်ဂုဏ်ပြုစကား ပြောကြားသည်။

မန္တလေးပြည်သူ့ဆေးရုံကြီး၌ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုကို ၂၀၀၁ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် မတ်လ၌ (၈၂) ကြိမ်မြောက်အဖြစ် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုဆောင်ရွက်ကာ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုအခြေအနေများကြောင့် ယာယီရပ်နားခဲ့ရကာ ယခု (၈၃) ကြိမ်မြောက်အဖြစ် ပြန်လည်စတင်နိုင်ခဲ့ခြင်းဖြစ်သည်။ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုများကို ပြည်သူ့ဆေးရုံများအနေဖြင့် အထူးကုဆေးရုံကြီး (ခုတင်- ၅၀၀) ရန်ကုန်၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) နှင့် မန္တလေးပြည်သူ့ဆေးရုံကြီးတို့၌လည်းကောင်း၊ တပ်မတော်ဆေးရုံများအနေဖြင့် ရန်ကုန်ရှိ အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင်-၁၀၀၀)၊ နေပြည်တော်ရှိ အမှတ် (၂) တပ်မတော်ဆေးရုံ (ခုတင်-၁၀၀၀)၊ ပြင်ဦးလွင်ရှိ အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) နှင့် အောင်ပန်းရှိ အမှတ် (၂) တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) တို့၌လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများအနေဖြင့် ရန်ကုန်ရှိ ပန်းလှိုင်ဆေးရုံနှင့် ကန်သာယာဆေးရုံတို့၌လည်းကောင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Source: moi.gov.mm

ကိုယ်အလေးချိန်လျှော့ချရေးဆေးများကြောင့် အမြင်အာရုံပြဿနာတစ်မျိုးပေါ်နိုင်ခြေ မြင့်မားနိုင်

နယူးယောက် ဖေဖော်ဝါရီ ၂၃

လူသန်းပေါင်းများစွာတို့ သုံးစွဲနေကြသော ကိုယ်အလေးချိန်လျှော့ချရေး ဆေးများကြောင့် အမြင်အာရုံ ပြဿနာတစ်မျိုး ပေါ်လာနိုင်ခြေ မြင့်မားလာနိုင်ကြောင်း သုတေသနပညာရှင်များက ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြောကြားသည်။

Wegovy နှင့် Ozempic ကဲ့သို့သော ကိုယ်အလေးချိန် လျှော့ချရေးဆေးများ၏ အဓိကဓာတုပစ္စည်းဖြစ်သော Semaglutide သည် ပုံစံ-၂ ဆီးချိုရောဂါနှင့် အဝလွန်မှုပြဿနာတို့ကို ဖြေရှင်းရာတွင် ထိရောက်သော ကုထုံးများဖြစ်ကြောင်း ဆေးပညာရှင်များက လက်ခံထားသည်။

သို့ရာတွင် အမေရိကန်သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ အထက်ပါကိုယ်အလေးချိန်လျှော့ချရေးဆေး သုံးစွဲသူများသည် Nonarteritic Ischemil Anteiror Optic Neuropathy (NAION) ခေါ် အမြင်အာရုံ ပြဿနာတစ်မျိုးပေါ်လာနိုင်ခြေ မြင့်မားလာနိုင်ကြောင်း သိရသည်။

မျက်လုံး လေဖြတ်မှုဟူ၍လည်း လူသိများသည့် NAION ပြဿနာသည် မျက်လုံး၏ မြင်လွှာနာ့ဗ်ဆဲလ်များဆီသို့ သွေးပို့ပေးနေသော သွေးကြောများပိတ်ဆို့၍ အောက်ဆီဂျင်ပြတ်လပ်ပြီး မြင်လွှာနာ့ဗ်ဆဲလ်များ ပျက်စီးချိန်တွင် ပေါ်ပေါက်တတ်သည့် အမြင်အာရုံပြဿနာဖြစ်သည်။

သို့ရာတွင် ကိုယ်အလေးချိန်လျှော့ချရေးဆေး သုံးစွဲသူများ၌ NAION ဖြစ်နိုင်ခြေ မြင့်မားလာနိုင်မှုနှုန်းမှာ စိုးရိမ်ရသည့်အဆင့်တွင် မရှိကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

Source: ရတနာပုံသတင်းစာ 

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်

နေပြည်တော်   ဖေဖော်ဝါရီ   ၂၂

ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို စေတီတော်မြတ်ကြီး၏ တပေါင်းကွင်းအတွင်း၌ မတ်လ ၇ ရက်မှ ၁၃ ရက်အထိ ခုနစ်ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတော်တွင် ရေကျော်ဂီတဖျော်ဖြေရေးအဖွဲ့၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဖျော်ဖြေရေးအဖွဲ့၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ ဖျော်ဖြေရေးအဖွဲ့နှင့် မြဝတီရုပ်မြင်သံကြားဖျော်ဖြေရေး အဖွဲ့တို့က အလှည့်ကျဖျော်ဖြေ တင်ဆက်ကြမည်ဖြစ်သည်။

