Space-X ကုမ္ပဏီက Transporter-14 မစ်ရှင်ဖြင့်​ ​ဂြိုဟ်တုအစင်း ၇၀ ကို လွှတ်တင်ခဲ့

News Image

  • spaceX

ဝါရှင်တန် ဇွန် ၂၄

အမေရိကန်နိုင်ငံ အခြေစိုက် Space- X ကုမ္ပဏီသည် Transporter-14 မစ်ရှင်ဖြင့် ဂြိုဟ်တု အမျိုးမျိုး အစင်း ၇ဝ ကို ဇွန် ၂၃ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။

အထက်ပါဂြိုဟ်တုများ သယ်ဆောင်ထားသော ဖယ်လ်ကွန် ဒုံးပျံကို ကယ်လီဖိုးနီးယားပြည်နယ် ဗင်ဒန်ဘာ့ဂ် အာကာသစခန်း မှတစ်ဆင့် လွှတ်တင်ခဲ့သည်။ Transporter-14 မစ်ရှင်လွှတ်တင်ပြီး ၈ ဒသမ၅ မိနစ်အကြာတွင် ဖယ်လ်ကွန် ၉ ဒုံးပျံ၏ ပထမအဆင့် ပင်မဒုံးယာဉ်သည် ပစိဖိတ်သမုဒ္ဒရာအတွင်း စောင့်ဆိုင်းနေသည့် မောင်းသူမဲ့ တွဲရေယာဉ်ပေါ်သို့ အောင်မြင်စွာပြန်လည် ဆင်းသက်နိုင်ခဲ့သည်။

လွှတ်တင်ပြီး ၅၄ မိနစ်ခန့်အကြာတွင် ဖယ်လ်ကွန် ၉ ၏ ထိပ်ဖူးအဆင့်ဒုံးယာဉ်သည် သယ်ဆောင်ထားသော ဂြိုဟ်တုအစင်း ၇၀ ကို နှစ်နာရီကြာအချိန်ယူ၍ သက်ဆိုင်ရာပတ်လမ်းများပေါ်သို့ ပို့ဆောင်ပေးနိုင်ခဲ့ပြီး Transporter 14 မစ်ရှင်ဖြင့် လွှတ်တင်ခဲ့သော ဂြိုဟ်တုများထဲတွင် အငယ်စားဂြိုဟ်တုများ ကျူဆက်ဂြိုဟ်တုငယ်များ ကမ္ဘာ့လေထုလွှာအတွင်း ပြန်လည်ဝင်ရောက်မည့် စမ်းသပ်ဂြိုဟ်တုငယ်များပါဝင်ပြီး ကွယ်လွန်သူများ၏ အရိုးပြာများနှင့် လူသားတို့၏ မျိုးဗီဇအခြေခံမော်လီကျုး(ဒီအင်န်အေ)များ ထည့်သွင်းထားသည့် ဂြိုဟ်တု တစ်စင်းလည်း ပါဝင်သည်။

Ref: Russia Today

Trs: KKD

Photo - Space

YDNB Newspaper