၂၀၂၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၌ တုပ်ကွေးရောဂါဖြစ်ပွားသူ စုစုပေါင်း ၁၀၇,၅၇၀ ဦး ရှိပြီး ကိုးဦး သေဆုံးသွားခဲ့ကြောင်း ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။

လူနာသစ် အရေအတွက်သည် ၂၀၂၄ ခုနှစ် အလားတူကာလအတွင်း တစ်ပတ်လျှင် ၁၀,၀၀၀ နှုန်း ရှိခဲ့သော်လည်း ၂၀၂၅ ခုနှစ်တွင် တစ်ပတ်လျှင် လူနာ ၁၅,၀၀၀ ခန့် တိုးလာကြောင်း ရောဂါထိန်းချုပ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဂျူရိုင်ဝမ်ဆဝက်က ပြောကြားပါသည်။အသက် ၅ နှစ်မှ ၉ နှစ်ကြားအရွယ်ကလေးများတွင် ကူးစက်မှုအများဆုံးဖြစ်ပြီး အသက် လေးနှစ်အောက်၊ အသက် ၁၀ နှစ်မှ ၁၄ နှစ်ကြားရှိသူများတွင် ဒုတိယမြောက် ကူးစက်မှုအများဆုံးဖြစ်သည်။ဗိုင်းရပ်စ် အဖြစ်အများဆုံး အမျိုးအစားမှာ A/H1N1 (2009) ဖြစ်ပါသည်။ သေဆုံးသူ ၉ ဦး၌ အသက် အငယ်ဆုံးသည် ၁၁ နှစ်ဖြစ်ပြီး အသက်အကြီးဆုံးသည် ၈၆ နှစ်ဖြစ်သည်ဟု ဒေါက်တာ ဂျူရိုင်က ပြောပါသည်။
တုပ်ကွေးရောဂါဖြစ်ပွားမှုအများဆုံးပြည်နယ် ၁၀ ခုမှာ ဖူးခက်၊ လမ်ပူ၊ ချင်းရိုင်၊ ဖူးခက်၊ ချင်းမိုင်၊ လန်ပန်၊ ဘန်ကောက်၊ နန်၊ ဥဘွန်ရတ်ချနိနှင့် နွန်သဘူရီတို့ဖြစ်ပြီး ကျောင်း၊ အကျဉ်းထောင်နှင့် စစ်စခန်းများသည် ကူးစက်မှုနှုန်း အမြင့်ဆုံးနေရာများဖြစ်ကြောင်း သိရပါသည်။ တုပ်ကွေး ရောဂါကူးစက်မှုကိုကာကွယ်ရန် အထူးသဖြင့် အသက်ခြောက်လမှ နှစ်နှစ် အထိ ကလေးများ၊ ကိုယ်ဝန်ဆောင်များ၊ အသက် ၆၅ နှစ်အထက်သက်ကြီးရွယ်အိုများ၊ အဝလွန်သူများနှင့် နာတာရှည် ကျန်းမာရေးပြဿနာရှိသူများအနေဖြင့် တုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ် ထိုးပေးသင့်သည်ဟု ဒေါက်တာဂျူရိုင်က ပြောကြားအကြံပြုထားပါသည်။
ကိုးကား-NP News

ပေကျင်း ဖေဖော်ဝါရီ ၁၉
နို့အချဉ်ဖောက်ချိန်တွင် ထွက်ပေါ်လာတတ်သော အကျိုးပြုဗက်တီးရီးယားတစ်မျိုးသည် အော်တစ်ဇင်ရောဂါ၏ လက္ခဏာတချို့ကို လျှော့ချပေးနိုင်ဖွယ်ရှိကြောင်း ဖေဖော်ဝါရီ ၁၈ ရက်သတင်းများအရ သိရသည်။
လက်ရှိအချိန်တွင် အော်တစ်ဇင်ရောဂါကို စိတ်ကျန်းမာရေးဆေးဝါးများဖြင့် ဆေးပညာရှင်များက ကုသပေးနေရသည်။