သို့ဖြစ်ပါ၍ ရပ်နီး၊ ရပ်ဝေးမှ ဘုရားဖူးပြည်သူများအနေဖြင့်   ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုရင်း တပေါင်းပွဲတော်ကြီးအား  ပါဝင်ဆင်နွှဲနိုင်ကြောင်း ဂေါပကအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မလေးရှားနိုင်ငံ၊ ပီနန်၌ အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦး မျက်လုံးပုံစံ ဂျယ်လီခြောက်စားပြီး သေဆုံး

မလေးရှားနိုင်ငံ၊ ပီနန်၌ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး စားပွဲတင်တင်းနစ် ဘောလုံးအရွယ် မျက်လုံးပုံစံ ဂျယ်လီခြောက် စားပြီး နောက် ဖေဖော်ဝါရီလ ၂၀ ရက်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ကလေးငယ်သည် ဖေဖော်ဝါရီ ၁၈ ရက်တွင် ပီနန်ပြည်နယ်၊ ဆီကို လာကဲဘန်ဆန် ဆန်ဂိုင်ဒူအာ အဝန်းအဝိုင်းရှိ ကျောင်းဝင်းအပြင်ဘက် မုန့်ဆိုင်မှ ဝယ်ယူခဲ့သည့် မျက်လုံးပုံသဏ္ဍာန်ဂျယ်လီခြောက်ကို ဝယ်ယူ စားသောက်ခဲ့ပြီး မွန်းလွဲ ၂ နာရီ ၃ဝ မိနစ် အချိန်တွင် ကျောင်းသားသည် သူငယ်ချင်းများနှင့်အိမ်သာသွားစဉ် လမ်း၌လဲကျ သတိလစ်သွားခဲ့ခြင်း ဖြစ်သည်ဟု ပီနန်သတင်းဌာန Guang Ming Daily ၏ ဖော်ပြချက်အရ သိရပါသည်။

ထို့နောက် Seremban Jaya ဆေးရုံ အရေးပေါ်ဌာန၏ ဆေးဘက် ဆိုင်ရာဝန်ထမ်းတစ်ဦး အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာပြီး ကျောင်းသား ၏လည်ချောင်းထဲမှ ဂျယ်လီခြောက်ကို ဖယ်ထုတ်ပေးနိုင်ခဲ့သော်လည်း သတိလစ်နေဆဲဖြစ်ခြင်းကြောင့် ပီနန်အထွေထွေရောဂါကုဆေးရုံကြီးကို အလျင်အမြန်ပို့ဆောင်ခဲ့ရကာ နောက်ပိုင်းတွင် သေဆုံးသွားခဲ့ပါသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ မလေးရှားကျန်းမာရေးဝန်ကြီးဌာနက ၎င်းထုတ်ကုန်ရောင်းချမှုကို အွန်လိုင်းပလက်ဖောင်းအားလုံးနှင့် ဒေသအတွင်း ဈေးကွက်များတွင် တင်းကြပ်စွာတားမြစ်ခဲ့သည့်အပြင် အများ ပြည်သူများအနေဖြင့်လည်း အထူးသဖြင့် မိဘများအနေဖြင့် ကလေးများကို အစားအသောက် ရွေးချယ်ကျွေးမွေးရာ၌ အထူးသတိထားရန်လည်း အကြံပြုတိုက်တွန်းထားပါသည်။

ကိုးကား-NP News

ထိုင်းနိုင်ငံတွင် ၁၂ နှစ်အရွယ် မိန်းကလေးငယ် Vape သောက်ခြင်းကြောင့် အဆုတ်ပျက်စီး

ထိုင်းနိုင်ငံ ဘူရီရမ်ပြည်နယ်၊ စတွတ်ခရိုင် တမုတ်ဒွန်မွန်ကျောင်းမှ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသည် ၂ နှစ်ကြာ Vape ကို စွဲသောက်ခဲ့ပြီးနောက် အဆုတ်ထိခိုက်မှု ပြင်းပြင်းထန်ထန် ခံစားနေ ရသည်ဟု သိရပါသည်။

