အုန်းစိမ်းရည်သောက်ခြင်း၏ကောင်းကျိုးများအကြောင်း သိမှတ်ဖွယ်ရာများ

Posted_Date

Image

coconut

Body

ပူပြင်းလှတဲ့နွေရာသီကာလမှာ အုန်းစိမ်းရည် လေးသောက်လိုက်တဲ့အခါ ပင်ပန်းနွမ်းနယ်မှုအားလုံး ပြေပျောက်သွားသလိုခံစားမိကြမှာပါ။ အုန်းစိမ်းရည် မှာ အရေပြားနဲ့ဆံသားလှပစေဖို့ အထောက်အကူပြု တဲ့ပစ္စည်းတွေ  များစွာပါဝင်ပါတယ်။   သဘာဝရဲ့လက်ဆောင်အားဖြည့်ဆေးရည်အနေနဲ့ပါ သုံးစွဲနိုင် ပါတယ်။

အစိုဓာတ်ထိန်းပေးနိုင်ပါတယ်။ အုန်းစိမ်းရည်ကိုအစိုဓာတ်ထိန်းခရင်မ်(Wet cream)အဖြစ် ရာသီဥတု မရွေးအသုံးပြုနိုင်ပါတယ်။ အသားအရေစိုပြည်စေဖို့တစ်ကိုယ်လုံးကို လိမ်းပေးနိုင်ပါတယ်။ အဆီပြန်တဲ့ အသားအရေရှိသူတွေအနေနဲ့ အဆီထွက်တာလျော့ နည်းစေပါတယ်။ လိမ်းရုံတင်မကဘဲ သောက်သုံးပေး တာကလည်း  အသားအရေအတွက်  ကောင်းကျိုး
အာနိသင်ကို ရရှိစေပါတယ်။

ဝက်ခြံနဲ့အမာရွတ်တွေကို ဖယ်ရှားပေးပါတယ်။ အုန်းစိမ်းရည်နဲ့မျက်နှာသစ်တာ ပုံမှန်ပြုလုပ်ပေးရင် ဝက်ခြံ၊  အမည်းစက်၊ အရေးကြောင်းနဲ့  တင်းတိပ် စတဲ့ အရေပြားပြဿနာတွေ လျော့နည်းသက်သာ စေပါတယ်။ ဝက်ခြံအတွက် နနွင်းကို အုန်းစိမ်းရည်နဲ့ ခပ်ပျစ်ပျစ်ဖျော်ပြီး    မျက်နှာပြင်အနှံ့လိမ်းပေးပါ။နောက်တစ်မျိုးအနေနဲ့ စန္ဒကူးမှုန့်နဲ့ အုန်းစိမ်းရည်ကို ခပ်ပျစ်ပျစ်ဖျော်ပြီး   ညအိပ်ရာမဝင်မီလိမ်းပေးပါ။ အိပ်ရာထချိန်မှ မျက်နှာသစ်ပေးပါ။ ပုံမှန်ပြုလုပ်ပေး ရင် ဝက်ခြံနဲ့အမာရွတ်တွေ ဖယ်ရှားပေးနိုင်ပါတယ်။

ရေဓာတ်ဖြည့်ပေးပါတယ်။ အရေပြားမှာ ရေဓာတ် ပြည့်ဝနေစေဖို့ အုန်းစိမ်းရည်က  ကူညီပေးနိုင်ပါတယ်။   ရေဓာတ်ခန်းခြောက်နေရင်  အသားအရေ မွဲခြောက်ပြီး  လှပမှုတွေ   ပျောက်ကွယ်နေတတ်ပါ တယ်။ အုန်းစိမ်းရည်ကို ခြောက်သွေ့တဲ့အသားအရေ နဲ့  ညိုညစ်ညစ်အသားအရေတွေအတွက်  အသုံးပြု နိုင်ပါတယ်။  အုန်းစိမ်းရည်ကို  မျက်နှာပေါ် နေ့စဉ်လိမ်းပေးရင် အသားအရေနူးညံ့စိုပြည်မှုကို ရရှိ‌စေ ပါတယ်။

အင်တီအောက်စီးဒင့်တွေပါဝင်ပါတယ်။ အုန်းစိမ်း ရည်မှာအင်တီအောက်စီးဒင့်တွေများစွာပါဝင်ပြီးဆဲလ်တွေကိုဖျက်ဆီးမယ့်ဓာတ်တိုးပစ္စည်းတွေကိုဆန့်ကျင်တိုက်ထုတ်ပေးပါတယ်။ စိတ်ဖိစီးမှုများတဲ့ အခါ အရေပြားဆီ သွေးစီးဆင်းမှုလျော့နည်းသွားပြီးအိုမင်းရင့်ရော်စေတဲ့လက္ခဏာတွေ ဖြစ်ပေါ်လာစေပါ တယ်။ အုန်းစိမ်းရည်မှာ ခန္ဓာကိုယ်တွင်းက ဓာတ်တိုး ပစ္စည်းတွေကိုချေဖျက်ပေးပြီး အရေပြားကျန်းမာစေ ပါတယ်။

သွေးလှည့်ပတ်မှုကို     ကောင်းမွန်စေပါတယ်။ သွေးလှည့်ပတ်မှုမကောင်းလို့ အောက်ဆီဂျင်ရရှိမှုနည်း တဲ့အခါ အရေပြားမှာ စွန့်ပစ်ပစ္စည်းတွေစုပုံနေတတ် ပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ဆဲလ်တိုင်းက အောက်ဆီ ဂျင်ကိုလိုအပ်ပြီး သွေးလှည့်ပတ်မှုနဲ့အတူ အောက်ဆီ ဂျင်ကို ရရှိကြပါတယ်။ အုန်းစိမ်းရည်က ခန္ဓာကိုယ်တွင်းသွေးလှည့်ပတ်မှုကောင်းမွန်စေပြီး အောက်ဆီဂျင် ရရှိမှုလုံလောက်လို့   ဆဲလ်တွေကို  ကျန်းမာစေကာ အသားအရေဖြူဝင်းစေပါတယ်။

ဆံပင်ကျွတ်ခြင်းကိုသက်သာစေပါတယ်။ အုန်းစိမ်း ရည်က ဦးရေပြားသွေးလှည့်ပတ်မှုကို ကောင်းမွန်စေ လို့ ဆံပင်ကျွတ်ခြင်းကို သက်သာစေပါတယ်။ ဆံချည် မျှင်အိတ်တွေကိုကျန်းမာစေလို့ ဆံပင်တွေသန်စွမ်း စေပါတယ်။

နုပျိုလှပစေပါတယ်။ အရေပြားအိုမင်းလာတာက အလှအပအတွက်   ပြဿနာတစ်ရပ်ဖြစ်ပါတယ်။အသက်ကြီးလာတာ၊  ဓာတုပစ္စည်း၊ လေထု၊ နေထု၊ဖုန်မှုန့်ညစ်ညမ်းမှုတွေနဲ့ နေ့စဉ်ထိတွေ့နေရတာတွေ က အိုမင်းရင့်ရော်မှုကိုဖြစ်စေပါတယ်။ အုန်းစိမ်းရည် ထဲမှာ ဆိုင်တိုကိုင်နင် (Cytokinin)ပါဝင်လို့  အိုမင်းရင့်ရော်မှုကို တားဆီးပေးတာကြောင့် နုပျိုလှပစေပါတယ်။ အုန်းစိမ်းရည်ကို နေ့စဉ်သောက်ပေးရင်နုပျိုပြီးကျန်းမာလှပတဲ့အသားအရေကို ပိုင်ဆိုင်နိုင်ပါ တယ်။

ဆံသားခြောက်သွေ့ခြင်းမှကင်းဝေး‌စေပါတယ်။ဆံသားခြောက်သွေ့ပြီး အဖျားနှစ်ခွဖြစ်တာအတွက် အုန်းစိမ်းရည်ကို ဦးရေပြားအနှံ့လိမ်းပေးပြီး ညင်သာ စွာနှိပ်နယ်ပေးပါ။ ဆံသားများနူးညံ့ပြီး စိုပြည်တောက်ပြောင်စေပါတယ်။

