အမေရိကန်ဗိုလ်ချုပ်ကြီးက အီရန်ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရန် ၁၀ နှစ်ကြာ အစီအစဉ်ရေးဆွဲခဲ့ကြောင်း ပြောကြား

News Image

အမေရိကန်ဗိုလ်ချုပ်ကြီးက အီရန်ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရန် ၁၀ နှစ်ကြာ အစီအစဉ်ရေးဆွဲခဲ့ကြောင်း ပြောကြား

ဗိုလ်ချုပ်ကြီး ရောဘတ် စပါလ်ဒင်း က အမေရိကန် လေတပ်သည် အီရန်ကို ဗုံးကြဲတိုက်ခိုက်ရန် အစီအစဉ်ကို ၁၀ နှစ်ကျော်ကတည်းကရေးဆွဲခဲ့ပြီး ထရမ့်အစိုးရလက်ထက်တွင် "အကောင်းဆုံး" အကောင်အထည် ဖော်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံက ဝန်ကြီးချုပ် Paetongtarn နှင့် ကမ္ဘောဒီးယား ဆီးနိတ် လွှတ်တော် ဥက္ကဋ္ဌ Hun Sen တို့ ဖုန်းစကားပြောဆိုမှုကို စုံစမ်းစစ်ဆေးလျက်ရှိ

News Image

ထိုင်းနိုင်ငံက ဝန်ကြီးချုပ် Paetongtarn နှင့် ကမ္ဘောဒီးယား ဆီးနိတ် လွှတ်တော် ဥက္ကဋ္ဌ Hun Sen တို့ ဖုန်းစကားပြောဆိုမှုကို စုံစမ်းစစ်ဆေးလျက်ရှိ

ထိုင်းနိုင်ငံ၏ အမျိုးသားအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (NACC) သည် ဝန်ကြီးချုပ် Paetongtarn Shinawatra နှင့် ကမ္ဘောဒီးယား ဆီးနိတ်လွှတ်တော်ဥက္ကဋ္ဌ Hun Sen တို့ကြား ဖုန်းစကားပြောဆိုမှုကို စုံစမ်းစစ်ဆေးရန် စတင်လိုက်ပြီဖြစ်သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် စစ်ဝတ်စုံဖြင့် ထိုင်းနယ်စပ်သို့ သွားရောက် လည်ပတ်

News Image

ကမ္ဘောဒီးယားဝန်ကြီးချုပ် စစ်ဝတ်စုံဖြင့် ထိုင်းနယ်စပ်သို့ သွားရောက် လည်ပတ်

ဟွန်မာနက်သည် စစ်ဝတ်စုံဝတ်ပြီး နယ်စပ်တပ်စခန်းများသို့ သွားရောက်လည်ပတ်စဉ် ထိုင်းနိုင်ငံက နယ်စပ်ဂိတ်များ ပိတ်ရန် အမိန့်ထုတ်ပြန်လိုက်ပြီး နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်လာနေသည့် အချိန် ဖြစ်သည်။

ဇွန်လ ၂၃ ရက် နေ့လယ်ပိုင်းတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် သည် ထိုင်းနိုင်ငံနှင့် အငြင်းပွားဖွယ် နယ်မြေအနီး ပြာ့ဗီဟီယား (Preah Vihear) စီရင်စုရှိ ထိုင်းနယ်စပ်တစ်လျှောက် တပ်များသို့ သွားရောက် လည်ပတ်ခဲ့သည်။ ဝန်ကြီးချုပ်မဖြစ်မီက ၎င်းသည် ကမ္ဘောဒီးယား တပ်မတော်၏ ဗိုလ်ချုပ်တစ်ဦးဖြစ်ခဲ့သည်။

အီရန်ကို တိုက်ခိုက်မှုအတွက် မည်သည့်အကြောင်းပြချက်မျှမရှိဟု ပူတင် ပြော

News Image

အီရန်ကို တိုက်ခိုက်မှုအတွက် မည်သည့်အကြောင်းပြချက်မျှမရှိဟု ပူတင် ပြော

အစ္စရေးနှင့် အမေရိကန်တို့၏ အီရန်ဆန့်ကျင်ရေး ရန်စမှုများသည် အကြောင်းတရားမရှိဘဲ မှားယွင်းသော အပြုအမူများဖြစ်ကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီ အား ပြောကြားခဲ့သည်။

တနင်္လာနေ့ (ဇွန် ၂၃) တွင် မော်စကိုသို့ရောက်ရှိလာပြီး ရုရှားသမ္မတနှင့် တွေ့ဆုံခဲ့သော အီရန်နိုင်ငံခြားရေးဝန်ကြီးက ၎င်း၏ခရီးစဉ်သည် အမေရိကန်၏ အီရန်နျူကလီးယားစက်ရုံများကို တိုက်ခိုက်မှုအပြီး ရုရှား နှင့် “ပိုမိုနီးကပ်၊ ပိုမိုတိကျပြီး ပိုမိုလေးနက်သော တိုင်ပင်ဆွေးနွေးမှုများ” ပြုလုပ်ရန် လိုအပ်ကြောင်း ယခင်က ဖော်ပြခဲ့သည်။