အေ အမည်ရှိ အဆိုပါကျောင်းသူ Vape သောက်တတ်နေသည်ကို သူမ ဆေးရုံတက်ရသည့်အချိန်ထိ မိသားစုကမသိရှိခဲ့ဟုဆိုသည်။ ထို့အတွက် ကြောင့် ကလေးများ Vape သောက်သည့် အလေ့အထအတွက် မိဘများ အနေဖြင့် အနီးကပ်စောင့်ကြည့်ကြရန်လိုအပ်ကြောင်း Tambon Don Mon မြူနီစီပယ်မှ ကယ်ဆယ်ရေးဝန်ထမ်း မစ္စတာပါဖာဝါရင်စီလာခွန်း က ပြောကြားခဲ့သည်။ မကြာသေးမီကလည်း ပဉ္စမတန်း၊ ဆဋ္ဌမတန်းနှင့် အဋ္ဌမတန်းကျောင်းသား ၃ ဦး Vape ငွေ့ကြောင့် အသက်ရှူကြပ်၊ ရင်ဘတ်အောင့် လက္ခဏာများနှင့်အတူ ဆေးရုံ ပို့ဆောင်ခဲ့ရသည်ဟု သိရှိရသည်။

ကျောင်းသူလေး အေ သည် ယခင်ကစာကြိုးစားသည့် ကျောင်းသူလေး တစ်ယောက်ဖြစ်သော်လည်း ၄ တန်းအရွယ်မှစပြီး သူငယ်ချင်းများနှင့် စာအတူကျက်သည်ဟုဆိုကာ အိမ်မှမကြာခဏ လစ်ထွက်တတ်ခြင်းကို သတိထားမိသည်ဟု ကျောင်းသူ၏မိသားစုက ပြောသည်။ နောက်ပိုင်းတွင် အသက်ရှုကြပ်ခြင်း၊ အော့အန်ခြင်း၊ အလွန်အမင်း အားနည်းခြင်း လက္ခဏာများ ခံစားခဲ့ရပြီးနောက် စတွတ်ဆေးရုံ၌ တက်ရောက်ကုသခဲ့ရကာ Vape ကြောင့် အဆုတ် ၁၀၀ ရာခိုင်နှုန်းနီးပါး ပျက်စီးသွားခဲ့ပြီး လက်ရှိ စိုးရိမ်ရသောအခြေအနေတွင် ရှိကြောင်း သိရပါသည်။

COVID-19 ကဲ့သို့ ကူးစက်နိုင်သည့် လင်းနို့ကိုရိုနာဗိုင်းရပ်စ် အသစ်တစ်မျိုးတွေ့ရှိကြောင်း တရုတ် သုတေသနပညာရှင်များ ပြောကြား

တရုတ်သုတေသီပညာရှင်များသည် COVID-19 ကဲ့သို့ ကူးစက်နိုင်သည့် လင်းနို့ကိုရိုနာ ဗိုင်းရပ်စ်အသစ်တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ကြောင်းနှင့် အဆိုပါဗိုင်းရပ်စ်သည် ဟောင်ကောင်ရှိ pipistrelle ဂျပန်လင်းနို့မျိုးစိတ်တွင် ပထမဆုံး တွေ့ရှိခဲ့သည့် HKU5 ကိုရိုနာဗိုင်းရပ်စ် အသစ်တစ်မျိုးဖြစ်ကြောင်း South China Morning Post သတင်းစာတွင် ဖော်ပြထားသည်။ 

ထို့ပြင် Guangzhou Laboratory မှ သုတေသနပညာရှင် Shi Zhengli ဦးဆောင်၍ Guangzhou Academy of Sciences၊ Wuhan University နှင့် Wuhan Institute of Virology မှ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်၍ လင်းနို့များနှင့်ပတ်သက်သည့် သုတေသနစာတမ်းအား ရေးသားခဲ့ကြောင်း ဖော်ပြထားသည်။

သုတေသနပညာရှင်များသည် နမူနာလင်းနို့များရှိ ဗိုင်းရပ်စ်ကိုရယူ၍ စမ်းသပ်စစ်ဆေးသည့်အခါ ၎င်းဗိုင်းရပ်စ်များသည် လူသားဆဲလ်များအား ကူးစက်နိုင်ကြောင်း တွေ့ရှိခဲ့ပြီး လင်းနို့များရှိ merbecoviruses များသည် အခြေအနေပေးပါက လူသားများထံ တိုက်ရိုက် သို့မဟုတ် ကြားခံသတ္တဝါ တစ်မျိုးမျိုးမှတစ်ဆင့် ကူးစက်နိုင်ခြေမြင့်မား‌ကြောင်း သတိပေး ပြောကြား ခဲ့သည်။