နေရောင်ခြည်ကြောင့် အသားအရေညိုညစ်တာ ကို  သက်သာစေပါတယ်။   နေရောင်ခြည်ကြောင့်အသားအရေညိုညစ်တာမျိုးကို    လူတိုင်းနီးပါးဖြစ် တတ်ကြပါတယ်။ နေရောင်ခြည်နဲ့ကြာရှည်ထိတွေ့မှုရှိတဲ့သူတွေအနေနဲ့ အသားအရောင်ညိုတာကို အုန်း စိမ်းရည်အသုံးပြုပြီး ဖြေရှင်းနိုင်ပါတယ်။ အုန်းစိမ်း ရည်ကို မျက်နှာပြင်အနှံ့လိမ်းပြီး ကြေးချွတ်တာကို နေ့စဉ်ပြုလုပ်ပေးရင်    နေလောင်တာတွေပျောက် ကင်းစေပါတယ်။

 ဆံသားကျိုးပြတ်တာမဖြစ်အောင် ကာကွယ်ပေး ပါတယ်။ အုန်းစိမ်းရည်ထဲမှာပါဝင်တဲ့ ပရိုတင်းဒြပ် ပေါင်းတစ်မျိုးက ဆံသားကို အရင်းကနေအဖျားအထိ အလွှာတစ်ထပ်အနေနဲ့ဖုံးအုပ်ထားပြီး  ဆံသားကျိုး ပြတ်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။

အရေပြားပိုးဝင်မှုမဖြစ်အောင်  ကာကွယ်ပေးပါ တယ်။ အုန်းစိမ်းရည်က အနာကျက်မြန်‌စေပြီး  ပိုး သတ်အာနိသင်ရှိလို့  အရေပြားပိုးဝင်မှုမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ အုန်းစိမ်းရည်ကို အရေပြား ပေါ်တိုက်ရိုက်လိမ်းနိုင်သလို ရေနဲ့ရောပြီး ရေချိုးပေး နိုင်ပါတယ်။

အဆီမပြန်အောင်ထိန်းချုပ်ပေးပါတယ်။   အဆီပြန်တဲ့အသားအရေရှိသူတွေအတွက် အုန်းစိမ်းရည် ကို မျက်နှာပေါ်ကအဆီတွေဖယ်ရှားဖို့ အသုံးပြုနိုင် ပါတယ်။  အုန်းစိမ်းရည်ကို  မျက်နှာပြင်အနှံ့လိမ်းပြီး ခြောက်အောင်ထားပြီးမှ ရေကြက်သီးနွေးနဲ့သန့်စင် ပေးပါ။ သဘာဝအတိုင်းတောက်ပတဲ့ အသားအရေ ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

ဆံသားတောက်ပြောင်ပြီး ဗောက်ကင်းစင်စေပါ တယ်။ အုန်းစိမ်းရည်ထဲမှာ ဆံသားကိုအားဖြည့်ပေး တဲ့ ဗီတာမင် K နဲ့ သံဓာတ်ပါဝင်လို့ ဆံသားတောက် ပြောင်လှပစေပါတယ်။ အုန်းစိမ်းရည်က ဦးရေပြား ပေါ် ဗက်တီးရီးယားပိုးနဲ့ မှိုပိုးတွေမငြိတွယ်အောင် တားဆီးပေးလို့ ဦးရေပြားဗောက်ထတာ၊ သန်းတွယ် တာ၊ ယားယံတာတွေကနေ ကင်းဝေးစေပါတယ်။

ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပါတယ်။ အုန်းစိမ်း ရည်မှာပါတဲ့ ဆိုင်တိုကိုင်နင်(Cytokinin)လို့ခေါ်တဲ့အပင်ဟော်မုန်းတစ်မျိုးကလည်း အရွယ်တင်နုပျိုစေ သလို ဗက်တီးရီးယားတွေနဲ့ ကင်ဆာရောဂါတွေကိုတိုက်ဖျက်ပေးနိုင်တဲ့အစွမ်းရှိပါတယ်။ အုန်းစိမ်းရည် က ကျန်းမာရေးအတွက်အထောက်အကူများစွာပေးနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ အပူဒဏ်ကြောင့် ရေငတ် တာပြေစေနိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။

သွေးတိုးကျစေပါတယ်။ အုန်းစိမ်းရည်မှာ ဗီတာမင် C၊  ပိုတက်ဆီယမ်နဲ့  မဂ္ဂနီဆီယမ်တို့ပါဝင်တာကြောင့်သွေးတိုးရောဂါရှိသူတွေအတွက် သင့်တော်ပါတယ်။ အုန်းစိမ်းရည်မှာပါတဲ့ ပိုတက်ဆီယမ်က ကိုယ်တွင်းက အကျိုးမပြုတဲ့ဆိုဒီယမ်ပမာဏကို   ထိန်းညှိပေးတဲ့ အတွက်   သွေးတိုးကျစေဖို့  အထောက်အကူပြုနိုင်ပါ တယ်။

  နှလုံးကျန်းမာစေပါတယ်။ ကိုလက်စထရောနဲ့အဆီပါဝင်မှုနည်းတဲ့ အုန်းစိမ်းရည်က နှလုံးကိုကျန်းမာ စေတယ်။ ခန္ဓာကိုယ်အတွက် အကျိုးမပြုတဲ့ ကိုလက် စထရော(LDL-Low density Lipoprotein)ကိုလျော့ကျ စေပြီး အကျိုးပြုကိုလက်စထရော(HDL-High density Lipoprotein)ကိုတိုးစေတာကြောင့် နှလုံးရောဂါကို လျှော့ချပေးပါတယ်။

အရက်နာကျတာကိုသက်သာစေပါတယ်။ အုန်း စိမ်းရည်က  အရက်နာကျတာကို သက်သာစေနိုင်တဲ့ သဘာဝဆေးတစ်မျိုးဖြစ်ပါတယ်။ အရက်က ခန္ဓာ ကိုယ်ရဲ့ရေဓာတ်ကုန်ဆုံးစေပြီး ရေဓာတ်ကုန်ဆုံးမှုက နောက်တစ်နေ့နံနက်မှာ အရက်နာကျတာကိုဖြစ်စေ ပါတယ်။ အုန်းစိမ်းရည်က ခန္ဓာကိုယ်ရဲ့သတ္တုဓာတ် ကို  ပြန်လည်ဖြည့်တင်းပေးပြီး  ရေဓာတ်ကို ပြန်လည် ဖြည့်တင်းစေနိုင်တာကြောင့်    အရက်နာကျတာကို သက်သာစေပါတယ်။

ခန္ဓာကိုယ်အလေးချိန်ကျစေနိုင်ပါတယ်။   ခန္ဓာ ကိုယ်အလေးချိန်ကျချင်တဲ့သူတွေအနေနဲ့ အုန်းစိမ်း ရည်သောက်သုံးဖို့ သင့်တော်ပါတယ်။ ကယ်လိုရီပါဝင် မှုနည်းပြီး အစာအိမ်အတွက်လည်း အထောက်အကူပြုပါတယ်။ အုန်းစိမ်းရည်ထဲမှာ အစာချေဖျက်မှုကိုအထောက်အပံ့ပေးပြီး အဆီတွေချေဖျက်မှုကိုတိုးမြှင့်ပေးနိုင်တဲ့  Bioactive  အင်ဇိုင်းတွေ ပါဝင်တယ်။

