တရုတ်နိုင်ငံသည် ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့် နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် စက်တင်ဘာလတွင် စစ်ရေးပြအခမ်းအနား ကျင်းပမည်ဖြစ်ကြောင်း ကြေညာ

News Image

တရုတ်နိုင်ငံသည် ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့် နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် စက်တင်ဘာလတွင် စစ်ရေးပြအခမ်းအနား ကျင်းပမည်ဖြစ်ကြောင်း ကြေညာ

တရုတ်နိုင်ငံသည် ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့် နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် စက်တင်ဘာလတွင် စစ်ရေးပြအခမ်းအနား ကျင်းပမည် ဖြစ်ကြောင်း ဇွန်လ ၂၄ ရက်နေ့တွင် ကြေညာခဲ့ပါသည်။ 

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် စက်တင်ဘာ ၃ ရက်တွင် ပေကျင်းမြို့ တီယန်မင်ရင်ပြင်၌ ကျင်းပမည့်အဆိုပါအခမ်းအနားသို့ တက်ရောက်မည် ဖြစ်ကြောင်း ထိပ်တန်းစစ်ဘက်အရာရှိတစ်ဦးက သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားခဲ့ပါသည်။ 

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်စီမံထိန်းချုပ်မှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ကြေညာ

News Image

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်စီမံထိန်းချုပ်မှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ကြေညာ

နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတိုက်ဖျက်ရေးအား ဘက်စုံမြှင့်တင်ရန်အတွက် ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံနှင့် နယ်စပ်ဒေသ စီမံထိန်းချုပ်မှု အစီအမံများအား မြှင့်တင်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထုန်တန်က ဇွန် ၂၃ ရက်တွင် ကြေညာခဲ့သည်။ 

ကာတာနိုင်ငံရှိ အမေရိကန်လေတပ်စခန်းကို ဒုံးကျည် ၁၄ စင်းဖြင့် အီရန်တိုက်ခိုက်

News Image

ကာတာနိုင်ငံရှိ အမေရိကန်လေတပ်စခန်းကို ဒုံးကျည် ၁၄ စင်းဖြင့် အီရန်တိုက်ခိုက်

တီဟီရန် ဇွန် ၂၄

အီရန်နျူကလီးယား အဆောက်အအုံများတိုက်ခိုက်ခံရမှုကို တုံ့ပြန်သည့်အနေဖြင့် အီရန်နိုင်ငံသည် ကာတာနိုင်ငံရှိ အမေရိကန် လေတပ်စခန်းတစ်ခုကို ဇွန် ၂၃ ရက် တွင် ဒုံးကျည် ၁၄ စင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အမေရိကန်လေတပ်က အီရန် နျူကလီးယားအဆောက်အအုံ သုံးလုံးကို ဇွန် ၂၂ ရက်က တိုက်ခိုက်ခဲ့ပြီးနောက် အီရန်နိုင်ငံက ကာတာနိုင်ငံရှိ  အယ်လ်အူဒီ အမေရိကန် လေတပ်စခန်းကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုကြောင့် အယ်လ်အူဒီ လေတပ်စခန်းနှင့် ကာတာနိုင်ငံတို့၌ မည်သူမျှအထိအခိုက်မရှိခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူ များက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ အစိုးရအဖွဲ့အား ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းကို အတည်ပြုပြီး ဖြစ်ကြောင်းနှင့် ညွန့်ပေါင်းအစိုးရသည် ခိုင်မာဆဲ ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က ပြောကြား

News Image

ထိုင်းနိုင်ငံ အစိုးရအဖွဲ့အား ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းကို အတည်ပြုပြီး ဖြစ်ကြောင်းနှင့် ညွန့်ပေါင်းအစိုးရသည် ခိုင်မာဆဲ ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က ပြောကြား

ထိုင်းအစိုးရအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခြင်းသည် အတည်ပြုပြီးဖြစ်ပြီး၊ ညွန့်ပေါင်းအစိုးရသည် ခိုင်မာနေဆဲဖြစ်ကြောင်း ဝန်ကြီးချုပ် ပေထုန်ထံ ရှင်နာဝပ်က ဇွန်လ ၂၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ 

“ပြန်လည်ဖွဲ့စည်းမှုကို အတည်ပြုပြီးဖြစ်ပါပြီ။ ပါတီခေါင်းဆောင် အားလုံးနှင့် ညှိနှိုင်းပြီးသလို လက်ရှိတွင် ဝန်ကြီးအမည်စာရင်းများကို စိစစ် ဆောင်ရွက်နေပါပြီ” ဟု ဝန်ကြီးချုပ်က သတင်းထောက်များအား ပြောကြားခဲ့ပါသည်။