Colossal Biosciences ကုမ္ပဏီက အမွေးထူဆင်ကြီးများ၏ မျိုးဗီဇ အခြေခံမော်လီကျူးအသုံးပြု၍ ကမ္ဘာ့ပထမဆုံး အမွေးထူးကြွက်များကို ဖန်တီးနိုင်ခဲ့

News Image

  • Colossal Biosciences ကုမ္ပဏီက အမွေးထူဆင်ကြီးများ၏ မျိုးဗီဇ အခြေခံမော်လီကျူးအသုံးပြု၍ ကမ္ဘာ့ပထမဆုံး အမွေးထူးကြွက်များကို ဖန်တီးနိုင်ခဲ့

ဝါရှင်တန်  မတ် ၆

အမေရိကန်နိုင်ငံ အခြေစိုက် Colossal Biosciences ကုမ္ပဏီသည် အမွေးထူဆင်ကြီးများ၏ မျိုးရိုးဗီဇ အခြေခံမော်လီကျူး (DNA) များကိုအသုံးပြု၍ ကမ္ဘာ့ပထမဆုံး အမွေးထူကြွက်များကို ဖန်တီးနိုင်ခဲ့ကြောင်း မတ် ၅ ရက် သတင်းများအရ သိရသည်။

ကမ္ဘာ့ပထမဆုံး အမွေးထူကြွက်များကို ဇီဝအင်ဂျင်နီယာနည်းပညာဖြင့် ဖန်တီးနိုင်ခဲ့မှုသည် မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်သော ရှေးသက်ရှိသတ္တဝါများကို ပြန်လည်ဖန်တီးရေးအတွက် လမ်းဖွင့်ပေးနိုင်ကြောင်း Colossal Biosciences ကုမ္ပဏီတာဝန်ရှိသူများက ပြောကြားသည်။

Colossal Biosciences သိပ္ပံပညာရှင်များသည် အမွေးထူဆင်ကြီးများ၏ DNA ကိုအသုံးပြု၍ ကြွက်များ၏ အဓိက DNA ရှစ်မျိုးကို မျိုးဗီဇအင်ဂျင်နီယာနည်းပညာဖြင့် ပြောင်းလဲပေးကာ အမွေးထူကြွက်များကို ဖန်တီးနိုင်ခဲ့သည်။

Colossal Biosciences ကုမ္ပဏီသည် ကမ္ဘာပေါ်မှပျောက်ကွယ်သွားပြီဖြစ်သော အမွေးထူဆင်ကြီးများကို ပြန်လည်ဖန်တီးရေးအတွက် ကြိုးပမ်းနေသော ဇီဝနည်းပညာကုမ္ပဏီဖြစ်သည်။

အမွေးထူကြွက်များအား ဖန်တီးခဲ့သော မျိုးဗီဇအင်ဂျင်နီယာနည်းပညာကို အမွေးထူဆင်ကြီးများ ပြန်လည်ဖန်တီးရေးအတွက် အသုံးချနိုင်ကြောင်း၊ အမွေးထူဆင်ကြီးများကို ၂၀၂၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဖန်တီးနိုင်ရန် မျှော်လင့်ထားကြောင်း ကုမ္ပဏီသိပ္ပံပညာရှင်များက ပြောကြားသည်။

Source: ရတနာပုံသတင်းစာ