ခေါင်းကိုက်တာကိုသက်သာစေပါတယ်။  ခေါင်း ကိုက်တာနဲ့ ခေါင်းတစ်ခြမ်းကိုက်တာအများစုက ရေ ဓာတ်ဆုံးရှုံးလို့ဖြစ်တယ်။ အုန်းစိမ်းရည်က ခန္ဓာကိုယ် အတွက်လိုအပ်တဲ့ အီလက်စတိုလိုက်(Electrolytes)တို့  ထောက်ပံ့ပေးရာမှာ  အထောက်အကူပြုသလိုခန္ဓာကိုယ်ရဲ့ရေဓာတ်ကို   မြှင့်တင်ပေးနိုင်ပါတယ်။မဂ္ဂနီဆီယမ်လျော့နည်းရင်    ခေါင်းတစ်ခြမ်းကိုက်တာ ဖြစ်တတ်ပါတယ်။ အုန်းစိမ်းရည်မှာ မဂ္ဂနီဆီယမ် ကြွယ်ဝစွာပါဝင်လို့ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာခံစား နေရသူတွေအနေနဲ့ သောက်သုံးပေးသင့်ပါတယ်။

Source: https://myawady.net.mm/stories

 

ဘက်စုံအသုံးဝင်ဝါးပင်နှင့် မြန်မာ့စီးပွားရေး ဝါးထုတ်ကုန်

Posted_Date

Image

ဘက်စုံအသုံးဝင်ဝါးပင်နှင့် မြန်မာ့စီးပွားရေး ဝါးထုတ်ကုန်

Body

ဝါးပင်သည် မြန်မာလူမျိုးတို့အသုံးများသောအပင်တစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ ပေါက်ရောက်လေ့ရှိသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်မှာ ဝါးပေါက်ရောက်မှု တတိယအများဆုံးနိုင်ငံဟုသိရသည်။   ဝါးကိုရှေးယခင်ကတည်းက ယနေ့အချိန်အထိ အသုံးပြုနေကြဆဲဖြစ်သည်။ ဝါးကိုလူသုံးကုန်ပစ္စည်းအမျိုးမျိုးအဖြစ်လည်းကောင်း၊အိမ်ဆောက်ပစ္စည်းများအဖြစ်လည်းကောင်း၊  ဝါးလက်မှုထုတ်ကုန်များအဖြစ်လည်းကောင်း  ပြုလုပ်အသုံးပြုနေကြသည်။  ကမ္ဘာပေါ်တွင်  ဝါးပင်သည် အရေးပါသောအပင်တစ်မျိုးဖြစ်သည်။  ထို့ကြောင့် ဝါးပင်သည်အဓိကစိုက်ပျိုးသင့်သောအပင်တစ်မျိုးပင်ဖြစ်သည်။

ဝါးမျိုးစိတ်နှင့်ဝါးပင်၏သဘာဝ

ဝါးကို မြန်မာအဘိဓာန်တွင် အမြစ်ဆုံမှ အပင်များပွား၍ တစ်စုတည်းပေါက်ပြီးပင်စည်ကိုစိတ်ဖြာ၍  ထရံ၊  တောင်းစသည့်   ရက်လုပ်ရသောအပင်ဟူ၍အဓိပ္ပာယ်ဖွင့်ဆိုထားသည်။  ဝါးသည်မြက်မျိုးရင်းဝင်ဖြစ်သည်။ မြက်အမျိုးပေါင်း ၄၂၀ ရှိသည့်အနက်  ၈၆ မျိုးသည် ဝါးမျိုးများဖြစ်ကြောင်းသိရသည်။  မျိုးစဉ်မှာ Poales  ဖြစ်ပြီး  မျိုးရင်းမှာ  Poaceae ဖြစ်သည်။    အင်္ဂလိပ်အမည်အားဖြင့် Bamboo ဖြစ်သည်။ ရုက္ခဗေဒအမည်မှာ Bambusa Vulgaris/ Phyllostachys edulis ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဝါးမျိုးစိတ် ၁၂၅၀ ခန့်ရှိပြီး မြန်မာနိုင်ငံတွင် ဝါးမျိုးစိတ်၁၀၀ ကျော်ခန့် အလေ့ကျပေါက်ရောက်ရှင်သန်ကြသည်။ ထိုမျိုးစိတ်များအနက်မှ မြန်မာနိုင်ငံတွင် ဝါးမျိုး  ၂၀  မျိုးပေါက်ရောက်ရှင်သန်ကြသည်။ ဝါးပေါက်ရောက်ပုံသဘာဝကိုအကြမ်းအားဖြင့်သုံးမျိုးခွဲခြားနိုင်သည်။ (၁) တစ်ပင်ချ ပေါက်ရောက်လေ့ရှိသောဝါး၊ (၂) အစုလိုက် သို့မဟုတ် အုပ်စုလိုက်ပေါက်လေ့ရှိသောဝါး၊  (၃) အထက်ပါအုပ်စုနှစ်စုရော၍ ပေါက်သောဝါး (စကဝါး)တို့ဖြစ်သည်။  ဝါးပင်သည် စုစုရုံးရုံးပေါက်ရောက်လေ့ရှိသည့်သဘာဝကြောင့် စည်းရုံးခြင်းသဘောကိုဆောင်သည်။ ဝါးပင်သည် အတ္တကင်းသောသဘောသဘာဝလည်းရှိပေသည်။ အကြောင်းမှာ ဝါးပင်ပေါက်ရောက်သော ပတ်ဝန်းကျင်တွင်အခြားသောအပင်များကိုလည်း  ရှင်သန်ပေါက်ရောက်ခွင့်ပေးသည်။ ဝါးပင်သည်ပင်လယ်ရေမျက်နှာပြင်အထက်  ပေ၃၀၀ မှ ပေ ၂၆၀၀ အကြားတွင်အများဆုံးရှင်သန်ပေါက်ရောက်ကြသည်။  ရာသီဥတုအနေဖြင့် အပူချိန် ၁၁ ဒီဂရီဖာရင်ဟိုက်မှ   ၁၀၀ ဒီဂရီဖာရင်ဟိုက်နှင့်မိုးရေချိန်အနေဖြင့် ၃၁ လက်မမှ ၂၅၄ လက်မအတွင်းဖြစ်ထွန်းပြီး   ရေမဝပ်သောမြေမျိုးနှင့်ဆားငန်ရေဝင်သောမြေမှလွဲ၍  အခြားမြေမျိုးများတွင်  ရှင်သန်ပေါက်ကြသည်။  ဝါးသည်စုစုရုံးရုံးပေါက်ရောက်ကြသဖြင့်အပင်ရှုပ်ပြီး  အပင်ကျပ်သည့်သဘောရှိသည်။  ထို့ကြောင့်ဝါးခုတ်ရာတွင် မလွယ်ကူပေ။ ပင်စည်တစ်ဝက်ကျော်ကျော်မှစ၍အတက်အရွက်ထွက်သည်။ အပင်အမြင့်ပေ ၈၀ မှ ၉၀ အထိရှိတတ်သည်။ အပင်လုံးပတ်မှာ ၉ လက်မခန့်မှ ၁ ပေအထိရှိတတ်သည်။ ထိုလုံးပတ်သည် ဝါးပိုးဝါးလိုဝါးမျိုးဖြစ်နိုင်သည်။ ဝါးပိုးဝါးသည် အလုံးကြီးသောကြောင့်ဖြစ်သည်။ ဝါးအဆစ်မှာ ၁၂ လက်မမှ လက်မ ၃၀ ခန့်အထိရှိတတ်ကြောင်း သိရသည်။ ဝါးပင်၏အသားသည် အရင်းပိုင်းအသားထူပြီး  အဖျားပိုင်းကအသားပါးသည်။   ဝါးပင်သည်  တစ်နေ့၁ မီတာအထိရှည်သည်ဟု သိရသည်။

