ပါပူဝါးနယူးဂီနီနိုင်ငံ နယူးဗြိတိန်ဒေသတွင် ပြင်းအား ၅ ဒသမ ၇ မဂ္ဂနီကျုရှိ ငလျင်လှုပ်ခတ်

News Image

ပါပူဝါးနယူးဂီနီနိုင်ငံ နယူးဗြိတိန်ဒေသတွင် ပြင်းအား ၅ ဒသမ ၇ မဂ္ဂနီကျုရှိ ငလျင်လှုပ်ခတ်

ပို့မော်ရက်စ်ဘီ ဇွန် ၂၄

ပါပူဝါးနယူးဂီနီနိုင်ငံ နယူးဗြိတိန်ဒေသတွင် ဇွန် ၂၃ ရက်က ပြင်းအား ၅ ဒသမ ၇ မဂ္ဂနီကျူရှိငလျင်လှုပ်ခတ်ခဲ့ကြောင်း ဥရောပ မြေထဲပင်လယ် ငလျင်တိုင်းတာ ရေးဌာန(EMSC)က ယနေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ငလျင်သည် ပါပူဝါးနယူးဂီနီနိုင်ငံ၏ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း EMSC က ထုတ်ပြန်ခဲ့သည်။

ပြင်သစ်နိုင်ငံသည် အစ္စရေးက အီရန်ရှိ အီဗင်ထောင်အပေါ် တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချ

News Image

ပြင်သစ်နိုင်ငံသည် အစ္စရေးက အီရန်ရှိ အီဗင်ထောင်အပေါ် တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချ

ပြင်သစ်နိုင်ငံသည် အစ္စရေးက အီရန်မြို့တော်ရှိ အီဗင်ထောင်ကို တနင်္လာနေ့ (ဇွန် ၂၃) က တိုက်ခိုက်မှုကြောင့် ၎င်းတို့နိုင်ငံသားများ အန္တရာယ် ကျရောက်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။

အီရန်အရာရှိများက ထောင်အချို့အစိတ်အပိုင်းများ ပျက်စီးခဲ့ကြောင်း ပြောကြားခဲ့ပြီး လူမှုကွန်ရက်ပေါ်တွင် မျှဝေနေသည့် ဗီဒီယိုတစ်ခုတွင် ထောင်ရှိ အရှေ့ဘက်မုဒ်ဝကို ပစ်မှတ်ထားတိုက်ခိုက်ထားသည်ကို တွေ့မြင် ရသည်။

မက္ကဆီကိုနိုင်ငံတွင် ဇွန်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးခေါင်မှု ၁၃ ရာခိုင်နှုန်းကျဆင်း

News Image

drought

မက္ကဆီကိုစီးတီး ဇွန် ၂၄

မက္ကဆီကိုနိုင်ငံတွင် ဇွန်လ အတွင်း မိုးသည်းထန်စွာရွာသွန်းမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ရင်ဆိုင်နေ ရသည့် မိုးခေါင်မှုပြဿနာမှာ ၁၃ ရာခိုင်နှုန်းထိ ကျဆင်းလာ ကြောင်း အမျိုးသားရေထု ကော်မရှင်(NWC)က ထုတ်ပြန်ခဲ့ သည်ဟု ယနေ့သတင်းများတွင်

ဖော်ပြထားသည်။

မက္ကဆီကိုနိုင်ငံတွင် မေ ၁၅ ရက်မှစ၍ မိုးရာသီစတင်ခဲ့ခြင်းဖြစ် ပြီး ဇွန်လအတွင်း မိုးရေချိန်အမြင့် ဆုံးရွာသွန်းကာရေကြီးရေလျှံမှုပင် ဖြစ်ပေါ်ခဲ့ကြောင်း၊ ဇွန်လအတွင်း မိုးရွာသွန်းမှုမြင့်မားခဲ့ခြင်းကြောင့် မိုးခေါင်မှုဖြစ်ပေါ်နေသည့် ၆၇ ဒသမ ၈ ရာခိုင်နှုန်းထိရှိရာမှသည်

ဂျာမနီက အမေရိကန်အား ဥရောပရှိ အမေရိကန်တပ်များ ရုပ်သိမ်းရန် အချိန်ဇယား တောင်းဆို

News Image

ဂျာမနီက အမေရိကန်အား ဥရောပရှိ အမေရိကန်တပ်များ ရုပ်သိမ်းရန် အချိန်ဇယား တောင်းဆို

ဂျာမနီကာကွယ်ရေးဝန်ကြီး Boris Pistorius သည် အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth ထံမှ ဥရောပရှိ အမေရိကန်တပ်များရုပ်သိမ်းရန် “လမ်းညွှန်ချက်” ပေးရန် ထပ်ခါတလဲလဲ တောင်းဆို ခဲ့ကြောင်း Financial Times သတင်းစာက ဖော်ပြခဲ့သည်။