အီရန်နှင့် အစ္စရေးတို့ကြား ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်ကြောင့် ရေနံစျေးနှုန်းများ ဆက်လက်ကျဆင်း

News Image

အီရန်နှင့် အစ္စရေးတို့ကြား ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်ကြောင့် ရေနံစျေးနှုန်းများ ဆက်လက်ကျဆင်း

အီရန်နှင့် အစ္စရေးတို့ကြား ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် ထွက်ပေါ်လာခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူများ၏ ရေနံသယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းပြတ်တောက်မည့်စိုးရိမ်မှုများ လျော့ပါးသွားကာ အင်္ဂါနေ့ (ဇွန် ၂၄) တွင် ဥရောပဈေးကွက်အတွင်း ရေနံစျေးနှုန်းများ ဆက်လက် ကျဆင်းသွားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံတွင် ပူပြင်းခြောက်သွေ့သည့်ကာလ တိုတောင်းနိုင်ကြောင်း အင်ဒိုနီးရှားမိုးလေဝသအေဂျင်စီ ထုတ်ပြန်

News Image

အင်ဒိုနီးရှားနိုင်ငံတွင် ပူပြင်းခြောက်သွေ့သည့်ကာလ တိုတောင်းနိုင်ကြောင်း အင်ဒိုနီးရှားမိုးလေဝသအေဂျင်စီ ထုတ်ပြန်

ဂျကာတာ ဇွန် ၂၄

အင်ဒိုနီးရှားနိုင်ငံတွင် နွေရာသီကာလအတွင်း ပူပြင်းခြောက်သွေ့သည့် ကာလရှည်ကြာလေ့ရှိသော်လည်း ယခုနှစ်အတွင်း ပူပြင်းခြောက်သွေ့သည့် ရာသီဥတုသည် ကာလတိုတောင်းနိုင်ကြောင်း အင်ဒိုနီးရှားမိုးလေဝသအေဂျင်စီက ထုတ်ပြန်ခဲ့သည်ဟု ယနေ့သတင်းများတွင် ဖော်ပြထားသည်။

ဧည့်သည်တစ်ဦး ဓာတ်ပုံရိုက်ရန် ဟန်ပြင်စဉ် Uffizi ပြတိုက်ရှိ ပန်းချီကားတစ်ချပ်ကို ပျက်စီးစေခဲ့

News Image

ဧည့်သည်တစ်ဦး ဓာတ်ပုံရိုက်ရန် ဟန်ပြင်စဉ် Uffizi ပြတိုက်ရှိ ပန်းချီကားတစ်ချပ်ကို ပျက်စီးစေခဲ့

ဧည့်သည်တစ်ဦးသည် ဖလောရင့်မြို့ရှိ Uffizi ပြတိုက်တွင် ၁၇ ရာစုက ရေးဆွဲထားသည့် ပန်းချီကားတစ်ချပ်ကို Selfie ဓာတ်ပုံရိုက်ရန် ဟန်ပြင်စဉ် နောက်ပြန်တိုက်မိပြီး ပျက်စီးစေခဲ့ကြောင်း ပြတိုက်၏ ထုတ်ပြန်ချက်ကို CNN က ဖော်ပြခဲ့သည်။

၎င်းဧည့်သည် သည် စနေနေ့ (ဇွန် ၂၁) က အဆိုပါကမ္ဘာကျော်ပြတိုက်သို့ လာရောက်လည်ပတ်စဉ် ပြတိုက်ရှိ ၁၆၉၅-၁၇၀၀ ခုနှစ်ဝန်းကျင်က Anton Domenico Gabbiani ရေးဆွဲခဲ့သော Tuscany မင်းသား Ferdinando de’ Medici ၏ ပုံတူကို မတော်တဆ ပျက်စီးစေခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ထရမ့်က Medvedev ၏ ဝေဖန်မှုကို ပြန်လည်တုံ့ပြန်

News Image

ထရမ့်က Medvedev ၏ ဝေဖန်မှုကို ပြန်လည်တုံ့ပြန်

အမေရိကန်သမ္မတ ထရမ့်က ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ Dmitry Medvedev အား နျူကလီးယားလက်နက်များအကြောင်း “လွယ်လွယ်ကူကူ” ပြောဆိုခြင်းကို တုံ့ပြန်သတိပေးခဲ့သည်။

ရုရှားသမ္မတဟောင်း Medvedev က အမည်မဖော်လိုသော နိုင်ငံအချို့သည် အီရန်အား အစုလိုက်အပြုံလိုက်ထိခိုက်ပျက်စီးစေနိုင်သော လက်နက်များ (WMD) ထောက်ပံ့ရန် အဆင်သင့်ဖြစ်နေကြောင်း ညွှန်းဆိုပြောဆိုခဲ့ပြီးနောက် ထရမ့်၏ ဝေဖန်မှုထွက်ပေါ်လာခြင်းဖြစ်သည်။