သို့ရာတွင် တရုတ်သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ Lactobacillus Murinus ခေါ် ဗက်တီးရီးယားတစ်မျိုးသည် အော်တစ်ဇင် ရောဂါလက္ခဏာတချို့ကို လျှော့ချပေးနိုင်ဖွယ်ရှိကြောင်း သိရသည်။
တရုတ် သုတေသနပညာရှင်များသည် အော်တစ်ဇင် လက္ခဏာများထည့်ထားသည့် ကြွက်များကို Lactobacillus Murinus ဗက်တီးရီးယားဖြင့် ရက် ၃၀ ကြာ ကုသပေးခဲ့ရာ ကြွက်များ၏ သင်ယူနိုင်မှုစွမ်းရည်နှင့် ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေထိတွေ့နိုင်စွမ်းများ ပို၍အားကောင်းလာကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ကြသည်။
မိမိတို့၏ လေ့လာတွေ့ရှိချက်အရ Lactobacillus Murinus ဗက်တီးရီးယားကုထုံးများကဲ့သို့ပင် ထိရောက်မှုရှိနိုင်ကြောင်း တရုတ်သုတေသန ပညာရှင်များက ပြောကြားသည်။
Lactobacillus Murinus ဗက်တီးရီးယားများကို ဒိန်ချဉ်နှင့် ဒိန်ခဲကဲ့သို့ နို့ထွက်ပစ္စည်းများ၌ တွေ့ရတတ်ကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ

အဝေးသင်တက္ကသိုလ်သင်တန်းများ ကျောင်းအပ်နှံမှုကို သင်တန်းနှစ်အလိုက် ဆက်လက်လက်ခံနေသည်။
လက်ရှိတွင် အဝေးသင်တက္ကသိုလ် ပထမနှစ်သင်တန်းများအတွက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၂၅ ခုနှစ် ဧပြီ ၃၀ ရက် အထိ ကျောင်းအပ်လက်ခံနေသည်။
ထိုနည်းတူ ဒုတိယနှစ်နှင့် အထက်သင်တန်းများကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှ မေလ ၁၆ ရက်အထိ ကျောင်းအပ်လက်ခံနေကြောင်းလည်း သိရသည်။

အဝေးသင်အပ်ရာတွင်လည်း ကျောင်းအပ်ခ ငွေပေးချေရာတွင် UAB Pay အပြင် တခြား Pay များကိုပါအသုံးပြုပြီး ငွေပေးချေနိုင်အောင် ဆောင်ရွက်နေကြောင်းလည်း သိထားရသည်။
လက်ရှိ၌ အဝေးသင် တက္ကသိုလ်သင်တန်းများ အပ်နှံရာတွင် UAB Pay တစ်မျိုးတည်းကိုသာ အသုံးပြုပြီး ငွေပေးချေနေရသောကြောင့် ကျောင်းအပ်သူများ ပိုမို အဆင်ပြေစေနိုင်ရန် အခြားသော pay များဖြင့်ပါ ငွေပေးချေနိုင်ရန် ပြုလုပ်နေခြင်းလည်း ဖြစ်သည်။
Source: Popular Myanmar

