တရုတ်လူမျိုး ပါရာဂလိုက်ဒါတစ်ဦး အောက်ဆီဂျင်မပါဘဲ မိုးကုပ် စက်ဝိုင်း နီးပါးအထိ မတော်တဆ ပျံတက်သွားခဲ့သော်လည်း အသက်ဘေးမှ လွတ်မြောက်

News Image

  • တရုတ်လူမျိုး ပါရာဂလိုက်ဒါတစ်ဦး အောက်ဆီဂျင်မပါဘဲ မိုးကုပ် စက်ဝိုင်း နီးပါးအထိ မတော်တဆ ပျံတက်သွားခဲ့သော်လည်း အသက်ဘေးမှ လွတ်မြောက်

တရုတ်ပါရာဂလိုက်ဒါ ပန်းယူကျန့် သည် စနေနေ့ (မေ ၂၄) က ကီလီယန်း (Qilian)တောင်တန်း (Gansu ပြည်နယ်) အထက် ရုတ်တရက် ပြင်းထန်သော လေပြင်းတိုက်ခတ်မှုကြောင့် မိုးကုပ်စက်ဝိုင်းနီးပါးအထိ မတော်တဆ ပျံတက်သွားခဲ့သော်လည်း အသက်ဘေးမှ လွတ်မြောက်ကာ ကံကောင်းစွာ မြေပြင်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

သတင်းများအရ ၎င်းသည် အောက်ဆီဂျင်မပါဘဲ ၈,၅၉၈ မီတာ (ပေ ၂၈,၂၀၈ ခန့်) အမြင့်အထိ ပျံသန်းခဲ့ရသည်။ တရုတ်အစိုးရမီဒီယာများမှ ဖြန့်ဝေသည့် အပျော်တမ်းဗီဒီယိုတွင် ပန်းယူကျန့်၏ မျက်နှာနှင့် အဝတ်အစားများ ရေခဲများဖြင့် ဖုံးလွှမ်းနေပြီး တိမ်ထဲ၌ မျောပါနေပုံကို တွေ့ရသည်။

“ကျွန်တော်က အသုံးပြုပြီးသား ပါရာဂလိုက်ဒါ ခါးပတ်ကို ဝယ်ထားတော့ စမ်းကြည့်ချင်လို့ မြေပြင်မှာ ပါရာရှိတ်လှုပ်တဲ့ လေ့ကျင့်မှုလုပ်နေတာပါ။ ခဏကြာတော့ လေတွေရုတ်တရက် ပြင်းလာပြီး ကျွန်တော့်ကို လေထဲ ပင့်တင်သွားတယ်။ မြန်မြန်ဆန်ဆန် ဆင်းဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ဘူး” ဟု ပန်းယူကျန့်က တရုတ်အစိုးရရုပ်သံ CCTV သို့ အင်္ဂါနေ့ (မေ ၂၇) က ပြောကြားခဲ့သည်။

(မှတ်ချက် - ပါရာရှိတ်လှုပ်သည် ဆိုသည်မှာ ပါရာရှိတ်အိတ်ကို လေဖြင့် ဖောင်းစေရန် မြေပြင်မှ လှုပ်ခါသည့် အစပျိုးလေ့ကျင့်မှုကို ရည်ညွှန်းပါသည်။)

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