ရုရှားကာကွယ်ရေးလုပ်ငန်းကြီးက လေဆာစနစ်တပ်ဆင်ထားသော စက်ရုပ်ကို ထုတ်ဖော်ပြသ

News Image

ရုရှားကာကွယ်ရေးလုပ်ငန်းကြီးက လေဆာစနစ်တပ်ဆင်ထားသော စက်ရုပ်ကို ထုတ်ဖော်ပြသ

ရုရှားနိုင်ငံပိုင် ကာကွယ်ရေးလုပ်ငန်းအဖွဲ့ကြီး Rostec က အလွန် အားကောင်းသော လေဆာရောင်ခြည်ကိုအသုံးပြု၍ မပေါက်ကွဲသေးသောခဲယမ်းများကို ဖျက်ဆီးရန်အတွက် အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်မောင်းနှင်နိုင်သည့် စက်ရုပ်၏ရှေ့ပြေးပုံစံကို ထုတ်ဖော်ပြသခဲ့သည်။ အဆိုပါ စနစ်ကို ရုရှား၏ Tula ဒေသ၌ ကျင်းပသော စက်မှုအင်ဂျင်နီယာပြပွဲတွင် ပြသခဲ့ပြီး Rostec မှ အင်္ဂါနေ့ (ဇွန် ၂၄) တွင် အသေးစိတ်ဖော်ပြ မိတ်ဆက်ခဲ့သည်။

TikTok သည် ကင်ညာနိုင်ငံတွင် သတင်းမှားများဖြန့်ဝေသည့် ထိပ်တန်း ပလက်ဖောင်းအဖြစ် သတ်မှတ်ခြင်းခံရ

News Image

TikTok သည် ကင်ညာနိုင်ငံတွင် သတင်းမှားများဖြန့်ဝေသည့် ထိပ်တန်း ပလက်ဖောင်းအဖြစ် သတ်မှတ်ခြင်းခံရ

TikTok သည် ကင်ညာနိုင်ငံတွင် မှားယွင်းသော သို့မဟုတ် လှည့်ဖြားသော အကြောင်းအရာများ ဖြန့်ဝေသည့် အဓိကရင်းမြစ်အဖြစ် ရပ်တည် နေကြောင်း တနင်္လာနေ့ (ဇွန် ၂၃) တွင် ထုတ်ပြန်ခဲ့သည့် Reuters Institute Digital News Report 2025 တွင် ဖော်ပြထားသည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီမှ မေလအတွင်း အွန်လိုင်းမှတစ်ဆင့် ကင်ညာ နိုင်ငံသား ၂,၀၀၇ ဦးအား ပြုလုပ်ခဲ့သည့် အဆိုပါသုတေသနတွင် ၂၀၂၇ ခုနှစ်တွင်ကျင်းပမည့် သမ္မတရွေးကောက်ပွဲမတိုင်မီ လူမှုမီဒီယာ၏ အခန်း ကဏ္ဍ တိုးမြင့်လာနေသည့်အခြေအနေကို မီးမောင်းထိုးပြထားသည်။

ရုရှားမှ တရုတ်သို့ လျှပ်စစ်ဓာတ်အား ပေးဝေမှု ၄၄ ရာခိုင်နှုန်း ကျဆင်း

News Image

ရုရှားမှ တရုတ်သို့ လျှပ်စစ်ဓာတ်အား ပေးဝေမှု ၄၄ ရာခိုင်နှုန်း ကျဆင်း

ရုရှား၏ နိုင်ငံပိုင် လျှပ်စစ်ဓာတ်အားတင်ပို့ရေးကုမ္ပဏီ Inter RAO ၏ ခန့်မှန်းချက်အရ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း တရုတ်သို့ လျှပ်စစ် ဓာတ်အား တင်ပို့မှုမှာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ကြီးမားစွာ ကျဆင်း သွားခဲ့သည်။ အဆိုပါကျဆင်းမှုသည် ရုရှား၏အရှေ့ဖျားဒေသတွင် လျှပ်စစ် အသုံးပြုမှု တိုးမြင့်လာခြင်းကြောင့် ပြည်တွင်း လိုအပ်ချက်များအတွက် ကန့်သတ်မှုများ ချမှတ်ရခြင်းနှင့် ဆက်စပ်နေသည်။

NATO အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များသည် အရေးပါသော ထိပ်သီး အစည်းအဝေးတွင် ဇီလန်စကီးအား လျစ်လျူရှုခဲ့ကြသည်ဟု အော်ဘန်ဆို

News Image

NATO အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များသည် အရေးပါသော ထိပ်သီး အစည်းအဝေးတွင် ဇီလန်စကီးအား လျစ်လျူရှုခဲ့ကြသည်ဟု အော်ဘန်ဆို

ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်က အမေရိကန်အပါအဝင် NATO အဖွဲ့ဝင်အချို့နိုင်ငံများသည် နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့တွင် ကျင်းပလျက်ရှိသည့် အရေးပါသော ထိပ်သီးအစည်းအဝေးတွင် ယူကရိန်း ခေါင်းဆောင် ဗလာဒီမီယာ ဇီလန်စကီးနှင့် တွေ့ဆုံရန် တမင်တကာ ရှောင်ဖယ်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။