ဟိမဝန္တာတောင်တန်းတွင် ရဟတ်ယာဉ်ပျက်ကျ လူ ၇ ဦးသေဆုံး

News Image

ဟိမဝန္တာတောင်တန်းတွင် ရဟတ်ယာဉ်ပျက်ကျ လူ ၇ ဦးသေဆုံး

အိန္ဒိယနိုင်ငံ မြောက်ပိုင်းရှိ ဟိမဝန္တာတောင်တန်းတွင် ရဟတ်ယာဉ် တစ်စီး ပျက်ကျခဲ့ကြောင်း ANI သတင်းဌာနက ဖော်ပြသည်။

ရရှိသောအချက်အလက်များအရ လေယာဉ်မှူးအပါအဝင် လူ ၇ ဦး ယာဉ်ပေါ် တွင် ရှိခဲ့ပြီး ပျက်ကျမှုတွင် လိုက်ပါသူအားလုံး သေဆုံးသွားကြောင်း NDTV ရုပ်မြင်သံကြားက ပြောကြားထားပါသည်။

အဆိုပါရဟတ်ယာဉ်သည် တောင်တန်းဒေသများကို ဖြတ်သန်း ပျံသန်းနေစဉ် ပျက်ကျခဲ့ခြင်းဖြစ်ပြီး၊ မိုးလေဝသ ဆိုးရွားသော အခြေအနေများကြောင့် ပျက်ကျခဲ့ခြင်းဖြစ်နိုင်ကြောင်း သတင်းများတွင် ဖော်ပြထားပါသည်။

အီရန် - အစ္စရေးကိစ္စ ပူတင် - ထရမ့် ဆွေးနွေးမည်

News Image

အီရန် - အစ္စရေးကိစ္စ ပူတင် - ထရမ့် ဆွေးနွေးမည်

စနေနေ့ (ဇွန် ၁၄) က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တယ်လီဖုန်းဖြင့် စကားပြောဆိုကြရာတွင် အီရန်နိုင်ငံနှင့်ပတ်သက်သည့် အခြေအနေကို အသေးစိတ်ဆွေးနွေးခဲ့ပြီး ယူကရိန်းအရေးကိစ္စအတွက် အချိန် အနည်းငယ် သာ ပေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံ ၃၆ နိုင်ငံကို အမေရိကန်ဝင်ရောက်ခွင့် တားမြစ်ကန့်သတ်လာနိုင်

News Image

နိုင်ငံ ၃၆ နိုင်ငံကို အမေရိကန်ဝင်ရောက်ခွင့်တားမြစ် ကန့်သတ်လာနိုင်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရသည် နိုင်ငံပေါင်း ၃၆ နိုင်ငံမှ နိုင်ငံသားများအား အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်ခွင့် တားမြစ်ခြင်း သို့မဟုတ် ကန့်သတ်ခြင်းများ ပြုလုပ်နိုင်သည်ဟု The Washington Post သတင်းစာက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လျှို့ဝှက်စာရွက် စာတမ်းများကို ကိုးကား၍ ဖော်ပြထားပါသည်။