သက်မဲ့ဂြိုဟ်တုတစ်စင်းအဖြစ် ငြိမ်သက်နေသော ဂြိုဟ်တုတစ်စင်းထံမှ ရဒီယိုအချက်ပြလှိုင်းထုတ်လွှတ်မှုကို ဩစတြေးလျသိပ္ပံပညာရှင်များ ထောက်လှမ်းတွေ့ရှိ

News Image

သက်မဲ့ဂြိုဟ်တုတစ်စင်းအဖြစ် ငြိမ်သက်နေသော ဂြိုဟ်တုတစ်စင်းထံမှ ရဒီယိုအချက်ပြလှိုင်းထုတ်လွှတ်မှုကို ဩစတြေးလျသိပ္ပံပညာရှင်များ ထောက်လှမ်းတွေ့ရှိ

ကင်ဘာရာ ဇွန် ၂၄ 
နှစ်ပေါင်းများစွာ သက်မဲ့ ဂြိုဟ်တုတစ်စင်းအဖြစ် ငြိမ်သက်နေသော ဂြိုဟ်တုတစ်စင်းထံမှ ရေဒီယိုအချက်ပြလှိုင်းထုတ်လွှတ်မှုကို ဩစတြေးလျ သိပ္ပံပညာရှင်များက ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ဇွန် ၂၃ ရက် သတင်းများ အရ သိရသည်။

အဆိုပါရေဒီယိုအချက်ပြလှိုင်း ထုတ်လွှတ်မှုကို ဩစတြေးလျသိပ္ပံ ပညာရှင်များက ပတ်သ်မိုင်ဒါအမည် ရှိရေဒီယိုတယ်လီစကုပ်ဖြင့်ထောက်လှမ်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အီရန်နှင့် အစ္စရေးတို့ ပဋိပက္ခရပ်စဲရန် သဘောတူညီခဲ့ဟု ထရမ့် ကြေညာ

News Image

အီရန်နှင့် အစ္စရေးတို့ ပဋိပက္ခရပ်စဲရန် သဘောတူညီခဲ့ဟု ထရမ့် ကြေညာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာ (ဇွန် ၂၃) ညပိုင်းတွင် အီရန်နှင့် အစ္စရေးတို့သည် အပြန်အလှန်တိုက်ခိုက်မှုများရပ်စဲရန် သဘော တူညီခဲ့ကြောင်း ကြေညာခဲ့သည်။ ထိုကြေညာချက်မတိုင်မီ နာရီပိုင်း အလိုတွင် အီရန်က ကာတာရှိ အမေရိကန်စစ်စခန်းတစ်ခုကို ဒုံးကျည် များဖြင့် တိုက်ခိုက်ခဲ့သည်။ ၎င်းမှာ အမေရိကန်က အီရန်၏ နျူကလီးယား စက်ရုံများကို တိုက်ခိုက်မှုအား တုံ့ပြန်ခြင်းဖြစ်သည်။

ရုရှားသမ္မတပူတင် အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံ အမေရိကန်၏ စစ်ရေးတိုက်ခိုက်မှုကို ဝေဖန်

News Image

ရုရှားသမ္မတပူတင် အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံ အမေရိကန်၏ စစ်ရေးတိုက်ခိုက်မှုကို ဝေဖန်

မော်စကို ဇွန် ၂၄

အီရန် နျူကလီးယားအဆောက်အအုံများအား အမေရိကန်နိုင်ငံက တိုက်ခိုက်ခဲ့မှုသည် ကမ္ဘာကြီးအား အန္တရာယ်များသည့် အခြေအနေ တစ်ခုအတွင်းသို့ တွန်းပို့နေ ကြောင်း ရုရှားသမ္မတပူတင်က ဇွန် ၂၃ ရက်တွင် ဝေဖန်လိုက်သည်။ မော်စကိုမြို့သို့ ရောက်ရှိနေသည့် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘက်စ်အာရက်ချီနှင့် ကရင်မလင် နန်းတော်၌ တွေ့ဆုံဆွေးနွေးစဉ် ရုရှားသမ္မတပူတင်က အီရန် နျူကလီးယားအဆောက်အအုံများ တိုက်ခိုက်ခံရမှုအတွက် အဆိုပါအတိုင်း ဝေဖန်သုံးသပ်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့ကြား နယ်စပ်ဝင်ပေါက်များကို ထိုင်းဘုရင့်ကြည်းတပ် လူဝင်လူထွက်ပိတ်ပင်

News Image

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့ကြား နယ်စပ်ဝင်ပေါက်များကို ထိုင်းဘုရင့်ကြည်းတပ် လူဝင်လူထွက်ပိတ်ပင်

ဗန်ကောက် ဇွန် ၂၄ 
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ တို့ကြား နယ်စပ်ဝင်ပေါက်များကို ထိုင်းဘုရင့်ကြည်းတပ်က ဇွန် ၂၃ ရက်တွင် လူဝင်လူထွက် စတင် ပိတ်ပင်ထားကြောင်း သိရသည်။ 

အဆိုပါ နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် ကျောင်းသားများနှင့် ဆေးဝါးကုသမှုခံယူမည့်သူများမှလွဲ၍ မော်တော်ယာဉ်နှင့် ခြေလျင်ခရီးသည်များ ဝင်ရောက်မှုကို ထိုင်းဘုရင့်ကြည်းတပ်က ပိတ်ပင်ထားခြင်းဖြစ်သည်။