ဝါးအမည်များ

အထက်ဖော်ပြပါဝါးမျိုးစိတ်များအနက်ဝါးအမျိုးအမည်များကိုဖော်ပြပါမည်။ယင်းတို့မှာ-ဝါးပိုး၊ ဝါးပိုးမျက်ဆန်ကျယ်၊ မြင်ဝါး၊ ဝါးယား သို့မဟုတ် ဝါးနက်၊ ဝါးဖြူ၊ ကြလို့ဝါး၊  တင်းဝါး၊  ခရင်ဝါး၊  သိုက်ဝါး၊ကြသောင်းဝါး၊ ကြခတ်ဝါး၊  သိုက်ဝါးကြီး၊  ထီးရိုးဝါး၊ တစ်ပင်တိုင်ဝါး၊ ဝါးကောက်၊တင်းလယ်မဲ၊ ကြခတ်မ၊ ဝါးမင်း၊ ခဲလံဝါး၊ ဝါးဖယောင်း၊  ပီလောပီနံဝါး၊   ရေဝါး၊ လစ်ဝါး၊ ဝါးကုပ်၊ ဝါးဖြူကလေး၊ ငနက်ရှော၊ ဝါးကြီး၊ ဝါးထွန်၊ ဝါးဘိုးအေ၊ ဝါးပြောက်(တနင်္သာရီဒေသတွင်ပေါက်သည်)၊ ဝါးသပွတ်၊ ကရင်ဝါး စသည်တို့ဖြစ်သည်။ ဖော်ပြပါဝါးများသည်  အမည်မတူသည့်အမည်များကိုဖော်ပြထားခြင်းဖြစ်သည်။ သို့သော်ဒေသအခေါ်အရ  အမည်မတူသော်လည်း ဝါးအမျိုးတူသည်များလည်းရှိနိုင်သည်။  စာရေးသူအနေဖြင့် အမည်မတူသည်ကိုသာ အဓိကဖော်ပြထားခြင်းဖြစ်သည်။

သဘာဝပတ်ဝန်းကျင်နှင့်ဝါးပင်

ဝါးပင်သည် သဘာဝပတ်ဝန်းကျင်ကိုများစွာ  အကျိုးပြုသည်။   လေထုကိုညစ်ညမ်းစေသည့် ကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူပြီး သက်ရှိတို့အတွက် အောက်ဆီဂျင်ကိုပြန်လည်ထုတ်လွှတ်ပေးသည်။ပတ်ဝန်းကျင် အစိုဓာတ်ရှိနေချိန်တွင် ထိုအစိုဓာတ်ကိုစုပ်ယူထားပြီး ပတ်ဝန်းကျင်ခြောက်သွေ့နေချိန်တွင် စုပ်ယူထားသောအစိုဓာတ်ကို ပြန်လည်ထုတ်လွှတ်ပေးသည်။   ရေမှုန်လေးများကိုထုတ်ပေးကြောင်းလည်းသိရသည်။ ဝါး ၂ ဒသမ၄၇၁ ဧကရှိသောဝါးစိုက်ခင်းတစ်ခင်းသည်    လေထုကိုညစ်ညမ်းစေသည့်ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကာဗွန်၆၂ တန်အထိ နှစ်စဉ်စုပ်ယူပေးနိုင်သည်။ တချို့က  ၁၂  တန်ဟုဆိုကြသည်။ မည်သို့ပင်ဆိုစေ ဝါးပင်သည်ပတ်ဝန်းကျင်ကို အကျိုးပြုသည်ကတော့ အမှန်ဖြစ်သည်။ အခြားသော အပင် ၂ ဒသမ ၄၇၁ ဧကသည် နှစ်စဉ်ကာဗွန် ၁၅ တန်ခန့်သာစုပ်ယူနိုင်သည်။ ဤကား ဝါးပင်နှင့်အခြားအပင်တို့၏   ကွာခြားချက်ဖြစ်သည်။ထို့ပြင် ဝါးပင်၏ အမြစ်ဖွဲ့စည်းမှုသည် အခြားအပင်များနှင့်မတူအမြစ်ကျစ်လျစ်သည်။ ထို့ကြောင့် မြေဆီလွှာကိုရေတိုက်စားမှုမှ   ကာကွယ်ပေးသည်။ ဝါးပင်သည် အစိုဓာတ်ကိုထုတ်လွှတ်ပေးသလို ရာသီဥတုပူနွေးမှုကိုလည်းလျှော့ချပေးနိုင်သည်။ အကြောင်းမှာ ကာဗွန်ဒိုင်အောက်ဆိုက်စုပ်ယူမှုများသောကြောင့်ဖြစ်သည်။ ထို့ကြောင့်သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းပေးသည့်ဝါးပင်ကို တိုးချဲ့စိုက်ပျိုးသင့်သလို   ဝါးပင်များကိုလည်း ထိန်းသိမ်းပေးသင့်သည်။     ထိုကဲ့သို့အရေးပါသော ဝါးပင်ကို လေးစားပြီး ဂရုပြုသည့်အနေဖြင့် နှစ်စဉ်စက်တင်ဘာလ ၁၈ ရက်နေ့ကို  "ကမ္ဘာ့ဝါးပင်များနေ့"အဖြစ်သတ်မှတ်ထားကြသည်။   ထို့ပြင်ဝါးပင်သည်ဂေဟဗေဒစနစ်ဖြင့် ကိုက်ညီသည့်အချက်များရှိသည်။  လျင်မြန်စွာကြီးထွားခြင်း၊  ထွက်ရှိနှုန်းများခြင်း၊  ဝါးနှင့်ပတ်သက်သောအသက်မွေးမှုရှိခြင်း၊မြေဆီလွှာကိုကာကွယ်ပေးခြင်း၊ လေထုကိုသန့်စင်ပေးခြင်း စသည်တို့ဖြစ်သည်။

စီးပွားဖြစ်စိုက်ပျိုးသင့်သော မြန်မာတို့၏ဝါး 

ဝါးကိုယခုအခါ  စနစ်တကျစိုက်ပျိုးလာကြသည်။ ဝါးစိုက်ပျိုးရာတွင် မျိုးပွားစိုက်ပျိုးနည်းနှင့် အစေ့မှလည်း  မျိုးပွားယူကြသည်ဟုသိရသည်။   စီးပွားဖြစ်ဝါးစိုက်ပျိုးမည်ဆိုပါက ဝါးပင်ကြိုက်နှစ်သက်သော မြေ၊ ရာသီဥတုအပြင် သင့်လျော်သော  ဝါးမျိုးစိတ်ကိုရွေးချယ်စိုက်ပျိုးဖို့လည်းလိုပါသည်။ ဝါးစိုက်ပျိုးမည့် မြေကိုရွေးချယ်မည်ဆိုပါက ဝါးစိုက်မြေကို လမ်းပန်းဆက်သွယ်ရေးကောင်းသည့်မြေနေရာမျိုးကိုရွေးချယ်ဖို့လိုသည်။ဝါးထုတ်ကုန်များထုတ်လုပ်သည့်နေရာနှင့်နီးသောနေရာမျိုးကိုလည်း ရွေးချယ်စိုက်ပျိုးသင့်သည်။ ထိုအခါ သယ်ယူစရိတ်သက်သာမည်ဖြစ်သည်။ ဝါးကိုအများအားဖြင့်တော့ အမြစ်ဆုံမှမျိုးပွားစိုက်ပျိုးနည်းနှင့်  အဆစ်မှမျိုးပွားစိုက်ပျိုးနည်းဟူ၍နှစ်မျိုးရှိသည်။  စာရေးသူတို့ဒေသဘက်မှာတော့  အဆစ်မှမျိုးပွားစိုက်ပျိုးလေ့ရှိကြသည်။ ဝါးကိုစီးပွားဖြစ် သီးသန့်စိုက်ပျိုးမည်ဆိုပါက တစ်ပင်နှင့်တစ်ပင် ၁၀ ပေခြားစိုက်ပျိုးရသည်။ ဝါးပင်သည် တဖြည်းဖြည်းအုံလိုက်ကျင်းလိုက်   ပြန့်ပွားလာသောကြောင့်ဖြစ်သည်။    မျှစ်ဝါးဆိုလျှင် ဝါးတစ်ရုံတွင်  အပင်ခြောက်ပင်ခန့်သာထားရမည်။ ယခုအခါစာရေးသူတို့ဒေသဘက်တွင် ဝါးနက်ဝါးတစ်လုံးကို ၂၀၀၀ -၃၀၀၀ ခန့်ပေးရသည်။ အစေ့ကိုပျိုးစိုက်မည်ဆိုပါက ခုနစ်နှစ်ခန့်ကြာသည်ဟုသိရသည်။    ဝါးပင်သည်အလေ့ကျပေါက်ရောက်မှုရှိသလို စနစ်တကျစီးပွားဖြစ်လည်းစိုက်ပျိုးကြသည်။