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့်တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၁၈ ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မကြာမီ အတန်းတင်စာမေးပွဲများနှင့် တက္ကသိုလ်ဝင် စာမေးပွဲများ ကျင်းပတော့မည်ဖြစ်ရာ ဒေသအသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ တက္ကသိုလ်များတွင် စာမေးပွဲဖြေဆိုရာ၌ စာမေးပွဲ စည်းမျဉ်းစည်းကမ်းနှင့်အညီ အမှားအယွင်းမရှိအောင် အထူးဂရုပြု၍ အလေးထားကြပ်မတ်ဆောင်ရွက်ရန်နှင့် ပါရဂူကျမ်းများနှင့် မဟာတန်း ပရောဂျက်စာတမ်းများတွင် စနစ်တကျ ကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ နွေရာသီ ကျောင်းပိတ်ရက်ရောက်ပါကလည်း ကျောင်းသား၊ ကျောင်းသူများအတွက် အကျိုးရှိမည့် နွေရာသီသင်တန်းများ ဖွင့်လှစ်သင်ကြားပေးစေလိုကြောင်း၊ အရည်အချင်းပြည့်ဝသည့် ဆရာ၊ ဆရာမများဖြစ်စေရန် မိမိဘာသာရပ်ဆိုင်ရာစာပေများကို အမြဲမပြတ် ဖတ်ရှုလေ့လာဆည်းပူးနေရန်လိုကြောင်း၊ လာမည့်ပညာသင်နှစ်တွင် (KG+9) အခြေခံပညာအလယ်တန်းအဆင့်ထိ ကျောင်းနေအရွယ်ကလေးအားလုံး စာသင်ခန်းအတွင်းသို့ ရောက်ရှိရေး အားလုံးဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တစ်ယောက်အားဖြင့် ယူသော်မရ အများအားဖြင့် ယူသော်ရ၏ ဟူသော ဆိုရိုးအတိုင်း မိမိတို့နိုင်ငံ၏ ပညာရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆရာ၊ ဆရာမများအားလုံး အင်တိုက်အားတိုက် ဝိုင်းဝန်းလက်တွဲကြိုးစား ဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်တို့က သင်ကြားရေး၊ ကျောင်းအပ်နှံရေးနှင့် ကျောင်းလခပေးသွင်းရေး၊ တက္ကသိုလ်ဝင်စာမေးပွဲများ အောင်မြင်စွာ ပြီးမြောက်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုရန် - https://myanmar.gov.mm/

နေပြည်တော် ဖေဖော်ဝါရီ ၁၇
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်နှင့် အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရုံးအမှတ်(၃၁)ရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်မှ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် အဖွဲ့ချုပ်ဥက္ကဋ္ဌက အဖွဲ့ချုပ်အနေဖြင့် ဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းပြီ အလားအလာရှိသည့် အားကစားသမားများကို စနစ်တကျ ရွေးချယ်၍ နိုင်ငံတကာ မြင်းစီးအားကစားပြိုင်ပွဲများကို စေလွှတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည့် အခြေအနေ၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြင်းစီးအားကစားနည်း ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် လက်ရှိပြင်ဆင်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြင်းစီးအားကစားလောက တိုးတက်မြင့်မားစေရေးအတွက် ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
Source: Myanmar National Portal

အရှေ့အလယ်ပိုင်းဒေသရှိ ယူအေအီးနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုရှိ နယူးယောက်ခ်တွင် ကူးစက်မြန် Clade 1b mpox မျောက်ကျောက် ရောဂါမျိုးစိတ် အသစ်တစ်မျိုးကိုတွေ့ ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHOက ထုတ်ပြန်ထားပါသည်။ ကျန်းမာရေးအဖွဲ့၏အဆိုအရ တစ်ဦးနှင့်တစ်ဦး ပတ်သက်မှုမရှိသော အဆိုပါလူနာနှစ်ဦးစလုံးသည် အာဖရိကသို့ ခရီးထွက်ဖူးသော ရာဇဝင်ရှိခဲ့ပြီး အလွန်ကူးစက်တတ်သော ဗိုင်းရပ်စ်ကူးစက်မှုကိုမတွေ့ရှိမီ လွန်ခဲ့သည့်လတွင် ရောဂါလက္ခဏာများ စတင်ပြသခဲ့ပါသည်။

