Victory Day တွင် ရှီကျင့်ဖျင်က Hongqi N710 မော်တော်ယာဉ် အသုံးပြုမည်

News Image

  • Victory Day တွင် ရှီကျင့်ဖျင်က Hongqi N710 မော်တော်ယာဉ် အသုံးပြုမည်

မေလ ၉ ရက်တွင် မော်စကိုမြို့၌ ကျင်းပမည့် Victory Day နှစ် (၈၀) ပြည့် အခမ်းအနားသို့ တက်ရောက်မည့် တရုတ်သမ္မတရှီကျင့်ဖျင်သည် အဆိုပါ ခရီးစဉ်အတွင်း Hongqi N710 မော်တော်ယာဉ်ကို အသုံးပြုမည် ဖြစ်ကြောင်း သိရပါသည်။

TASS သတင်းဌာန၏ ရရှိထားသော သတင်းအချက်အလက်များအရ Hongqi ကုမ္ပဏီသည် အဆိုပါ ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ နှစ် (၈၀) ပြည့် အခမ်းအနားတွင် အသုံးပြုရန် Hongqi H9 အဆင့်မြင့်မော်တော်ယာဉ် အစီး (၂၀) နှင့် Hongqi H10 လုပ်ငန်းသုံးမီနီဗင် ၁၀ စီး ပေးအပ်မည် ဖြစ်ပါသည်။

Hongqi ဆိုသည်မှာ “အနီရောင်အလံ” ဟု အဓိပ္ပာယ်ရပြီး တရုတ်နိုင်ငံ၏ အထင်ကရ Luxury car brand ဖြစ်ပါသည်။ Hongqi N710 မော်တော်ယာဉ်မှာ တရုတ်နိုင်ငံ၏ နိုင်ငံတော်အကြီးအကဲအဆင့် စီးနင်းရန် အထူးထုတ်လုပ်ထားသော Limousine ကားအမျိုးအစား ဖြစ်ပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