မော်စကိုက ကိယက်ဗ် နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ယာယီရပ်ဆိုင်းထား

News Image

မော်စကိုက ကိယက်ဗ် နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ယာယီရပ်ဆိုင်းထား

မော်စကိုနှင့် ကိယက်ဗ်တို့သည် လက်ရှိအချိန်တွင် ယခင်သဘောတူညီချက်များ၏ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အစိတ်အပိုင်းကို အပြည့်အဝအကောင်အထည်ဖော်ရန် ကြိုးပမ်းနေသောကြောင့် ၎င်းတို့၏ ငြိမ်းချမ်းရေးလမ်းညွှန်ချက်များနှင့်ပတ်သက်၍ လက်ရှိတွင် ညှိနှိုင်းဆွေးနွေးမှုများ မရှိသေးကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ပြောကြားခဲ့သည်။

နေတိုးထိပ်သီးအစည်းအဝေးတွင် ဒတ်ချ်ဘုရင်မ မက်ဆီမား၏ စိမ်းလန်း တောက်ပသော ဝတ်စုံနှင့် အပြုံးများက ကမ္ဘာ့ခေါင်းဆောင်များအား ဆွဲဆောင်နိုင်ခဲ့

News Image

နေတိုးထိပ်သီးအစည်းအဝေးတွင် ဒတ်ချ်ဘုရင်မ မက်ဆီမား၏ စိမ်းလန်း တောက်ပသော ဝတ်စုံနှင့် အပြုံးများက ကမ္ဘာ့ခေါင်းဆောင်များအား ဆွဲဆောင်နိုင်ခဲ့

ဒတ်ချ်ဘုရင် ဝီလီယမ်-အလက်ဇန်းဒါးနှင့် ဘုရင်မ မက်ဆီမားတို့သည် ယနေ့ဟိတ်မြို့တွင် ကျင်းပသည့် နေတိုးထိပ်သီးအစည်းအဝေးသို့ နိုင်ငံ ပေါင်း ၃၂ နိုင်ငံမှ ခေါင်းဆောင်များအား ရိုးရာဓလေ့အရ ကြိုဆိုခဲ့သည်။

NYPost သတင်းစာက ၅၄ နှစ်အရွယ် ဘုရင်မ မက်ဆီမားအား အစိမ်းရောင် ဝတ်စုံနှင့် တောက်ပသော အပြုံးတို့ဖြင့် "ကမ္ဘာ့အစွမ်းထက်ဆုံး ခေါင်းဆောင် အချို့ထက် ပိုမိုထင်ရှားစေခဲ့သည်" ဟု မှတ်ချက်ပြုခဲ့သည်။

အစ္စရေးကာကွယ်ရေးဝန်ကြီးက အီရန်ဗဟိုဘဏ်ကို အကြမ်းဖက် အဖွဲ့ အစည်းအဖြစ် သတ်မှတ်

News Image

အစ္စရေးကာကွယ်ရေးဝန်ကြီးက အီရန်ဗဟိုဘဏ်ကို အကြမ်းဖက် အဖွဲ့ အစည်းအဖြစ် သတ်မှတ်

အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က အီရန်ဗဟိုဘဏ်နှင့် အခြားအဖွဲ့အစည်းများကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်သည့် အမိန့်ကို လက်မှတ်ရေးထိုးခဲ့သည်။

အစ္စရေးထောက်လှမ်းရေးဌာန၏ တောင်းဆိုချက်အရ ကတ်ဇ်က အခြား အီရန်ဘဏ်နှစ်ခု၊ အီရန်လက်နက်ကိုင်တပ်ဖွဲ့များနှင့် ချိတ်ဆက်နေသည့် ကုမ္ပဏီတစ်ခုနှင့် ၎င်း၏ အကြီးတန်းအရာရှိသုံးဦးကိုလည်း အကြမ်းဖက် အဖွဲ့များနှင့် အကြမ်းဖက်လုပ်ဆောင်သူများအဖြစ် သတ်မှတ်ခဲ့သည်။

အီရန်နိုင်ငံသည် အဏုမြူလက်နက်မပြန့်ပွားရေး အဓိကစာချုပ်မှ နုတ်ထွက်ရန် ပြန်လည်စဉ်းစားနိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ပြောကြား

News Image

အီရန်နိုင်ငံသည် အဏုမြူလက်နက်မပြန့်ပွားရေး အဓိကစာချုပ်မှ နုတ်ထွက်ရန် ပြန်လည်စဉ်းစားနိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ပြောကြား

အီရန်၏နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက အမေရိကန်နှင့် အစ္စရေးတို့၏ အဏုမြူစက်ရုံများကို တိုက်ခိုက်မှုများနောက်ပိုင်းတွင် အဏုမြူလက်နက်မပြန့်ပွားရေး အဓိကစာချုပ် (NPT) အဖွဲ့ဝင်အဖြစ်မှ ပြန်လည်စဉ်းစားနိုင်ကြောင်း အရိပ်အမြွက် ပြောကြားလိုက်သည်။

“မိမိတို့၏အဏုမြူစက်ရုံများကို တိုက်ခိုက်မှုသည် အီရန်၏ အနာဂတ်လမ်းကြောင်းအပေါ် ကြီးမားသောသက်ရောက်မှုရှိမည်” ဟု ၎င်းက ကာတာသတင်းဌာန Al Araby Al Jadeed သို့ ပြောကြားခဲ့သည်။