မကြာသေးမီကာလက အာဖရိကတိုက် ယူဂန်ဒါနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သူများတွင် မျောက်ကျောက်ရောဂါကူးစက်ခံလိုက်ရခြင်းများ ရှိခဲ့ကြောင်း WHOက ဆိုခဲ့ပါသည်။ ယူအေအီးမှလူနာတွင် မျောက်ကျောက် ရောဂါလက္ခဏာစတင်ရှိသည့် အချိန်မှစပြီး ကျန်းမာရေးတာဝန်ရှိသူများ က စမ်းသပ်စစ်ဆေးမှုများကို စလုပ်ဆောင်လျက်ရှိသည်ဟု ဆိုပါသည်။
အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ် ကျန်းမာရေးဌာနက ရောဂါလက္ခဏာပြသူတွင် အတည်ပြုထားသော မျောက်ကျောက်ရောဂါပိုး clade 1B အမျိုးအစားအသစ် ပေါ်ပေါက်လာခြင်းနှင့်ပတ်သက်၍ ကျန်းမာရေးသတိပေးချက် ထုတ်ပြန်ထားပါသည်။ အများပြည်သူအတွက် လက်ရှိတွင်ဖြစ်ပေါ်နိုင်ခြေ နည်းနေသေးပြီး နယူးယောက်ပြည်နယ်၌ ၎င်းရောဂါကူးစက်မှု ထပ်တိုးဖြစ်ပွားမှု မရှိသေးသော်လည်း သတိထားရန်လိုအပ်ကြောင်း ကျန်းမာရေးအရာရှိများက ပြောပါသည်။ ပြည်နယ်ကျန်းမာရေးကော်မရှင်နာ ဒေါက်တာ ဂျိမ်းမက်ဒေါ်နယ်၏အဆိုအရ ရောဂါပိုးရှိသူသည် သမားတော်များ၏ စောင့်ရှောက်မှုအောက်တွင်ရှိပြီး သီးခြားခွဲထားသည်ဟု သိရပါသည်။
ကိုးကား-Myanmar National Post

မက်ဒရစ် ဖေဖော်ဝါရီ ၁၂
စပိန်လာလီဂါအဖွဲ့ချုပ်က ဒိုင်လူကြီးများကို ပြင်းထန်စွာ ဝေဖန်မှုများအတွက် ရီးယဲလ်မက်ဒရစ် အသင်းကို ဥပဒေအရ အရေးယူပေးရန် တော်ဝင် စပိန်ဘောလုံး အဖွဲ့ချုပ်ထံ တောင်းဆိုမှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

စပိန်လာလီဂါပွဲစဉ် (၂၃) ဖြစ်ပြီး မက်ဒရစ်ဒါဘီ ပွဲစဉ်အဖြစ်ကစားသည့် ရီးယဲလ်မက်ဒရစ် အသင်းနှင့် အက်သလက်တီကို အသင်းတို့ တစ်ဂိုးစီသရေရလဒ် ထွက်ပေါ်သည့်ပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ်အသင်းက ကွင်းလယ်ဒိုင်လူကြီး ဆီဆာဆိုတိုနှင့် VAR ဒိုင်များ၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ မက်ဒရစ်ဒါဘီပွဲစဉ်၌ အက်သလက်တီကို အသင်းက ပွဲချိန် ၃၅ မိနစ်တွင် သွင်းယူသည့် အယ်လ် ဗာရက်၏သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်းပွဲချိန် မိနစ် ၅၀ တွင် အမ်ဘတ်ပီက ရီးယဲလ်မက်ဒရစ် အသင်းအတွက် ချေပဂိုးပြန်လည် သွင်းယူပေးနိုင်သဖြင့် တစ်ဂိုးစီသရေရလဒ် ထွက်ပေါ်ပြီး ရီးယဲလ် မက်ဒရစ်အသင်းသည် ပွဲချိန်အတွင်း ပယ်နယ်တီပြစ်ဒဏ်ရရှိနိုင်သည့် အခွင့်အရေး ရှိခဲ့သော်လည်း ကွင်းလယ်ဒိုင်လူကြီး ဆီဆာဆိုတိုက ပယ်နယ်တီ သတ်မှတ်ပေးခြင်းမရှိဘဲ VAR ဒိုင်များကလည်း သတ်မှတ်ပေးခြင်း မရှိသည့်အတွက် ရီးယဲလ်မက်ဒရစ် အသင်းက အသင်းတရားဝင် လူမှုကွန်ရက်စာမျက်နှာတွင် ဒိုင်လူကြီးအဖွဲ့ကို ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ပြုလုပ်သည့်အတွက် စပိန်လာလီဂါ အဖွဲ့ချုပ်က ရီးယဲလ်မက်ဒရစ် အသင်းကို အရေးယူပေးရန် တော်ဝင်စပိန်ဘောလုံး အဖွဲ့ချုပ်ထံ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Source:Myawady Web Portal

