သမ္မတ ထရမ့် အပေါ်ထောက်ခံမှု ကျဆင်းနေကြောင်း လူထု စစ်တမ်းတွင် ပြသ
News Image

အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရမ့် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်မှာ တနင်္ဂနွေနေ့ (ဧပြီ ၂၀) တွင် ၃ လ ပြည့်ပြီဖြစ်ပါသည်။ ၎င်း၏မူဝါဒ များသည် ပြည်တွင်းစီးပွားရေးကို အပျက်သဘောဆောင်သည့်သက်ရောက်မှုရှိနိုင်သည်ဆိုသည့် စိုးရိမ်မှုများ ဖြစ်ပေါ်နေသည့်အချိန် လတ်တလော ကောက်ယူခဲ့သော စစ်တမ်းများတွင် ၎င်းအပေါ် ထောက်ခံမှု နှုန်း ကျဆင်းသွားခြင်းကို ပြသနေပါသည်။
ထရမ့် တက်လာပြီးနောက်ပိုင်း ကုန်သွယ်မှုလိုငွေပြမှုကို လျှော့ချရန်နှင့် အခြားပြည်တွင်းပြဿနာများကို ဖြေရှင်းရန်ရည်ရွယ်သည့် အခွန် စည်းကြပ်မှု အစီအမံများကို ဆက်တိုက်လုပ်ဆောင်ခဲ့သည်။