ကမ္ဘာ့ဝါးယဉ်ကျေးမှု

ဝါးသည်   ကမ္ဘာသုံးအပင်ဖြစ်သည်။ယဉ်ကျေးမှုနှင့်ဝါးသည်  ဆက်စပ်မှုရှိသည်။ လူတို့သည် ရှေးက သားစိမ်းငါးစိမ်းများကိုသာစားခဲ့ကြသည်။   ထို့နောက်ဝါးပင်အချင်းချင်းပွတ်တိုက်ရာမှစ၍မီးကိုတွေ့ရှိခဲ့ပြီးနောက် သားစိမ်းငါးစိမ်းများကို မီးဖုတ်၊  မီးကင်၍  စားသုံးသည့်ယဉ်ကျေးမှုပေါ်ပေါက်လာခဲ့သည်။ ဤကား ဝါးကိုအခြေခံ၍   ဖြစ်ပေါ်လာသော ယဉ်ကျေးမှုတစ်ရပ်ဖြစ်သည်။ အရှေ့တောင်အာရှနိုင်ငံများဖြစ်သော ဂျပန်နှင့်တရုတ်နိုင်ငံတို့တွင်  ဝါးယဉ်ကျေးမှုထွန်းကားခဲ့ကြသည်။ ဂျပန်နိုင်ငံ၏  အဓိကရိုးရာပွဲတစ်ခုတွင် ဝါးသည် မြန်မာလူမျိုးတို့၏ကန်တော့ပွဲကဲ့သို့အရေးပါကြောင်းသိရသည်။ တရုတ်နိုင်ငံတွင်ဝါးကိုရှေးနှစ်ပေါင်း ၅၀၀၀ ခန့်လောက်ကတည်းက အသုံးပြုခဲ့ကြောင်းသိရသည်။ မြန်မာစာပေများမှာလည်း  ဝါးပင်မှာသန္ဓေတည်၍ဖြစ်လာသော "ဝေဠုဝန်မင်းသမီး" ဟူ၍လည်းရှိခဲ့သည်။ ဝါးမှရရှိသောဝါးအမြုတေဟုလည်းရှိကြောင်း   မှတ်သားရဖူးသည်။တရုတ်လူမျိုးတို့သည်  ဝါးကိုအသုံးများသည်။ စာပေများရေးသားရာတွင်ဝါးစုပ်တံကိုအသုံးပြုကြသလို တရုတ်နိုင်ငံ၏ ပထမဆုံးစာအုပ်ကို  ဝါးပြားပေါ်တွင်ရေးသားကြောင်းသိရသည်။ ဝါးသည်   စာပေနှင့်သာဆက်စပ်နေသည်မဟုတ်ပေ။  ဂီတနှင့်လည်းဆက်စပ်နေသည်။ ဝါးဖြင့်ပြုလုပ်သောတူရိယာများလည်းရှိသည်။ ဝါးပလွေ၊ ဝါးလက်ခုပ်၊ ဝါးပတ္တလား စသည်တို့သည်  ဝါးနှင့်အနုပညာတူရိယာကို  ပေါင်းစည်းထားခြင်းဖြစ်သည်။

မြန်မာ့စီးပွားရေးနှင့်ဝါးထုတ်ကုန်

ဝါးကိုစီးပွားဖြစ်စိုက်ပျိုးပါက ဝါးတစ်လုံးကို ၂၀၀၀-၃၀၀၀ ခန့်စျေးရှိသည်။ ဝါးရုံတစ်ရုံတွင် ဝါးအလုံးရေ၄၀-၅၀ ခန့်ရှိကြသည်။ ဤကားခန့်မှန်းခြေသာဖြစ်သည်။ ထိုဝါးရုံမှဝါးများအနက်ရောင်းတန်းဝင်ဝါး ငါးလုံး ၁၀ လုံးခန့်ခုတ်ယူနိုင်သည်။ ဝါးတစ်ဧကတွင်ဝါးရုံ ၄၂၀ ခန့်ဝင့်ဆံ့သည်။ ဝါးရုံတစ်ရုံတွင်ပျမ်းမျှဝါး ငါးလုံးခန့်ခုတ်ယူနိုင်လျှင် ယနေ့ဝါးစျေး ပျမ်းမျှ တစ်လုံး ၃၀၀၀နှင့်တွက်လျှင် ဝါးရုံ ၄၂၀ အတွက် တစ်ရုံငါးလုံးဆိုလျှင် ဝါးအလုံးရေ ၂၁၀၀ ခန့်ရမည်ဖြစ်သည်။ ဝါးအလုံးရေ ၂၁၀၀ ကို ဝါးတစ်လုံးငွေကျပ် ၃၀၀၀ နှင့်ဆိုလျှင် ငွေကျပ် ၆၃၀၀၀၀၀ ရရှိမည်ဖြစ်သည်။

ဤကားကုန်ကြမ်းခေါ် အလုံးလိုက်ရောင်းချရငွေဖြစ်သည်။ ထိုဝါးများကို လူသုံးကုန်ပစ္စည်းအမျိုးမျိုး  ထုတ်လုပ်ရောင်းချကြသည်။ ဝါးလက်မှုပစ္စည်းများအဖြစ်လည်း  ထုတ်လုပ်ရောင်းချကြသည်။ဝါးလက်မှုပစ္စည်းများကို အနည်းငယ်ဖော်ပြပါမည်။ ယင်းတို့မှာ- ဝါးခမောက်၊ဝါးပလွေ၊ ဝါးပတ္တလား၊ ဝါးလက်ခုပ်၊  စပါးထည့်သည့်ဝါးပုတ်၊ ငါးဖမ်းရာတွင်အသုံးပြုသည့်ယင်း၊

