Space-X ကုမ္ပဏီက Transporter-14 မစ်ရှင်ဖြင့် ဂြိုဟ်တုအစင်း ၇၀ ကို လွှတ်တင်ခဲ့
News Image

ဝါရှင်တန် ဇွန် ၂၄
အမေရိကန်နိုင်ငံ အခြေစိုက် Space- X ကုမ္ပဏီသည် Transporter-14 မစ်ရှင်ဖြင့် ဂြိုဟ်တု အမျိုးမျိုး အစင်း ၇ဝ ကို ဇွန် ၂၃ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
အထက်ပါဂြိုဟ်တုများ သယ်ဆောင်ထားသော ဖယ်လ်ကွန် ဒုံးပျံကို ကယ်လီဖိုးနီးယားပြည်နယ် ဗင်ဒန်ဘာ့ဂ် အာကာသစခန်း မှတစ်ဆင့် လွှတ်တင်ခဲ့သည်။ Transporter-14 မစ်ရှင်လွှတ်တင်ပြီး ၈ ဒသမ၅ မိနစ်အကြာတွင် ဖယ်လ်ကွန် ၉ ဒုံးပျံ၏ ပထမအဆင့် ပင်မဒုံးယာဉ်သည် ပစိဖိတ်သမုဒ္ဒရာအတွင်း စောင့်ဆိုင်းနေသည့် မောင်းသူမဲ့ တွဲရေယာဉ်ပေါ်သို့ အောင်မြင်စွာပြန်လည် ဆင်းသက်နိုင်ခဲ့သည်။