အမေရိကန်-ယူကရိန်း သတ္တုတွင်းထွက်ဆိုင်ရာ သဘောတူညီချက် ဧပြီ ၂၄ လက်မှတ်ရေးထိုးမည်ဟု ထရမ့်ပြောကြား

News Image

အမေရိကန်-ယူကရိန်း သတ္တုတွင်းထွက်ဆိုင်ရာ သဘောတူညီချက် ဧပြီ ၂၄ လက်မှတ်ရေးထိုးမည်ဟု ထရမ့်ပြောကြား

အမေရိကန်နှင့် ယူကရိန်းတို့အကြား ယူကရိန်းရှိ သတ္တုတွင်းထွက်ဆိုင်ရာ သဘောတူညီချက်ကို လာမည့် ဧပြီ ၂၄ ရက်တွင် လက်မှတ်ရေးထိုးရန် ခန့်မှန်းထားကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အိမ်ဖြူတော်ရှိ သတင်းထောက်များအား ပြောကြားလိုက်ပါသည်။

ယူကရိန်း၏ သတ္တုတွင်းထွက်ဆိုင်ရာစာချုပ်ကို ယခုအပတ်အတွင်း လက်မှတ်ရေးထိုးမည်ဟု သတင်းထွက်ပေါ်နေကြောင်း အစီအစဉ် ရှိ၊ မရှိ သတင်း ထောက်တစ်ဦးမေးမြန်းချက်အပေါ် အမေရိကန်သမ္မတက ယင်းသို့ ဖြေကြားလိုက်ခြင်းဖြစ်ပါသည်။

ကိုးကား -TASS

ယူကရိန်းက ဂျာမနီ၏တောရစ်ခရူးစ်ဒုံးကျည် အသုံးပြုလာက တုံ့ပြန်ရန် အသင့်ရှိကြောင်း ရုရှားခြိမ်းခြောက်

News Image

ယူကရိန်းက ဂျာမနီ၏တောရစ်ခရူးစ်ဒုံးကျည် အသုံးပြုလာက တုံ့ပြန်ရန် အသင့်ရှိကြောင်း ရုရှားခြိမ်းခြောက်

ယူကရိန်းအနေဖြင့် ဂျာမနီမှ ထောက်ပံ့သော တောရစ်ခရူးစ် ဒုံးကျည်များဖြင့် ရုရှားနယ်မြေထဲသို့ တိုက်ခိုက်မည်ဆိုပါက ထိုလုပ်ရပ်မှာ ဂျာမနီ ၏ သိသာထင်ရှားသော ပဋိပက္ခတွင်း တိုက်ရိုက်ပါဝင်မှုအဖြစ် သတ်မှတ် မည်ဖြစ်ပြီး တုံ့ပြန်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မာရီယာဇာခါရိုဗာက သတိပေးလိုက်ပါသည်။

ယူကရိန်းအတွက် စစ်ရေးအကူအညီအသစ်ကို ဂျာမနီအစိုးရ ကြေညာ

News Image

ယူကရိန်းအတွက် စစ်ရေးအကူအညီအသစ်ကို ဂျာမနီအစိုးရ ကြေညာ

သံချပ်ကာယာဉ်များ၊ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များ၊ ဟောင်ဝစ်ဇာအမြောက်များနှင့် အခြားစစ်လက်နက်ပစ္စည်းများအပါအဝင် ယူကရိန်းအတွက် စစ်ရေးအကူအညီအသစ်များကို ဂျာမနီအစိုးရက ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရပါသည်။

အမေရိကန်ဒုတိယသမ္မတ JD ဗန့်စ်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ ကုန်သွယ်ရေးသဘောတူညီချက်ဆွေးနွေး

News Image

အမေရိကန်ဒုတိယသမ္မတ JD ဗန့်စ်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ ကုန်သွယ်ရေးသဘောတူညီချက်ဆွေးနွေး

အမေရိကန်ဒုတိယသမ္မတ JD ဗန့်စ် သည် တနင်္လာနေ့ (ဧပြီ ၂၁) တွင် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ နှင့် နယူးဒေလီ၌ တွေ့ဆုံကာ နှစ်နိုင်ငံကြားနှစ်ဖက်အကျိုးပြု ကုန်သွယ်ရေးသဘောတူညီချက် တိုးတက်မှုများကို ဆွေးနွေးခဲ့သည်။ အဆိုပါဆွေးနွေးပွဲသည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ယခုလအစောပိုင်းတွင် ကြေညာခဲ့သည့် အကောက်ခွန် အသစ်များအား ရက် ၉၀ ရွှေ့ဆိုင်းထားသည့် ကာလအတွင်း ကျင်းပခြင်း ဖြစ်သည်။

အိန္ဒိယဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ ဆွေးနွေးပွဲတွင် ကုန်သွယ်ရေး၊ နည်းပညာနှင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုများကို အဓိကထား ဆွေးနွေးခဲ့သည်။