ဝါးမြှုံးအမျိုးမျိုး၊ ဆန်ကော၊ ဆန်ခါ၊ ပုသိမ်ထီး၊နှီးကြောဖျာ၊ မြန်မာ့ယွန်းထည်နှင့်ဝါးကုလားထိုင်အမျိုးမျိုးတို့ဖြစ်သည်။ စာရေးသူတို့ဘက်မှာဆိုဝါးကုလားထိုင်များပြုလုပ်ရောင်းချကြသူများရှိသည်။ ဝါးထရံရက်လုပ်ရောင်းချကြသူများလည်းရှိသည်။ ဝါးပုတ်ပြုလုပ်သူများလည်းရှိသည်။ ဝါးကုလားထိုင်တစ်လုံးလျှင် ယခင်ကငွေကျပ်  ၅၀၀၀  ခန့်ပေးရသည်။ ယခုဆို အနည်းဆုံး  ငွေကျပ်  ၇၀၀၀ မှ ၁၀၀၀၀ ဝန်းကျင်လောက်ရှိပေလိမ့်မည်။   ဝါးထရံရက်လုပ်ခြင်းနှင့်ဝါးပုတ်ပြုလုပ်ခြင်း၊ ဝါးကုလားထိုင်ပြုလုပ်ခြင်းသည် ထိုသူတို့၏ စီးပွားရေးလုပ်ငန်းဖြစ်သည်။ ထိုလုပ်ငန်းဖြင့် အသက်မွေးကြသူများဖြစ်သည်။   ယခင်ကတည်းက ယနေ့အထိပြုလုပ်နေကြဆဲ ဝါးဖြင့်စီးပွားရှာသည့်လက်မှုဝါးစီးပွားရေးလုပ်ငန်းများပင်ဖြစ်သည်။ မြန်မာ့ပုသိမ်ထီးနှင့်မြန်မာ့ယွန်းထည်ဆိုလျှင်  ကမ္ဘာသိမြန်မာ့ဝါးလက်မှုအနုပညာယဉ်ကျေးမှုပင်ဖြစ်သည်။     ဝါးပင်သည်ကုန်ကြမ်းသာဖြစ်သည်။ အဆိုပါဝါးကို လက်မှုပစ္စည်းများဖြစ်သည့် ကုန်ချောအဖြစ်ထုတ်လုပ်နိုင်ရန်လိုအပ်သည်။ မြန်မာ့ယွန်းထည်နှင့်မြန်မာ့ရိုးရာပုသိမ်ထီးဆိုလျှင်  ကမ္ဘာသိဝါးလက်မှုကုန်ချောပစ္စည်းဖြစ်သည်။ ထိုကဲ့သို့ဝါးလက်မှု     အခြေခံထုတ်ကုန်များဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတော်ကလည်းအားပေးလျက်ရှိသည်။ ဝါးလက်မှုထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်လာပါက လူမှုစီးပွားရေးလည်း တောင့်တင်းခိုင်မာလာမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့်လည်း  ဝါးအပါအဝင်  စိုက်ပျိုးရေးလုပ်ငန်းများနှင့် MSME  လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်   နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းအနှီးများထုတ်ပေးပြီး  အားပေးဆောင်ရွက်လျက်ရှိသည်။ ဒေသအသီးသီးမှာလည်း MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိကြောင်းတွေ့ရသည်။

ထို့ကြောင့် ယခုအခါစိုက်ပျိုးရေးတောင်သူများအနေဖြင့် မြေကြီးကရွှေသီးဟု  ဆိုရမည့်အချိန်ပင်ဖြစ်သည်။ အဆိုပါစိုက်ပျိုးရေးလုပ်ငန်းအသီးသီးတွင်   ဝါးစိုက်ပျိုးရေးသည်လည်း  ပါဝင်သည်။ ဝါးသည် ယဉ်ကျေးမှုအရလည်းကောင်း၊    သဘာဝပတ်ဝန်းကျင်အရလည်းကောင်း၊ MSME အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းများအရလည်းကောင်း    ဘက်စုံအသုံးဝင်သောအပင်ဖြစ်သည်။  ထို့ကြောင့်  ဘက်စုံအသုံးဝင်သည့်ဝါးပင်ကို  စိုက်ပျိုးသင့်သလို  အစဉ်ထိန်းသိမ်းသင့်ပါကြောင်းကို  ရေးသားတင်ပြလိုက်ရပါသည်။     ။

Source: https://myawady.net.mm/stories

 

လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူ ပေါ်ပေါက်လာသည့် တပ်မတော်

Posted_Date

Image

လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူ ပေါ်ပေါက်လာသည့် တပ်မတော်

Body

တပ်မတော် မရှိသောနိုင်ငံဟူ၍ ကမ္ဘာတွင် မရှိသေးသည်မှာ တပ်မတော်၏ အရေးပါမှု၊ အရာရောက်မှုကို ညွှန်းဆိုနေခြင်းဖြစ်သည်။ တပ်မတော်ဆိုသည်မှာ ကြည်းတပ်၊  ရေတပ်၊ လေတပ် ပါဝင်သော နိုင်ငံတော်၏ ကာကွယ်ရေးတပ်ပေါင်းစုဖြစ်သည်။

အခြားသောနိုင်ငံများထက် မြန်မာနိုင်ငံတွင်   တပ်မတော်ပေါ်ပေါက်လာရသည့်   သမိုင်းကြောင်းမှာ ထူးခြားလှသည်ဟုဆိုနိုင်သည်။ မလွတ်လပ်သောနိုင်ငံအဖြစ်  နေထိုင်ကြရစဉ်   တပ်မတော်တစ်ရပ်ဖြစ်ပေါ်လာအောင်  လှုပ်ရှားရုန်းကန်ခဲ့ရသည့်  သမိုင်းကြောင်းသည် အမြဲထာဝစဉ် မမေ့အပ်သည့်သမိုင်းကြောင်း ဖြစ်သည်။  တပ်မတော်တစ်ရပ်အဖြစ်ထင်ရှားစွာပေါ်ပေါက်လာသည့်အတွက် မြန်မာနိုင်ငံသည် လွတ်လပ်ရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိလျှောက်လှမ်းနိုင်ခြင်းဖြစ်သည်။

မြန်မာ့သမိုင်းကို အကျဉ်းမျှဖော်ပြရလျှင် ၁၉ ရာစုနှောင်းပိုင်းတွင် ကမ္ဘာ့အနောက်ခြမ်းနိုင်ငံများတွင် စက်မှုအတတ်ပညာများ ထွန်းကားလာသည်။ မြန်မာနိုင်ငံတွင် ပဒေသရာဇ်စနစ် ကျင့်သုံးနေသည်။  နိုင်ငံတော်ကာကွယ်ရေးအင်အား အနေဖြင့်ရှိနေသော်လည်း ခေတ်မီလက်နက်၊ ခေတ်မီစစ်အတတ်ပညာတို့တွင် အားနည်းသည်။  ထိုသို့သော  အခွင့်ကောင်းကိုယူကာ အင်္ဂလိပ်နယ်ချဲ့တို့က ၁၈၂၄ ခုနှစ်၊ ၁၈၅၂ ခုနှစ်နှင့် ၁၈၈၅ ခုနှစ်တို့တွင် ကျူးကျော်စစ်သုံးကြိမ် ဆင်နွှဲခဲ့သည်။ ထိုစစ်ပွဲသုံးကြိမ်တွင် မြန်မာတို့စစ်ရှုံးခဲ့သည်။

သိုးငယ်ကို ဝံပုလွေအနိုင်ကျင့်သကဲ့သို့ အနိုင်ကျင့်ခံခဲ့ရသော အဖြစ်အပျက်သည် မြန်မာတို့အတွက်   နာကြည်း၊   မုန်းတီး၊ စက်ဆုပ်ဖွယ်ဖြစ်သည်။ စာထဲတွင်သာသင်ကြားဖတ်ရှုခဲ့ရသော ကိုယ်တွေ့မကြုံသည့် သမိုင်းကြောင်းကိုပင် ကျွန်တော်တို့ ခံစားနေရသေးလျှင် ထိုခေတ်ထိုအခါက လူငယ်တို့စိတ်တွင် မည်သို့ဖြစ်နေမည်ကို စဉ်းစားကြည့်ရုံဖြင့် သိနိုင်ပါသည်။ သူ့ကျွန်အဖြစ်နေရစဉ်အတွင်း မြန်မာလူငယ်တို့ နာကျင်ခံခက်ဖြစ်နေမည်သာဖြစ်သည်။   ထို့ကြောင့်လည်းအရေးကြုံလာသည်နှင့်   “အင်္ဂလိပ်အခက်   ဗမာ့အချက်” စွဲမှတ်ကာ အင်္ဂလိပ်တို့အခက်အခဲကြုံနေစဉ် မြန်မာလူငယ်တို့ ပြည်ပသို့ထွက်ခွာသွားကာ စစ်ပညာများ တတ်မြောက်အောင် သင်ယူခဲ့ကြသည်။