Shi နှင့် သုတေသနအဖွဲ့က HKU5-CoV-2 ဟု အမည်ပေးထားသော အဆိုပါဗိုင်းရပ်စ် အသစ်သည် မျိုးစိတ်များအကြား ကူးစက်နိုင်ခြေပို မြင့်မားကြောင်း ထောက်ပြခဲ့ပြီး အဆိုပါဗိုင်းရပ်စ်သည် လူသားများတွင် ဖြစ်ပွားနိုင်သည့်အန္တရာယ် မကြီးမားသဖြင့် အလွန်အမင်း မကြောက်လန့် သင့်ကြောင်း သတိပေးခဲ့သည်။ သို့သော် အဆိုပါ ဗိုင်းရပ်စ်ကို နောက်ထပ် စောင့်ကြည့်လေ့လာရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား-TASS

မန်စီးတီးအသင်းနှင့် လီဗာပူးအသင်းတို့ ကစားမည့် အရေးကြီးပွဲစဉ်ကို ကွင်းလယ်ဒိုင်လူကြီးအဖြစ် အန်တိုနီတေလာ တာဝန်ယူကြီးကြပ်မည်

လန်ဒန်   ဖေဖော်ဝါရီ ၁၉ 

မန်စီးတီးအသင်းနှင့် လီဗာပူးအသင်းတို့ကစားမည့် အရေးကြီးပွဲစဉ်ဖြစ်သည့် ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၂၆)ပွဲစဉ်ကို ကွင်းလယ်ဒိုင်လူကြီးအဖြစ် ထိပ်တန်းဒိုင်လူကြီးတစ်ဦးဖြစ်သည့် အန်တိုနီတေလာက တာဝန်ယူကိုင်တွယ်သွားမည်ဖြစ်ကြောင်း သိရသည်။

မန်စီးတီးအသင်းနှင့် လီဗာပူးအသင်းတို့သည် ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၂၆)အဖြစ် လာမည့် ဖေဖော်ဝါရီ ၂၃ ရက်တွင် မန်စီးတီးအသင်း အိမ်ကွင်းတွင် ကစားသွားရမည်ဖြစ်သည်။

မန်စီးတီးအသင်းသည် ယခုနှစ်ဘောလုံးရာသီတွင် အသင်းရလဒ်ပိုင်းမတည်ငြိမ်မှုများကြောင့် ရလဒ်ပိုင်းများ မတည်မငြိမ်ဖြစ်ခဲ့သည့်အတွက် ချန်ပီယံဆုလက်လွှတ်ရရန် ရာခိုင်နှုန်းများနေသော်လည်း ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့်အတွက်လည်း အဆင့်(၅)နေရာမှ ဘုန်းမောက်အသင်းနှင့် တစ်မှတ်၊ အဆင့်(၆)နေရာမှ ချဲလ်ဆီးအသင်းနှင့် ရမှတ်တစ်မှတ်၊ အဆင့်(၇)နေရာမှ နယူးကာဆယ်အသင်းနှင့် ရမှတ်သုံးမှတ်သာ ကွာဟနေသည့်အတွက် လက်ကျန်ပွဲစဉ်များတွင် ရုန်းကန်ရဖွယ်ရှိနေသည်။

အလားတူ လီဗာပူးအသင်းသည်လည်း အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်လျက် ရှိနေသော်လည်း အဆင့်(၂)နေရာမှ အာဆင်နယ်အသင်းနှင့် ရမှတ်ကွာဟမှု ကျဉ်းမြောင်းနေသည့်အတွက် လက်ကျန်ပွဲစဉ်များတွင် ချန်ပီယံဆုအတွက် ရမှတ်လိုအပ်ချက်များရှိနေဆဲဖြစ်သောကြောင့် မန်စီးတီးအသင်းနှင့် လီဗာပူးအသင်းတို့ကြား ထိပ်တိုက်တွေ့ဆုံသည့်ပွဲစဉ်မှာ နှစ်သင်းစလုံးအတွက် အရေးပါသည့်ပွဲစဉ် ဖြစ်လာမည်ဖြစ်သည်။ 

ကွင်းလယ်ဒိုင်လူကြီး အန်တိုနီတေလာသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကာလရှည်တာဝန်ထမ်းဆောင်လျက်ရှိနေသည့် ကွင်းလယ်ဒိုင်တစ်ဦးဖြစ်သည့် ယခုနှစ်ဘောလုံးရာသီတွင်လည်း မန်စီးတီးအသင်းနှင့် လီဗာပူးအသင်းတို့ ပွဲစဉ်မတိုင်မီကလည်း အသင်းကြီးများ ထိပ်တိုက်တွေ့ဆုံသည့်ပွဲစဉ်အများစုကိုလည်း တာဝန်ယူကြီးကြပ်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။