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ Tedros Adhanom Ghebreyesusက အမေရိကန်ပြည်ထောင်စု၏ ရန်ပုံငွေထည့်ဝင်မှု အကူအညီ ရပ်ဆိုင်းခြင်းမှာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအစီအစဉ်များ အပေါ် ပြင်းထန်သော သက်ရောက်မှုများရှိနေကြောင်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် သတိပေးလိုက်ပါသည်။

အမေရိကန်အစိုးရအနေဖြင့် ရန်ပုံငွေထည့်ဝင်မှုအကူအညီ ရပ်ဆိုင်းလိုက်ခြင်းကြောင့် HIV ရောဂါကုသရေး၊ ပိုလီယိုရောဂါ၊ မျောက်ကျောက် ရောဂါ (mpox) နှင့် ငှက်ဖျားရောဂါ (avian influenza) တိုက်ဖျက်ရေး အစီအစဉ်များ ထိခိုက်သွားကြောင်း၊ အထူးသဖြင့် နိုင်ငံပေါင်း ၅၀ အတွင်း အရေးပေါ် AIDS ကုသရေးအစီအစဉ်ဖြစ်သည့် HIV ကုသမှု၊ စမ်းသပ်မှု နှင့် ကာကွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများအား ချက်ချင်းရပ်တန့်ခဲ့ရကြောင်း ၎င်းက ဆိုထားပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အမေရိကန်ပြည်ထောင်စု နုတ်ထွက်မှုကြောင့် ယခုအခါ မိမိတို့မှာ ဘတ်ဂျက် လျှော့ချရန် အစီအစဉ်များကို ဆောင်ရွက် နေရပြီး အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများတွင်လည်း အခက်အခဲ များစွာ ရင်ဆိုင်နေရသဖြင့် အမေရိကန်အစိုးရအနေဖြင့် ရန်ပုံငွေ ရပ်ဆိုင်းမှုကို ပြန်လည်စဉ်းစားရန် ၎င်းက တိုက်တွန်းထားပါသည်။
ကိုးကား- ကုလသမဂ္ဂအဖွဲ့ (UN)

တံတားဦး ၊ ဖေဖော်ဝါရီ - ၁၂
၂၀၂၅ ခုနှစ်၊ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်း ဒေသကြီး တံတားဦးခရိုင်၊ တံတားဦးမြို့နယ် သဲမောင်းကန်ကျေးရွာအုပ်စု အိမ်မြင့်စံကျေးရွာ “ရွှေအိမ်စံ” စာကြည့်တိုက်ဖွင့်ပွဲကို ယင်းနေ့ နံနက် (၈) နာရီခွဲအချိန်က အဆိုပါကျေးရွာ စာကြည့်တိုက် အဆောက်အအုံသစ်၌ ကျင်းပကြောင်းသိရသည် ။