Description: C:\Users\TinTunAung\Desktop\25-3-2025\253  ACP 02.jpg

“တပ်မတော်အစ  ဘီအိုင်အေက”  ဆိုစကားအတိုင်း တပ်မတော်၏အစ ဘီအိုင်အေစတင်ဖွဲ့စည်းစဉ်က ဦးဆောင် ပါဝင်ခဲ့ကြသည့် ရဲဘော်သုံးကျိပ်အကြောင်းကို မှတ်တမ်းတင်ထားရမည်ဖြစ်သည်။     သခင်လူငယ်ရဲဘော်သုံးကျိပ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည်  ခေါင်းဆောင်ဖြစ်သည်။  ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို  ၁၉၄၁  ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် ထိုင်းနိုင်ငံ  ဘန်ကောက်မြို့၌စတင်ဖွဲ့စည်းခဲ့ကြသည်။

“ငါတို့ဗမာလူမျိုးများသည် ကျွန်လူမျိုးမဟုတ်၊သခင်လူမျိုးဖြစ်သည်၊ မည်သည့်လူမျိုးအောက်မှ ဒူးထောက်ကာ ကျွန်ခံခဲ့သောလူမျိုးမဟုတ်၊ လာရောက် လွှမ်းမိုးသောလူမျိုးတို့အား အစဉ်သဖြင့်  တော်လှန်သုတ်သင်ခဲ့ကြသည်ချည်းဖြစ်၏။   သို့ဖြစ်၍ နယ်ချဲ့အင်္ဂလိပ်တို့အား တော်လှန်ကြကုန်အံ့။ ပုန်ကန်ကြကုန်အံ့။ ငါတို့သည်လွတ်လပ်ရေးကို သွေးနှင့်လဲခဲ့ကြသည့် လူမျိုးဖြစ်သည့်အလျောက် ဗမာ့မြေပြင်တွင် ဗမာ့သွေးများကို သွန်းလောင်းကာ လွတ်လပ်ရေး အောင်ပန်းကို  ဆွတ်လှမ်းကြကုန်အံ့”ဟု ဗမာတစ်ပြည်လုံး အုန်းအုန်းကျွက်ကျွက် တစ်ခဲနက်  ငြာသံပေးကာ နိပွန်(ဂျပန်)တို့၏အကူအညီဖြင့် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)နှင့်  မျိုးချစ်လူကြီးလူငယ်၊   လူရွယ်၊   မိန်းမ၊  ယောက်ျားမကျန်ပူးပေါင်းကာ  အင်္ဂလိပ်တို့အား  တိုက်ထုတ်ချေမှုန်း မောင်းနှင်လိုက်ကြသည်။

ဘီအိုင်အေသည် ဂျပန်တပ်မတော်၏စစ်ဦး၌  ဘီလူးအဖြစ်ဖြင့် အမှုထမ်းခဲ့ရသည်။    ဂျပန်တပ်မတော်နှင့်အမြဲပူးပေါင်း တိုက်ခိုက်လေ့ရှိသည်။ တစ်ခါတစ်ရံ  ဂျပန်တပ်များ၏ရှေ့ပြေးအဖြစ် လည်းကောင်း၊   လမ်းကြောင်းအဖြစ် လည်းကောင်း၊   တပ်တောင်ပံတစ်ရပ်အဖြစ်ဖြင့် လည်းကောင်း  တိုက်ပွဲဝင်ခဲ့ရသည်။ မြန်မာပြည်မှအင်္ဂလိပ်တပ်များကို မောင်းထုတ်ရာ၌ ရက်ပေါင်း ၇၀ ကြာခဲ့သည်။ ရက်ပေါင်း ၇၀ အရေးတော်ပုံတွင် ဘီအိုင်အေက ဦးလည်မသုန် ဦးဆွေးဆံမြည့်သည့်တိုင်အောင်   အထမြောက်အောင်မြင်စွာ  သွေးနှင့်ချွေးနှင့် ရင်းနှီးကာ တိုက်ပွဲဝင်ခဲ့ကြသည်။  နယ်ချဲ့အင်္ဂလိပ်များ မြန်မာ့မြေပေါ်မှ ဆုတ်ခွာထွက်ပြေးခဲ့သည်။

နယ်ချဲ့လက်အောက် ကျရောက်နေရာမှ သခင်ဘဝသို့  ပြန်လည် ရောက်ရှိလာသောအခါ တစ်တိုင်းပြည်လုံးမှာ   ရေတွေ့သောကြာပန်းကဲ့သို့   ရွှင်လန်းဝမ်းမြောက် ကြည်နူးခြင်းသို့ ရောက်ရှိလာခဲ့သည်။ နယ်ချဲ့အင်္ဂလိပ်များ မြန်မာနိုင်ငံမှ    ဆုတ်ခွာထွက်ပြေးရခြင်းတွင်   ဗမာ့လွတ်လပ်ရေးတပ်မတော်   (ဘီအိုင်အေ)  ၏ တိုက်စွမ်းရည်နှင့် ဇွဲသတ္တိမှာ  အကြောင်းရင်းခံဖြစ်သည်။ တိုင်းပြည်နှင့်လူမျိုးကို တကယ်ချစ်၍ တကယ်ပင်  ရွပ်ရွပ်ချွံချွံ ရင်မြေကတုတ်လုပ်ပြီး တိုက်ခိုက်ခြင်းပြုခဲ့ကြသော  မျိုးချစ်ပုဂ္ဂိုလ်များအား အစဉ်သဖြင့် ရင်ထဲနှလုံးသည်းပွတ်ထဲတွင် အမြဲထာဝရအောက်မေ့ သတိရသင့်ပေသည်။

ဂျပန်တို့အနေဖြင့်  မြန်မာနိုင်ငံအား ၁၉၄၃ ခုနှစ်  ဩဂုတ်လ ၁ ရက်တွင်  လွတ်လပ်ရေးပေးခဲ့သည်။  ထိုလွတ်လပ်ရေးကိုအတုအယောင်ရွှေရည်စိမ်လွတ်လပ်ရေးဟု ဆိုခဲ့သည်။ လွတ်လပ်ရေးပေးသည် ဆိုသော်လည်း   မြန်မာတို့တွင် လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရှိခဲ့သည်မဟုတ်၍ ရွှေရည်စိမ်ဟု နာမဝိသေသနပြုခြင်းဖြစ်သည်။

ဂျပန်များအုပ်စိုးနေသည့်ကာလတွင် မြန်မာနိုင်ငံ၏ အခြေအနေမှာ  ပြည်သူများစိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ကြီးစွာနေထိုင်ကြရသည်။ အနေအထိုင်အစားအသောက်   ဆင်းရဲသည်သာမက လူလုံခြုံမှု၊ ပစ္စည်းလုံခြုံမှုများလည်း ကင်းမဲ့နေသည်။ အထူးသဖြင့်  မြန်မာတိုင်းရင်းသားများ ခံစားနေရသည်မှာ  ချွေးတပ်စွဲခြင်းဖြစ်သည်။

ချွေးတပ်စခန်းမှာ ဖျားနာသေဆုံးသည့်ဦးရေများလာသည်။ မသေဘဲ ပြန်ရောက်လာသူများမှာလည်း လူစဉ်မမီဖြစ်သွားကြသည်။ ချွေးတပ်လိုက် နေရသည့်အတွက် လယ်ယာလုပ်ငန်းများကိုထိခိုက်သည်။ ထိုစဉ်က ဒေါက်တာဘမော် အစိုးရအနေဖြင့်လည်း   လုပ်ပိုင်ခွင့်မရှိဖြစ်နေသည်။ ထို့ကြောင့်  ဂျပန်ဆန့်ကျင်ရေး၊    မုန်းတီးရေး နာကြည်းစိတ်များ  တစ်နိုင်ငံလုံးတွင်ပျံ့နှံ့လာသည်။ ထိုအချိန်က ဗမာ့လွတ်လပ်ရေး တပ်မတော်(ဘီအိုင်အေ)ကို ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်တွင်ဗမာ့ကာကွယ်ရေးတပ်မတော်(ဘီဒီအေ)အဖြစ်ပြန်လည်ဖွဲ့စည်းသည်။

