ပရောဂျက်ကွီပါ အင်တာနက်ဝန်ဆောင်မှုဂြိုဟ်တုကွန်ရက်အတွက် ဂြိုဟ်တု ၂၇ စင်းကို United Launch Alliance ကုမ္ပဏီက အက်တလပ်စ်- ၅ ဒုံးပျံဖြင့် လွှတ်တင်
ဝါရှင်တန် ဇွန် ၂၄
Amazon ကုမ္ပဏီ၏ ပရောဂျက်ကွီပါ အင်တာနက်ဝန်ဆောင် မူဂြိုဟ်တုကွန်ရက်အတွက် ဂြိုဟ်တု ၂၇ စင်းကို United Launch Alliance (ULA) ၏ အက်တလပ်စ်-၅ ဒုံးပျံဖြင့် ဖလော်ရီဒါပြည်နယ် ကိပ်ကာနေဗာရယ်လ် အာကာသ စခန်းမှတစ်ဆင့် ဇွန် ၂၃ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
Amazon ကုမ္ပဏီသည် မူလ က အဆိုပါဂြိုဟ်တု ၂၇ စင်းကို ဇွန် ၁၆ ရက်တွင် လွှတ်တင်ရန်စီစဉ် ခဲ့သော်လည်း အက်တလပ်စ်ဒုံးပျံယာဉ် ဒုံးအင်ဂျင်ပြဿနာတစ်ရပ်ကြောင့် ဇွန် ၂၃ ရက်မှပင် လွှတ်တင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းဂြိုဟ်တုများသည် ပရော ဂျက်ကွီပါ ဂြိုဟ်တုကွန်ရက် အတွက် United Launch Alliance ကုမ္ပဏီက လွှတ်တင်ပေးခဲ့သော ဒုတိယအသုတ်ဂြိုဟ်တု များဖြစ်ကြသည်။
ပရောဂျက်ကွီပါ ဂြိုဟ်တု ကွန်ရက်အတွက် ပထမအသုတ် ဂြိုဟ်တု ၂၇ စင်းကို ယခုနှစ် ဧပြီ၂၈ ရက်တွင်United Launch Alliance ကုမ္ပဏီက လွှတ်တင်ပေးခဲ့ပြီးဖြစ်သည်။
Amazon ကုမ္ပဏီသည် ပရောဂျက်ကွီပါ အင်တာနက်ဝန်ဆောင်မှု ဂြိုဟ်တုကွန်ရက်ကို ဂြိုဟ်တု အစင်းပေါင်း ၃၂၀၀ ဖြင့် ဖွဲ့စည်း တည်ဆောက်ရန် စီစဉ်ထားကြောင်း သိရသည်။
Amazon ၏ ပရောဂျက်ကွီပါ ဂြိုဟ်တုကွန်ရက် တည်ဆောက်ရေးမစ်ရှင်များအနက် အများစုကို United Launch Alliance ကုမ္ပဏီ က တာဝန်ယူ လွှတ်တင်ပေးမည် ဖြစ်ကြောင်း သိရသည်။
Ref: Sputnik News
Trs: KKO
YDNB Newspaper