ရှေးဦးစွာအခမ်းအနားသို့တက်ရောက်လာသူများအား ကျေးရွာသူ/သားများကိုယ်စား ဦးရွှေရိုး+ ဒေါ်မိုး အဖွဲ့က ဧည့်ခံဖျော်ဖြေပေးပြီး တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ဦးရွှေရိုး+ဒေါ်မိုး အဖွဲ့အား ဆုငွေများချီးမြင့်ပေးသည်။ ဆက်လက်၍ “ရွှေအိမ်စံ” စာကြည့်တိုက် အဆောက်အအုံသစ်အား တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်း၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဇေယျာမင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၃) ဦးသန်းနိုင်၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် အတွင်းရေးမှူး ဒုရဲမှူးကြီး ခင်မောင်ဇော်၊ အလှူရှင် ဦးဝင်းကျော်တို့က စာကြည့်တိုက်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများက စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှု အားပေးကြသည် ။
အဆိုပါစာကြည့်တိုက်အဆောက်အအုံသစ်အကျယ်မှာ အလျား(၂၀)ပေ၊ အနံ(၁၉)ပေ၊ အမြင့် (၁၂)ပေ ဖြစ်ပြီး နိုင်ငံတော်မှ မတည်ငွေ ငွေကျပ်သိန်း(၁၅၀)ကျပ် ၊ အလှူရှင် စေတနာရှင်များမှ ထည့်ဝင်လှူဒါန်းငွေသိန်း(၁၀၀)ကျပ် ၊ စုစုပေါင်းကုန်ကျငွေ ကျပ်သိန်း (၂၅၀)ကျပ် ဖြစ်ကြောင်းသိရသည်။
ဦးရဲတင့်( ပြန်/ဆက်)

ကိုပင်ဟေဂင် ဖေဖော်ဝါရီ ၁၁
ခေါင်းကိုက်ရောဂါ ခံစားနေရသူများသည် ကိုယ့်ကိုယ်ကို အဆုံးစီရင်နိုင်ခြေ သာမန်လူများထက် ပို၍မြင့်မားနိုင်ဖွယ်ရှိကြောင်း သုတေသနပညာရှင်၏ အဆိုကိုကိုးကား၍ ဖေဖော်ဝါရီ ၁၀ ရက်သတင်းများအရ သိရသည်။
ခေါင်းကိုက်ရောဂါကြောင့် အဆက်မပြတ်နာကျင်ကိုက်ခဲနေရသူများသည် ပုံမှန်လူများနှင့် နှိုင်းယှဉ်ပါက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် ကြိုပမ်းလာနိုင်ခြေ နှစ်ဆပိုမြင့်မားကြောင်း အမေရိကန်နှင့် ဒိန်းမတ်သုတေသနပညာရှင်များ၏ အဆိုအရ သိရသည်။

အမေရိကန်နှင့် ဒိန်းမတ်သုတေသနပညာရှင်များသည် ခေါင်းကိုက်ရောဂါရှိသူ အသက် ၁၅ နှစ်နှင့်အထက် လူပေါင်း ၁၂၀၀၀၀ တို့ကို ခေါင်းကိုက်ရောဂါမရှိသူများနှင့် နှိုင်းယှဉ်လေ့လာခဲ့ကြကြောင်း၊ လေ့လာချက်မှ ပေါ်ထွက်လာသည့် ရလဒ်များအရ ခေါင်းကိုက်ရောဂါဝေဒနာရှင်များ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် ကြိုးပမ်းလာနိုင်သည့် အလားအလာမှာ သာမန်လူများထက် ပိုမိုမြင့်မားနေသည်ဟု သုတေသနပညာရှင်များက သုံးသပ်ထားကြောင်း သိရသည်။
ခေါင်းကိုက်ရောဂါကို ထိရောက်စွာ ကုသပေးခြင်းဖြင့် လူနာများကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် ကြိုးပမ်းလာနိုင်ခြေကို လျှော့ချပေးနိုင်မည်ဖြစ်သည်ဟု သုတေသနပညာရှင်များက ပြောကြားကြောင်း သိရသည်။