ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် ၂၀၀ တွင် ၂၇% ကို အမျိုးသမီးများ က ဦးဆောင်လျက်ရှိ

News Image

  • ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် ၂၀၀ တွင် ၂၇% ကို အမျိုးသမီးများ က ဦးဆောင်လျက်ရှိ

Times Higher Education (THE) ၏ အချက်အလက်များအရ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် ၂၀၀ တွင် တက္ကသိုလ် ၅၅ ခုကို အမျိုးသမီး အုပ်ချုပ်သူ(ပါမောက္ခချုပ်)များက ဦးဆောင်လျက်ရှိသည်။

THE World University Rankings 2025 တွင် ၂၇% သော အဖွဲ့ အစည်းများ (တက္ကသိုလ် ၅၅ ခု) ကို အမျိုးသမီးအုပ်ချုပ်သူ သို့မဟုတ် အမျိုးသမီးပါမောက္ခချုပ်များက ဦးဆောင်လျက်ရှိပြီး အဆိုပါ ကဏ္ဍအတွက် စံချိန်တင်မှတ်တမ်းသစ် တင်နိုင်ခဲ့သည်။

ထိုအရေအတွက်သည် ၂၀၂၄ ခုနှစ်တွင် ၂၅% (တက္ကသိုလ် ၅၀) နှင့် ၂၀၂၃ ခုနှစ်တွင် ၂၄% (တက္ကသိုလ် ၄၈) မှ တိုးတက်လာခြင်းဖြစ်သည်။၂၀၁၅ ခုနှစ်တွင် အမျိုးသမီးပါမောက္ခချုပ် ၂၈ ဦးသာ ရှိခဲ့ပြီး စာရင်းကောက်ယူမှု စတင်ခဲ့သည့်အချိန်မှစ၍ ၁၁ နှစ်အတွင်း ၉၆% တိုးတက်လာခဲ့သည်။

ဤအချက်အလက်များသည် ကမ္ဘာတစ်ဝန်းရှိ အသင်းအစုအဖွဲ့/ လုပ်ငန်း များ၌ အမျိုးသမီးခေါင်းဆောင်များ၏ ရာခိုင်နှုန်းထက် သိသိသာသာ ပိုမို မြင့်မားနေသည်။ 

အမျိုးသမီးပါမောက္ခချုပ်များရှိသည့် တက္ကသိုလ် ၅၅ ခုတွင် အမေရိကန် ပြည်ထောင်စုမှ တက္ကသိုလ် ၁၆ ခုပါဝင်ပြီး ကမ္ဘာ့နံပါတ် ၂ နည်းပညာ အဖွဲ့အစည်းဖြစ်သည့် Massachusetts Institute of Technology လည်း ပါဝင်သည်။ ယူနိုက်တက်ကင်းဒမ်းက ကမ္ဘာ့နံပါတ် ၁ ဖြစ်သည့်အောက်စဖို့ဒ် တက္ကသိုလ်အပါအဝင် တက္ကသိုလ် ၈ ခုဖြင့် ဒုတိယ နေရာတွင် ရှိနေပြီး နယ်သာလန်နှင့် ဂျာမနီတို့က တက္ကသိုလ် ၇ ခုစီဖြင့် နောက်တွင် ရှိနေသည်။

ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် ၂၀၀ တွင် ပါဝင်သည့် နိုင်ငံစုစုပေါင်း ၃၀ အနက် တရုတ်၊ ကနေဒါနှင့် တောင်ကိုရီးယားအပါအဝင် တက္ကသိုလ် ၁၅ ခုတွင် အမျိုးသမီးပါမောက္ခချုပ်များ မရှိကြောင်းသိရှိရသည်။

ကိုးကား-VN Express

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