အိန္ဒိယက ရုရှားနှင့်ပူးပေါင်း၍ အသံထက်မြန်သော ခရုဇ်ဒုံး ထုတ်လုပ်သည့် စက်ရုံဖွင့်လှစ်

News Image

  • အိန္ဒိယက ရုရှားနှင့်ပူးပေါင်း၍ အသံထက်မြန်သော ခရုဇ်ဒုံး ထုတ်လုပ်သည့် စက်ရုံဖွင့်လှစ်

အိန္ဒိယနိုင်ငံ မြောက်ပိုင်း အက်တာပရာဒေ့ရှ် ပြည်နယ်တွင် ဘရာမို အသံ ထက်မြန်သော ခရုဇ်ဒုံးကျည် ထုတ်လုပ်ရေးစက်ရုံကို ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြား ခဲ့ပါသည်။ ကာကွယ်ရေးဝန်ကြီး ရာဇနတ်သ်ဆင်းဂ်က ဖွင့်လှစ်လိုက်သည့် အဆိုပါစက်ရုံသည် အကွာအဝေး ၂၉၀ - ၄၀၀ ကီလိုမီတာနှင့် အမြန်နှုန်း မက်ချ် ၂.၈ အထိရှိသည့် ကမ္ဘာ့အမြန်ဆုံး အသံထက်မြန်သော ခရုဇ် ဒုံးကျည်များ ထုတ်လုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်၊၊

ဘရာမို အာကာသသိပ္ပံ သည် ၂၀၀၅ ခုနှစ်တွင် စတင်ခဲ့သော အိန္ဒိယ - ရုရှား ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်ပြီး အိန္ဒိယရှိ ဗြဟ္မပုတ္တရမြစ်နှင့် ရုရှားရှိ မိုစကာဗာမြစ်များကို အစွဲပြု၍ အမည်ပေးထားခြင်းဖြစ်သည်။ အိန္ဒိယ၏ ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သည် ကုမ္ပဏီတွင် ရှယ်ယာ ၅၀.၅% ရှိပြီး ရုရှား မှ ၄၉.၅% ပိုင်ဆိုင်ထားသည်။ ဒုံးပျံများ စမ်းသပ်ခြင်းနှင့် တပ်ဆင်ခြင်းအတွက် အဆိုပါစက်ရုံသည် အရေးကြီးကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ကာကွယ်ရေးဆိုင်ရာ ထုတ်ကုန်များကို စမ်းသပ်ရန်နှင့် အသိအမှတ်ပြုရန်အတွက် ယူနစ်တွင်တီထွင်မည့် ကာကွယ်ရေးစမ်းသက်မှု အခြေခံအဆောက်အအုံ ယူနစ် (DTIS) အတွက် အုတ်မြစ်ချခြင်းကိုလည်း တွေ့မြင်ခဲ့ရပါသည်။ လက်ခ်နောင်းရှိ ဘရာမို ထုတ်လုပ်မှုယူနစ်အား ဒေါ်လာ ၃၅ သန်း အကုန်အကျခံ တည်ဆောက်ခဲ့ပြီး သုံးနှစ်ခွဲအတွင်း ပြီးစီးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ ပါသည်။ အိန္ဒိယစစ်တပ်မှ ထုတ်လုပ်ပြီး ခရုဇ် ဒုံး ၂၅၀ ကို ဝယ်ယူပြီး ကြောင်းလည်း သိရပါသည်။ 

ဘရာမို ဒုံးကျည်သည် အိန္ဒိယစစ်တပ် လက်နက်တိုက်၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီး ၎င်းသည် မြေပြင်ပစ်မှတ်များကို တိကျ သေချာသော တာဝေးပစ်တိုက်ခိုက်မှုများအတွက် ဒီဇိုင်းထုတ်ထားပြီး ကုန်းမြေ၊ ပင်လယ်နှင့် ရေအောက် ခြိမ်းခြောက်မှုများကို ထိတွေ့ကိုင်တွယ်နိုင်မည်ဖြစ်သည်။

ကိုးကား- MNP