အီရန်က အစ္စရေးကို ပဲ့ထိန်းဒုံးကျည် အမြောက်အမြားဖြင့် တုံ့ပြန် တိုက်ခိုက်
News Image

အီရန်နိုင်ငံမှ သောကြာနေ့ (ဇွန် ၁၃) ညနေက အစ္စရေးကို လက်စားချေ တိုက်ခိုက်မှုများ စတင်ခဲ့ပြီး ဒုံးကျည်ပေါင်းရာနှင့်ချီ၍ ပစ်လွှတ် တိုက်ခိုက် ခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်။ အီရန်၏ အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကလည်း အဆိုပါ တိုက်ခိုက်မှုများကို အတည်ပြုခဲ့သည်။