အင်အား ၃၀၀၀ ခန့်ဖြင့် ဗမာ့ကာကွယ်ရေး တပ်မတော်ကို ပျဉ်းမနားတွင်ဌာနချုပ်ထားကာ ဖွင့်လှစ်သည်။  ထို့နောက် ၁၉၄၃ ခုနှစ်   စက်တင်ဘာလ   ၁၅  ရက်တွင် ဗမာ့ကာကွယ်ရေးတပ်မတော်ကို ဗမာ့အမျိုးသားတပ်မတော်(ဘီအင်န်အေ)အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ၁၉၄၅  ခုနှစ်  မတ်လ  ၂၇  ရက်တွင်ဗမာ့အမျိုးသားတပ်မတော်(ဘီအင်န်အေ)သည် ပြည်သူလူထုတစ်ရပ်လုံးနှင့် လက်တွဲကာ ဖက်ဆစ်တော်လှန်ရေးကို စတင်ဆင်နွှဲခဲ့သည်။ ထို့နောက် ၁၉၄၅ ခုနှစ် ဇူလိုင်လ  ၂၃  ရက်တွင် တပ်မတော်ကို မျိုးချစ်ဗမာ့တပ်မတော် (ပီဘီအက်ဖ်)ဟုပြင်ဆင်ဖွဲ့စည်းခဲ့သည်။   ဤသည်မှာ    တပ်မတော်ကို အမည်အမျိုးမျိုးပြောင်းလဲကာ ဖွဲ့စည်းခဲ့ကြခြင်းအကြောင်းဖြစ်သည်။

တပ်မတော်သည်   မည်သို့သော အမည်များပြောင်းလဲနေစေကာမူ  တိုင်းပြည်အတွက်သာအဓိကဖြစ်သည်။ မိမိနိုင်ငံ၊  မိမိလူမျိုးတိုးတက်ကြီးပွားရေးအတွက် စစ်ရေးဆိုင်ရာကိစ္စရပ်များတွင်  အောင်မြင်အောင်ကြိုးစားသည်။ မည်သည့်အခက်အခဲကိုမဆို  ရင်ဆိုင်ကျော်လွှားခဲ့သည်။

ဖက်ဆစ်တော်လှန်ရေးကာလသည် အလွန်ပင် ကြမ်းတမ်းခက်ခဲလှသည့်   ကာလဖြစ်သည်။

တပ်မတော်သားများ၊   ပြည်သူများကြုံတွေ့ရသော အခက်အခဲများမှာ ပင်လယ်သမုဒ္ဒရာရေပြင်အဝှမ်းထက်ပင်   များပြားလှသည်ဟုဆိုနိုင်သည်။

ထို့ကြောင့် ဖက်ဆစ်တော်လှန်ရေးကြီး အောင်မြင်ခဲ့သည်။ တပ်မတော်သားတို့၏ စစ်ရေးစွမ်းအားမှာလည်းမြင့်မားခဲ့သည်။ မတ်လ ၂၇   ရက်မှစပြီးတပ်မတော်သည်   မည်သူ၏လက်အောက်ခံမှမဟုတ်ဘဲ မိမိတို့ဘာသာကိုယ်ပိုင် ရပ်တည်နိုင်သည့် တပ်မတော်ဖြစ်သည့်အတွက် ထိုနေ့ကိုတပ်မတော်နေ့ဟု သတ်မှတ်ခဲ့သည်။ တပ်မတော် အနေဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်ရမည်မှာ သမိုင်းပေးတာဝန်ဖြစ်သည်။ ထို့ကြောင့် ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်တွင် တပ်မတော်(လေ)  ကိုလည်းကောင်း၊  ဒီဇင်ဘာလ  ၂၄  ရက်တွင်  တပ်မတော်(ရေ)ကို လည်းကောင်း စတင်ဖွင့်လှစ်ခဲ့သည်။

Description: C:\Users\TinTunAung\Desktop\25-3-2025\253  ACP 04.jpg

Description: C:\Users\TinTunAung\Desktop\25-3-2025\253  ACP 05.jpg

ကမ္ဘာ့သမိုင်းတွင်  ဒုတိယကမ္ဘာစစ်ကြီးသည် ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၁ ရက်မှ ၁၉၄၅ ခုနှစ်   စက်တင်ဘာလ  ၂  ရက်အထိဖြစ်ပွားခဲ့သည်။ တပ်မတော်အနေဖြင့် ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲခဲ့သည့် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်မှာ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားဆဲ ကာလဖြစ်သည်။  ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသောအခါ မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ တစ်ကျော့ပြန်သိမ်းပိုက်သည်။ မျိုးချစ်ဗမာ့တပ်မတော်ကို ဖျက်သိမ်းရန်တိုက်တွန်းခဲ့သည်။ မျိုးချစ်ဗမာ့တပ်မတော်ကလည်း  မြန်မာပြည်ကို  လွတ်လပ်ရေးမပေးဘဲ မျိုးချစ်ဗမာ့တပ်မတော်ကို   ဖျက်သိမ်းခဲ့လျှင် ပြန်လည်တိုက်ခိုက်ရန်   ရည်ရွယ်ထားပြီးဖြစ်သည်။ 

အင်္ဂလိပ်တို့အနေဖြင့်  မျိုးချစ်ဗမာ့တပ်မတော်ကို မဖျက်သိမ်းရဲတော့ဘဲ ကန္ဒီစာချုပ်ချုပ်ဆိုကာ အရာရှိ  ၂၀၀၊ တပ်သား ၅၂၀၀ နှင့်ဗမာ့တပ်မတော်အသစ်ကို  ပြန်လည်ဖွဲ့စည်းရန် သဘောတူခဲ့ကြရသည်။ လွတ်လပ်ရေးရယူရန် ဖွဲ့စည်းထူထောင်ခဲ့သော တပ်မတော်သည် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်  ဖွဲ့စည်းထူထောင်ပေါ်ပေါက်လာသော  ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် အတူ တပ်မတော်(ကြည်း၊ ရေ၊ လေ) တည်းဟူသော အင်အားကြီးတစ်ရပ်ကို တရားဝင်ဖွဲ့စည်းနိုင်ခဲ့သည်။  

မြန်မာနိုင်ငံသည်  ၁၉၄၈  ခုနှစ်  ဇန်နဝါရီလ ၄  ရက်တွင် လွတ်လပ်ရေးရရှိခဲ့သည်။ ဤသည်ကား လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ   ပေါ်ပေါက်လာသည့်  တပ်မတော်၏ သမိုင်းအကျဉ်းချုပ်ပင်ဖြစ်ပါတော့သတည်း။   ။

ပင်လယ်ပြင်မှ ကာဗွန်စုပ်ယူမယ့် ဗြိတိန်

News Image

ပင်လယ်ပြင်မှ ကာဗွန်စုပ်ယူမယ့် ဗြိတိန်

ပင်လယ်ပြင်ဆိုတာ ကမ္ဘာပေါ်မှာ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို အများဆုံး စုပ်ယူပေးနေတာဖြစ်ပါတယ်။ အခု ဗြိတိန်အစိုးရရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ SeaCURE လို့ခေါ်တဲ့ အစီအစဉ်တစ်ခုကို စတင်လိုက်ပါတယ်။ ဒီအစီအစဉ်ရဲ့အဓိက ရည်ရွယ်ချက်က  ရာသီဥတုပြောင်းလဲမှု ကိုတိုက်ဖျက်ဖို့အတွက် နည်းပညာကို ရှာဖွေဖော်ထုတ်ခြင်း ဖြစ်ပါတယ်။ ဒီအစီအစဉ်ကနေ လုပ်ဆောင်သွားမယ့်အရာက ပင်လယ်ပြင်ထဲကနေ ကာဗွန်တွေကိုစုပ်ယူခြင်းပါပဲ။