ဂါဇာစစ်မြေပြင်၌ အစ္စရေးက လူမဲ့ဘူဒိုဇာများကို အမြောက်အမြားအသုံးပြုနေ

News Image

ဂါဇာစစ်မြေပြင်၌ အစ္စရေးက လူမဲ့ဘူဒိုဇာများကို အမြောက်အမြားအသုံးပြုနေ

အစ္စရေးတပ်မတော်က ဂါဇာစစ်မြေပြင်၌ လူမဲ့ဘူဒိုဇာများကို အမြောက်အမြား အသုံးပြုလျက်ရှိကြောင်း သိရသည်။ ထိုဘူဒိုဇာများကို စစ်သည်များကအဝေးတစ်နေရာမှထိန်းချုပ်နေခြင်းဖြစ်သည်။ ရော့ ဒိုဇာဟုအမည်ပေးထားသည့် D9 အမျိုးအစား လူမဲ့ဘူဒိုဇာများက အလိုအလျောက် တိုက်ခိုက်မှုလုပ်ဆောင်မည့်   အနာဂတ်စစ်ပွဲအတွက် ရှေ့ပြေးပုံစံဖြစ်ကြောင်း စစ်ဘက်အင်ဂျင်နီယာများနှင့် ကျွမ်းကျင်သူများကပြောသည်။

ထရမ့်၏ ရွှေကွန်ချာကို အကောင်အထည်ဖော်ရေး SpaceX ကဦးဆောင်နေ

News Image

ထရမ့်၏ ရွှေကွန်ချာကို အကောင်အထည်ဖော်ရေး SpaceX ကဦးဆောင်နေ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရွှေကွန်ချာဟု အမည်ပေးထားသော အဆင့်မြင့်လေကြောင်းရန် ကာကွယ်ရေးစနစ်ကို အကောင်အထည်ဖော်ရန် အီလွန်မက်၏ SpaceX ကုမ္ပဏီက ဦးဆောင်နေကြောင်း အတွင်းသတင်းများအရ သိရသည်။

ထရမ့်သည် အစ္စရေးနိုင်ငံ၏ သံကွန်ချာအမည်ရှိ လေကြောင်းရန် ကာကွယ်ရေးစနစ်ကဲ့သို့ ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဖန်တီးရန် ဇန်နဝါရီလတွင် လက်မှတ်ထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ပထမဆုံး လူတူစက်ရုပ်မာရသွန် အပြေးပြိုင်ပွဲတွင် တရုတ်နိုင်ငံထုတ် လူတူစက်ရုပ်က အနိုင်ရ

News Image

ကမ္ဘာ့ပထမဆုံး လူတူစက်ရုပ်မာရသွန် အပြေးပြိုင်ပွဲတွင် တရုတ်နိုင်ငံထုတ် လူတူစက်ရုပ်က အနိုင်ရ

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဧပြီလ ၁၉ ရက်နံနက်ပိုင်းက ကျင်းပသည့် ကမ္ဘာ့ပထမဆုံး လူတူစက်ရုပ်မာရသွန် အပြေးပြိုင်ပွဲတွင် တရုတ်နိုင်ငံထုတ် လူတူစက်ရုပ်က အနိုင်ရရှိသွားကြောင်း သိရသည်။

တရုတ်အစိုးရနှင့်ပြည်တွင်း ကုမ္ပဏီတို့ ပူးပေါင်းထားသည့် အေအိုင်နည်းပညာသုံး စက်ရုပ်တီထွင် ဆန်းသစ်မှုစင်တာက ဖန်တီးထုတ်လုပ်ထားသော ထျန်းကုန်းအာထရာအမည်ရှိ စက်ရုပ်က ၂၁ ကီလိုမီတာ အကွာအဝေးကို ပြေးပြီးနောက် အချိန် ၂ နာရီ မိနစ် ၄၀ ခန့်တွင် ပထမဆုံးပန်းဝင်လာခြင်းဖြစ်သည်။

ရုရှားက ယူကရိန်း၏ စစ်ဘက်စက်မှုလုပ်ငန်းနေရာများကို ပစ်မှတ်ထားတိုက်ခိုက်မှုကြီးများ ပြုလုပ်ဟုဆို

News Image

ရုရှားက ယူကရိန်း၏ စစ်ဘက်စက်မှုလုပ်ငန်းနေရာများကို ပစ်မှတ်ထားတိုက်ခိုက်မှုကြီးများ ပြုလုပ်ဟုဆို

ရုရှားတပ်မတော်က ယူကရိန်းနိုင်ငံရှိ စစ်ဘက်စက်မှုလုပ်ငန်းနေရာများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုကြီးများ ပြုလုပ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပုံမှန်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒရုန်းများ၊ တိကျပဲ့ထိန်းဒုံးကျည်များကို အသုံးပြုသည့် အဆိုပါ တိုက်ခိုက်မှုကို ဧပြီ လ ၁၈ ရက်နံနက် အစောပိုင်းတွင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် ယူကရိန်းတပ်မတော်၏ ဒရုန်းထုတ်လုပ်ရေး စက်ရုံနေရာကို တိုက်ခိုက်ခြင်းဖြစ်ကြောင်းနှင့် ထိုတိုက်ခိုက်မှုသည် အောင်မြင်မှုရရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။