ဂါဇာအပစ်အခတ်ရပ်စဲရေး အစီအစဉ်သစ်အတွက် ဆွေးနွေးရန် ဟားမက် ကိုယ်စားလှယ်အဖွဲ့ ကိုင်ရိုသို့ ရောက်ရှိ
News Image

ဟားမက်အဖွဲ့အကြီးအကဲ ခါလီ အယ်လ်-ဟေယာ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် ရေရှည်အပစ်အခတ်ရပ်စဲရေးအတွက် အီဂျစ်နိုင်ငံ၏ အဆိုပြုချက်သစ်နှင့်စပ်လျဉ်း၍ ဆွေးနွေးရန် ကိုင်ရိုမြို့သို့ ရောက်ရှိလာခဲ့ကြောင်း အီဂျစ် သတင်းရင်းမြစ် တစ်ဦးက ဧပြီ ၂၂ ရက်တွင် ဆင်ဟွာသို့ ပြောကြား ခဲ့သည်။ “အီဂျစ်နိုင်ငံ၏ အစီအစဉ်ကတော့ ငါးနှစ်ကနေ ခုနစ်နှစ်အထိ အပစ်အခတ်ရပ်စဲရေး၊ အစ္စရေးဓားစာခံများနှင့် ပါလက်စတိုင်း အကျဉ်းသား များ အပြည့်အဝလဲလှယ်ရေး၊ ဂါဇာဒေသဆီ လူသားချင်းစာနာမှု အကူအညီ ပေးပို့နိုင်ရေး၊ ဂါဇာဒေသကနေ အစ္စရေးတပ်များ လုံးလုံးလျားလျား ဆုတ်ခွာရေး စသည့်အချက်များကို